ဆောက်လုပ်ရေးလုပ်ငန်းများကို လိုက်လံပြီး ကြီးကြပ်ရသော
ဝါရင့်ကြီးကြပ်ရေးမှူးဖြစ်တဲ့ ဦးအေးရွှေဆိုသူတစ်ဦးရှိပါတယ်။
အသက်ကြီးပြီး အလုပ်ရဲ့ဖိစီးမှုကို မခံနိုင်အောင်ဖြစ်လာတဲ့အတွက်
သူဋ္ဌေးထံမှ အလုပ်မှ အနားယူချင်ကြောင်းတင်ပြပါတယ်။
သူဋ္ဌေးကလည်း နောက်ဆုံးတိုက်တစ်လုံးတော့ဆောက်ပေးဖို့မေတ္တာရပ်ခံပါတယ်။
ဦးအေးရွှေဟာ အဆောက်အဦးတွေကို လိုက်လံကြီးကြပ်ပေးရတဲ့
အလုပ်ကို တော်တော်စိတ်ပျက်နေပါတယ်။
သူဋ္ဌေးကိုလည်း မလွန်ဆံရဲတာကြောင့် စိတ်ညစ်သွားတယ်။
နောက်ဆုံးလုပ်ရတဲ့ လုပ်ငန်းကို ပိုင်ရှင်စိတ်ပျက်အောင်လုပ်မယ်ဆိုတဲ့
စိတ်ပုတ်စိတ်ညစ်ဖြင့်စီစဉ်ခဲ့ပါတယ်။
ဆွေးနေတဲ့ သစ်များကိုသုံးခဲ့တယ်။
အပေါစားဆေးတွေ သုံးခဲ့တယ်။
မှားယွင်းတဲ့ ဘိလပ်မြေရောစပ်မှုကိုစီစဉ်ခဲ့တယ်။
သံချေးတက်နေတဲ့ သံချောင်းများ၊ ရေပိုက်များကို တမင်အသုံးပြုခဲ့တယ်။
အရည်အသွေးမမီတဲ့ သစ်သားများကို တမင်ရွေးချယ်အသုံးပြုခဲ့တယ်။
ဒီလိုလုပ်ခဲ့တာကတော့ အဆောက်အဦးတာရှည်မခံဘဲ
လေး၊ငါးနှစ်အတွင်း တစ်စစီ ပြိုကျပျက်စီးစေရန် တမင်စီစဉ်ခဲ့ခြင်းဖြစ်တယ်။
အဲဒီအဆောက်အဦးလုပ်ငန်းပြီးစီးခဲ့ရင် လုပ်ငန်းမှ လုံးဝအနားယူမယ်လို့စိတ်ဆုံးဖြတ်ခဲ့တယ်။
အဆောက်အဦးပြီးစီးပြီးနောက်မှာတော့ သူအမှုထမ်းခဲ့တဲ့ ကုမ္ပဏီက
သူ့အတွက် နှုတ်ဆက်ပွဲလေးတစ်ခုစီစဉ်ပေးပါတယ်။
ကုမ္ပဏီပိုင်ရှင် သူဋ္ဌေးက
“ ဦင်္းအေးရွှေဟာ ကျနော်ကုမ္ပဏီအတွက် တန်းဖိုးမဖြတ်နိုင်အောင်
အလုပ်အပေါ်အလွန်စေတနာထားသူဖြစ်ပါတယ်။
ဒါတွေဟာ သူ့ရဲ့ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တာကို ကြည့်ရင်သိနိုင်ပါတယ်။
သူရဲ့လုပ်ဆောက်ခဲ့တာကို ကျေးဇူးဆပ်တဲ့အနေနဲ့
ကုမ္ပဏီက လက်ဆောင်အဖြစ်
အိမ်ခန်းသော့တစ်ချောင်းကို လက်ဆောင်ပေးပါတယ်။
အဲဒီအိမ်ခန်းကတော့ သူနောက်ဆုံး ကြီးကြပ်ဆောက်လုပ်ခဲ့တဲ့
အဆောက်အဦးမှ အိမ်ခန်းဖြစ်ပါတယ်။ ”
လို့ပြောပါတယ်။
ဦးအေးရွှေက လက်ခုပ်သံများကို မကြားနိုင်ခဲ့ပါ။
မျက်ရည်များဝဲလာပါတော့တယ်။
စေတနာအကျိုးပေးကို ကောင်းကောင်းနားလည်သဘောပေါက်သွားခဲ့ပါတယ်။
အခုတော့ နောက်ကျသွားပါပြီ။
No comments:
Post a Comment