ကျနော်အသက်က ၁၂-နှစ်သာရှိသေးချိန်။
ကျနော်ဝါသနာက သေနတ်ပစ်အားကစား။
ဒီကာလမှာ ကျနော်ရဲ့ရည်မှန်းချက်က တစ်ခုတည်းပဲဖြစ်တယ်။
ရိုင်ဖယ်သေနတ်ပစ်သမားကောင်းတွေထွက်တဲ့နာမည်ကြီးလှတဲ့
ကျနော်တို့ကျောင်းမှာ အကောင်းဆုံးသေနတ်ပစ်သမားတစ်ဦးဖြစ်ဖို့။
ကျနော်ရဲ့အဖေထံကို စာတစ်စောင်ရေးပို့ခဲ့တယ်။
အမှတ်ပေါင်း၂၁၀ထိအမြင့်ဆုံးရနိုင်တဲ့ပွဲစဉ်မှာ
ကျနော်လေ့ကျင့်စဉ်ကအများဆုံး ၂၀၅-မှတ်အထိရခဲ့ကြောင်း၊
တကယ်ပြိုင်ပွဲမှာ ဒီအတိုင်းပစ်နိုင်ပါက ဗိုလ်စွဲမှာ သေချာကြောင်းဆိုပြီးစာရေးလိုက်ပါတယ်။
အဖေ့ထံမှ စာတစ်စောင်ပြန်ရေးလာပါတယ်။
အဖေ့စာက
“၂၀၅-မှတ်ကိုဘာလို့ထပ်ပစ်နေမှာလဲ?။
၂၁၀-မှတ်ရအောင်ပစ်ပါ။
သားအမြဲမှတ်ထား၊
ဘယ်လုပ်ငန်းပဲလုပ်လုပ် ရပြီးတဲ့အောင်မြင်မှုသရဖူနဲ့ကျေနပ်မနေနဲ့။
ပန်းတိုင်တစ်ခုရောက်ပြီးပြီဆိုရင်
နောက်ထပ်ဒီထက်မြင့်တဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခုထပ်ချရမယ်။”
အဖေ့စကားအတိုင်း အမှတ် ၂၁၀-မှတ်ရအောင်ကျနော်ကြိုးစားခဲ့တယ်။
ပြိုင်ပွဲကျင်းပတဲ့အခါ ကျနော် ၂၀၈-မှတ်ရတယ်။
ကျနော်တို့ကျောင်းအတွက် စံချိန်သစ်ဖြစ်တယ်။ ဒီစံချိန်ကို ဒီနေ့အထိ ချိုးနိုင်သူမပေါ်သေး။
အဖေ့စကားမှန်တယ်။ အဖေ့ဟာပြောတဲ့အတိုင်းလုပ်သူလည်းဖြစ်တယ်။
အဖေဟာ ၁၉၃၁-ခုနှစ်မှာ ဆာဘွဲ့ချီးမြှင့်ခြင်းခံရတယ်။
တစ်မိနစ်ကို ၄-မိုင်နှုန်းထက်ကျော်လွန်ပြီး မော်တော်ကားကို မောင်းနှင်နိုင်တဲ့
ပထမဆုံးလူသားဖြစ်တယ်။
အဖေဟာကုန်းရော၊ရေပြင်မှာပါ အမြန်ဆုံးစံချိန်ရှင်တစ်ဦးဖြစ်တယ်။
ကျနော်ဟာအဖေတူသားဖြစ်ချင်တယ်။
ဒါကြောင့်ကျနော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကို ရပ်ဆိုင်းပစ်လို့မဖြစ်ပါ။
ကြိုးစားအားထုတ်မှုတွေကို ရပ်ဆိုင်းလိုက်တာနဲ့ တပြိုင်နက်
ကျနော်တို့ရဲ့တိုးတက်ဖွံ့ဖြိုးမှုတွေရပ်ဆိုင်းသွားမှာ သေချာတယ်။
[ Ref: The Best Advice I Ever Had…..by Donald Campbell ]
No comments:
Post a Comment