စွန်းလွန်းဆရာတော်ဘုရားကြီးဟာ
ပတ်ဝန်ကျင်မှာ မြင်မြင်သမျှ၊
ကြားကြားသမျှ ကို တရားဟုသဘောထားသောကြောင့်
တရားရခဲ့ပါတယ်။
ဆရာတော်ဘုရားကြီးဟောတဲ့တရားကား…
“ ဘုန်းကြီးဟာ လူဝတ်တုန်းက တောင်သူလုပ်ကိုင်
စားသောက်ခဲ့တာ ဖြစ်တော့
နွားကျောင်းရတာပေါ့။
နွားတွေဟာသူ့နွား၊ကိုယ့်နွားများစွာ
စုရုံးမိတော့၊ အဲဒီအထဲမှာ နွားသိုးတွေလည်း
ပါလာတာပေါ့၊
နွားသိုးတွေက တစ်ကောင်နဲ့တစ်ကောင်၊
တွန်းကြ၊ စောင်ကြ၊ နဲ့ တော်တော်ကြာကျတော့
ဝှေ့ကြတော့တာပေါ့။
ဝှေ့ကြလို့တော်တော်ကြာတော့ အားသာတဲ့နွားက
နိုင်ပြီး အားနည်းတဲ့ နွားဟာ ပြေးလေရော။
အဲဒီတော့ နွားနှစ်ကောင်ဟာ ဂျိုရင်းမှာ
သွေးစက်လက်နဲ့ခေါင်းကလေးတစ်ခါခါနဲ့နေကြတယ်။
“ ဒီတော့မှ အင်း…သူတို့နှစ်ကောင်ဟာ
ဒေါသချင်း ပြိုင်ကြတဲ့အကောင်တွေပဲ ”
ဒေါသဆိုတဲ့ တရားဟာ အခိုက်အတန့်ကာလ
ခဏကလေးသာ ဖြစ်တဲ့အာဂန္တုကဓာတ်ပဲ။
အစွမ်းကောင်းတဲ့ဝရမ်းပြေးနဲ့တူတယ်။
ဘယ်လိုပဲ ဝှေ့ကြပေမယ့်
ဒေါသကို ဘယ်သောအခါမှ မထိဘူး။
ဒေါသတည်းဟူသော ဝရမ်းပြေးကို လက်ခံတဲ့ခန္ဓာအိမ်ကသာ
ခေါင်းကလေးတစ်ခါခါနဲ့ကျန်ရစ်ခဲ့ပါကလားလို့
စဉ်းစားဆင်ခြင်ပြီး၊
နင် ဟိုအကောင်တွေလို ဒေါသတည်းဆိုတဲ့
ဝရမ်းပြေးကို လက်မခံပါနဲ့။
လက်ခံခဲ့ပါရင် ဟိုအကောင်တွေလို ဆင်းရဲဒုက္ခရောက်ရမယ်
အမှန်လို့ ဉာဏ်မျက်စိနဲ့မြင်အောင်ကြည့်ပါလေ
တပည့်ယောဂီတို့….”
ဆိုပြီးဆိုဆုံးမလေ့ရှိပါတယ်။
No comments:
Post a Comment