ကျနော်တို့နေတဲ့ရပ်ကွက်ဟာ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်ဖြစ်တယ်။
ကျနော်နေထိုင်တဲ့ အိမ်ကလည်း ရပ်ကွက်အရက်ဆိုင်နဲ့
သုံးအိမ်သာခြားပါတယ်။
ဒီတော့ ရန်ပွဲကို နေ့တိုင်းနီးပါးတွေ့ကြုံနေရပါတယ်။
သွေးသံရဲရဲကတော့ ဗီဒီယို ကြည့်စရာမလို။
ယောက်ျားချင်းဖြစ်တဲ့ရန်ပွဲကတော့ မြင်ပါများတဲ့အတွက် ရိုးနေပါပြီ။
တစ်ရံတစ်ခါမှာတော့
ရန်ပွဲတွေထဲမှာ မိန်းမအချင်းချင်းဖြစ်တဲ့ရန်ပွဲကို တွေ့ကြုံရပါတယ်။
အဲဒီအထဲက စိတ်ဝင်စားဖွယ်ရန်ပွဲတစ်ခုကို ပြောပြချင်ပါတယ်။
အိမ်နီးချင်း အိမ်ရှင်မ နှစ်ယောက် စကားများပြီးရန်ဖြစ်နေကြပါတယ်။
“ ဟဲ့…မမဲတူ၊
ငါ့ ငါးပိအိုးကို နင် ခွဲပစ်လိုက်ပြီထင်တယ်။
ဒါကြောင့် ခုထိပြန်မပေးတာ မဟုတ်ဘူးလား၊
နင် မရှက်ဘူးလား ”
“ နင် ဒီလို မပြောနဲ့ မကြိုင်၊
တစ်အချက်က… နင့်ဆီက ငါးပိအိုးကို ငါ မယူဘူး၊
နှစ်အချက်က… နင့်ငါးပိအိုးဟာ အစကတည်းက ကွဲနေပြီးသား၊
သုံးအချက်က… ငါပြန်ပေးပြီးတာ ကြာလှပြီ ”
No comments:
Post a Comment