တစ်ခါတုန်းက တောင်သူတစ်ဦးရှိပါတယ်။
အဲဒီတောင်သူကြီးဟာ ကွယ်လွန်သွားတော့
ကောင်ကင်ဘုံကို ရောက်လာပါတယ်။
ပထမဆုံး သူတွေ့ရတာကတော့
စာအုပ်တင်စင်အရှည်ကြီးတစ်ခုကို တွေ့လိုက်ရတယ်။
အဲဒီစင်ပေါ်မှာ ထူးဆန်းတဲ့ပစ္စည်းတစ်ခုကိုလည်း တွေ့ပါတယ်။
တောင်သူကြီးက သိချင်တာနဲ့မေးပါတယ်။
" အဲဒါ ဘာလဲဟင်... "
" အဲဒါက နားရွက်တွေပါ။
အဲဒီနားရွက်တွေက လူတွေရဲ့နားတွေပါ။
အဲဒီနားရွက်ပိုင်ရှင်ဖြစ်တဲ့လူတွေဟာ လူလောကမှာတုန်းက ကောင်းတဲ့လူဖြစ်ဖို့
ဘာတွေလုပ်သင့်တယ်ဆိုတာကို ကြားတော့ ကြားခဲ့ပါတယ်။
ဒါပေမယ့် ဂရုစိုက်နားမထောင်မိခဲ့ပါဘူး။
ပြီးတော့ သိတဲ့အတိုင်း မလုပ်ခဲ့ကြဘူး။
ဒါကြောင့် အဲဒီလူတွေ သေတဲ့အခါ
သူ့တို့နားရွက်တွေကသာ ကောင်ကင်ဘုံရောက်လာပါတယ်။
ဒါပေမယ့် သူတို့တွေရဲ့ ကိုယ်ခန္ဓာကတော့ ကောင်ကင်ဘုံရောက်မလာပါဘူး။
ဒါနဲ့ပဲ လျှောက်ကြည့်ရင်းနဲ့ တောင်သူကြီးက
ထူးဆန်းတဲ့ပစ္စည်းတစ်မျိုးကို အခြားစင်တစ်ခုပေါ်မှာ ထပ်တွေ့ရပြန်ပါတယ်။
" အဲဒါကကော ဘာလဲ..."
" အဲဒါတွေက လျှာတွေပါ။
အဲဒီလျှာတွေက လူတွေပိုင်ခဲ့ပါတယ်။
သူတို့တွေက လူ့လောကမှာနေတုန်းက
ကောင်းတာ ဘယ်လိုလုပ်ရမယ်။
ကောင်းအောင်ဘယ်လိုနေရမယ်ဆိုတာကို ပြောပြကြတဲ့လူတွေရဲ့လျှာတွေဖြစ်ပါတယ်။
အဲဒီလူတွေက ပြောသာပြောတယ်။
သူတို့ကိုယ်တိုင်ကတော့ မကျင့်ကြံ မလိုက်နာကြဘူး။
ဒါကြောင့် အဲဒီလူတွေသေတဲ့အခါ သူတို့ရဲ့လျှာကသာ ကောင်ကင်ဘုံရောက်လာပြီး သူတို့ရဲ့ကိုယ်ခန္ဓာကတော့ ကောင်ကင်ဘုံ
ရောက်မလာကြပါဘူး "
လို့ ရှင်းပြလိုက်ပါတယ်။
ကျနော် ငယ်ငယ်တုန်းက ကျနော်တို့နေတဲ့ လမ်းမှာ အရက်ဆိုင်တစ်ဆိုင်ရှိတယ်။
အဲဒီဆိုင်မှာ အမြဲတမ်း အရက်လာသောက်တတ်တဲ့အရက်သမားတစ်ဦးရှိတယ်။
သူဟာ အမြဲတမ်းလိုလို အရက်မူးနေတတ်တယ်။
ကျနော်တို့လူငယ်လေးတွေကိုတွေ့တဲ့အခါ
သူပြောတတ်တဲ့စကားကတော့
" မင်းတို့လေးတွေ အရက်မသောက်ကြနဲ့၊
အရက်ဆိုတာ မကောင်းဘူး၊
မမူးရင်လည်း မူးအောင်သောက်ချင်တယ်။
သောက်လို့မူးပြန်ရင်လည်း ဘာမှမသိတော့ဘူး။
ဘာကောင်းတာရှိလဲ။
မကောင်းဘူး။
ကဲ...ငါပြောသလိုလုပ်၊
ငါလုပ်သလို မလုပ်နဲ့။ "တဲ့။
မကြာခင်မှာပင် သူသေဆုံးသွားတယ်။
သူဘယ်ရောက်သွားသလဲဆိုတာတော့ မသိပါ။

ကောင်းအောင်ဘယ်

No comments:
Post a Comment