ပါလက်စတိုင်း မှာ ပင်လယ်နှစ်ခုရှိပါတယ်။
အဲဒီပင်လယ်နှစ်ခုဟာ အလွန်ခြားနားပါတယ်။
တစ်ခုကို ဂလီလီးပင်လယ်လို့ ခေါ်ပါတယ်။
အဲဒီပင်လယ်မှာ ကြီးမားတဲ့ ရေကန်ကြီးဖြစ်ပြီး
သောက်သုံးနိုင်တဲ့ ရေကောင်းရေသန့်ဖြင့် ပြည့်နေပါတယ်။
ငါးတွေ၊ လူတွေ အဲဒီပင်လယ်ထဲ ကူးနိုင်ပါတယ်။
စိမ်းလန်းတဲ့ လယ်ကွင်းများ၊ ဥယျာဉ်များဖြင့် ဝန်းရံထားပါတယ်။
အဲဒီပင်လယ်နားမှာ လူအများက နေအိမ်များ ဆောက်လုပ်ထားပါတယ်။
ရေပေါများတဲ့ နောက်ပင်လယ်တစ်ခုကို ပင်လယ်သေလို့ခေါ်ပါတယ်။
အဲဒီပင်လယ်မှာ နာမည်နဲ့လိုက်အောင်တကယ်သေနေပါတယ်။
အဲဒီပင်လယ်နဲ့ ပတ်သက်သမျှ အားလုံးသေနေပါတယ်။
ရေမှာ ငံလွန်းသဖြင့် သောက်ကြည့်လျှင် ကျန်းမာရေးကို ထိခိုက်ပါတော့တယ်။
ငါးတွေလည်း မနေနိုင်ပါ။
ကမ်းခြေတစ်လျှောက်မှာ ဘာမှ ဖြစ်ထွန်းခြင်း၊ပေါက်ရောက်ခြင်း မရှိပါ။
သူ့မှာ မနှစ်မျို့စရာ အနံ့အသက်ရှိသဖြင့် နီးနီးနားနားတွင် ဘယ်သူမှ မနေချင်ကြပါ။
အဲဒီပင်လယ်နှစ်ခုနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့
အဲဒီပင်လယ်နှစ်ခုစလုံးထဲကို မြစ်တစ်မြစ်ထဲမှ စီးဝင်လာခြင်းပင်ဖြစ်ပါတယ်။
အဲဒီလိုဖြစ်ရင် ဘာကြောင့် ခြားနားကွဲပြားနေရပါသလဲ….။
ခြားနားစေတဲ့ အချက်တစ်ချက်သာရှိပါတယ်။
တစ်ခုမှာ လက်ခံပြီး ပြန်လည် စွန့်လွှတ်ပါတယ်။
နောက်တစ်ခုကတော့ လက်ခံပြီး သိမ်းထားပါတယ်။
ဂျော်ဒန်မြစ်ဟာ ဂလီလီးပင်လယ် ထိပ်ပိုင်းသို့ စီးဝင်ပြီး
အောက်ပိုင်းမှ ပြန်ထွက်သွားပါတယ်။
ဂလီလီးရေကန်ကြီးဟာ ဝင်လာတဲ့ ရေကို သုံးပြီး
အခြားသူများ သုံးနိုင်အောင် ဆက်လက်စွန့်လွှတ်စီးဆင်းပါတယ်။
ဂျော်ဒန်ဟာ ပင်လယ်သေထဲကို ဆက်လက်စီးဆင်းပြီး ဘယ်ကိုမှ ပြန်မသွားတော့ပါ။
ပင်လယ်သေဟာ တစ်ကိုယ်ကောင်းဆန်ဆန်၊
စီးဝင်လာတဲ့ ရေတွေကို သူ့အတွက်သာ သိမ်းထားပါတယ်။
အဲဒါကြောင့် သူ့မှာသေနေပါတယ်။
သူဟာ ယူသာယူပြီး စွန့်လွှတ်ခြင်း ဘယ်တော့မှ မရှိပါ။
No comments:
Post a Comment