မကြာသေးမီက
ကောလိပ်ကျောင်းတက်နေတဲ့ကျောင်းသားတစ်ဦးဟာ
စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်အတွင်း
အိမ်ကို ဆိုင်းမဆင့်၊ဗုံမဆင့်ရောက်လာခဲ့ပါတယ်။
မမျှော်လင့်ဘဲ ရောက်လာခဲ့တဲ့အတွက် ဘာများအကြောင်းထူးသလဲလို့
မိဘများက စိတ်ထဲမှာ အမျိုးမျိုးဖြစ်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် မိဘတွေကတော့ ရောက်လာတဲ့သားကို
အေးအေးသာသာ ကြိုဆိုခဲ့ပြီး ရောက်လာတဲ့အတွက် ပျော်ကြပါတယ်။
သားဟာအိမ်ကကောလိပ်ကို ပြန်သွားပြီး
တစ်ရက်၊နှစ်ရက်အကြာမှာတော့
သားဆီက စာတစ်စောင်ရရှိပါတယ်။
သားရဲ့စာထဲမှာ…
“ သားပြန်လာတဲ့အတွက် ဖေဖေ၊မေမေတို့အံ့သြနေမယ်ဆိုတာ သားသိပါတယ်။
ဒါပေမယ့် သားအိမ်ကို ပြန်ကိုပြန်ရမယ်လို့ခံစားမိလို့သားပြန်ခဲ့တာပါ။
သားကျောင်းမှာနေရတာ စိတ်အခန့်မသင့်တာ၊
စိတ်အနှောင့်အယှက်ဖြစ်တာတွေ တော်တော်တွေ့ရပါတယ်။
သားရဲ့ခံစားယုံကြည်မှုတွေကို အကြောင်းတစ်ခုကြောင့် ဂယက်ထစေခဲ့ပါတယ်။
ဒါကြောင့် အိမ်ပြန်လာပြီး၊ အိမ်ပတ်ဝန်ကျင်မှာ နေခြင်းဖြင့်အားလုံးအေးငြိမ်းပြီး
အနယ်ထိုင်မယ်ဆိုတာ သားသိခဲ့ပါတယ်။
ဒါကြောင့် အိမ်ကို ပြန်လာတာပါ။
ပြန်လာတော့ သားထင်တဲ့အတိုင်း အားလုံးအဆင်ပြေခဲ့ပါတယ် ”
လို့ စာထဲမှာရေးသားဖော်ပြခဲ့ပါတယ်။
No comments:
Post a Comment