Saturday, May 8, 2010

“ နှစ်ခုစလုံး…”



ဗိုလ်မှူးကြီး ဟာ မကြာခဏ တပ်များကို စစ်ဆေးလေ့ရှိပါတယ်။

တပ်များကို လိုက်လံစစ်ဆေး တဲ့ ဗိုလ်မှူးကြီး ရောက်မလာခင်

တပ်စုမှူးက တပ်သားသစ်များကို မှာကြားနေပါတယ်။

အမှားအယွင်းမဖြစ်အောင် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။


“ သေသေချာချာ မှတ်ထားကြ၊

ဗိုလ်မှူးကြီးဟာ မေးခွန်းသုံးခုကိုပဲ

အမြဲမေးလေ့ရှိပါတယ်။

တစ်က “ မင်းအသက်ဘယ်လောက်လဲ…”

နှစ်က “တပ်ထဲမှာ ဘယ်လောက်ကြာပြီလဲ”

သုံးက “ စစ်သားဘဝ နဲ့ အရပ်သားဘဝ ဘယ်ဟာကို ပိုကြိုက်သလဲ ”

ဆိုတဲ့မေးခွန်းတွေပဲ။


ဒီတော့ ပထမမေးခွန်းကို “၂၁-နှစ်”။

ဒုတိယမေးခွန်းကို “၆-လ”။

တတိယမေးခွန်းကို “နှစ်ခုစလုံး”

လို့ ဖြေကြရမယ်။

သေသေချာချာ မှတ်ထားကြနော်။

မမှားစေနဲ့”လို့ အမိန့်ပေး ညွှန်းကြားနေပါတယ်။


ဗိုလ်မှူးကြီး ရောက်လာပါတယ်။

တန်းစီနေတဲ့ စစ်သားများ ရှေ့ဖြတ်လျှောက်ရင်း တစ်ယောက်ကို မေးတယ်။

ဒီတစ်ခါတော့ ဗိုလ်မှူးကြီးက ဘာစိတ်ကူးပေါက်သွားသလဲ မသိပါ။

မေးခွန်း အစီအစဉ်ပြောင်းသွားပါတယ်။


“တပ်ထဲမှာ ဘယ်လောက်ကြာပြီလဲ ”

တပ်သားက “၂၁-နှစ်ပါ”

ဗိုလ်မှူးကြီးက

“မင်းအသက် ဘယ်လောက်လဲ”

“ခြောက်လ”

ဗိုလ်မှူးကြီးဟာ စိတ်ရှုတ်သွားတယ်။

ဒါနဲ့ပဲ တပ်သားနားကပ်ပြီး ရင်းရင်းနှီးနှီးဖြင့်ပြောလိုက်တယ်။


“မင်း ဘယ်လိုထင်တုံး၊

မင်း ခေါင်းချောင်နေသလား၊

ဒါမှမဟုတ်

ငါ့ခေါင်းပဲ ချောင်နေသလားကွ ဟေ”


တပ်သားပြန်ဖြေလိုက်တာက

“နှစ်ခုစလုံးပါ ”

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com