အလွန်ကပ်စေးနှဲတဲ့ ဦးကပ်စေး တစ်ယောက်ဟာ
ခြေမျက်စိနာတဲ့ဝေဒနာကို
မကြာခဏ ခံစားနေရတယ်။
ဒါပေမယ့် ပိုက်ဆံကုန်မှာ စိုးတဲ့အတွက် ဆရာဝန်ဆီ သွားမပြဖြစ်ခဲ့ပါ။
တစ်နေ့မှာတော့ သူရဲ့မိတ်ဆွေဖြစ်သူ
ကိုရွှေအေး တစ်ယောက်လည်း အလားတူ ဝေဒနာ
ခံစားနေရကြောင်းကြားရတဲ့အတွက် မိတ်ဆွေကို
ဒီလို အကြံပေးလိုက်ပါတယ်။
“ ကိုရွှေအေး၊
ခင်ဗျား ဆရာဝန်ဆီ ချက်ချင်း သွားပြပါ။
ပြီးရင် ကျုပ်ကို အကုန်ပြန်ပြောစမ်းပါ ”
လို့ ပြောလိုက်ပါတယ်။
နောက်တစ်နေ့မှာ သူရဲ့မိတ်ဆွေ ကိုရွှေအေး
ကွယ်လွန်သွားကြောင်းသတင်းကြားရတယ်။
ဒါနဲ့ပဲ သူဟာ ဆေးရုံကို ပြေးပြီး
ဆီး၊သွေး၊ ဝမ်း စတဲ့ လိုအပ်တာမှန်သမျှ
အားလုံး ဆေးစစ်မှုများကိုလုပ်လိုက်ရာ
ငွေစုစုပေါင်း တစ်သိန်းငါးသောင်းကျော်ကုန်ကျသွားပါတော့တယ်။
ရလဒ်များ ရလာတဲ့အခါမှာတော့
အားလုံးကောင်းကြောင်း အဖြေထွက်လာတယ်။
ဇဝေဇဝါဖြစ်သွားတဲ့အတွက်
သေဆုံးသူရဲ့ဇနီးမုဆိုးမကို ဖုန်းဆက်ပြီးမေးကြည့်ပါတယ်။
“ ကိုရွှေအေး မသေခင်က နာကျင်တဲ့ဝေဒနာကို
အကြာကြီးခံစားသွားရသလားဗျ ဟင် ”
ကိုရွှေအေးရဲ့ဇနီးက
“ ဟင့်အင်း၊
သူ့ကို တိုက်တဲ့ ထရပ်ကားကိုတောင်
သူ သတိမထားမိပါဘူးရှင် ”
No comments:
Post a Comment