တစ်ခါတုန်းကပေါ့...
ဖါးနှစ်ကောင်ဟာ
ညသန်းကောင်မှာ အစာရှာထွက်လာကြတယ်။
သူတို့အစာရှာတဲ့နေရာက
မလိုင်ချက်စက်ရုံအတွင်းမှာဖြစ်တယ်။
ကံဆိုးချင်တော့ ဖါးနှစ်ကောင်စလုံးဟာ နို့ပုံးတစ်ပုံးထဲကို ပြုတ်ကျသွားပါတယ်။
ဖါးနှစ်ကောင်စလုံးဟာ နို့ပုံးထဲမှာ ကူးခတ်နေရတာပေါ့။
တွယ်တက်ဖို့ကလည်း နို့ပုံးနံရံကချောနေတယ်။ တက်မရ။
ခြေထောက်ကလည်း ထောက်မှီလို့မရ။
ကူးရင်း ခတ်ရင်းနဲ့ခြေထောက်တွေ ညောင်းလာတယ်။
ပထမဖါးက
“ ငါတော့ ခြေရော၊လက်ရောညောင်းလာပြီ။မောလည်းမောနေပြီ။
ဘယ်လိုကူးကူး၊လွတ်ဖို့လမ်းမမြင်ဘူး။”
ဒုတိယဖါးက
“စိတ်မလျော့လိုက်ပါနဲ့သူငယ်ချင်းရာ၊ ဘာဘဲဖြစ်ဖြစ် ဆက်ပြီးကူးပါ။
လတ်တလော လွတ်လမ်းမမြင်ပေမယ့်
လွတ်မြောက်တဲ့လမ်းကမပေါ်ဘူးလို့ ဘယ်ပြောနိုင်မလဲ?
ဆက်ပြီးကြိုးစားလိုက်ပါအုန်း သူငယ်ချင်းရယ်...”
ပထမဖါးက “ဆက်ကြိုးစားလည်း ဘာထူးမှာလဲ?
ညောင်းပြီးသေရင်သေ၊ ဒါမှမဟုတ်ရင် မောပြီးသေမှာပဲ။
ငါတော့ သေမယ့်အတူတူ အညောင်းလည်းမခံချင်တော့ဘူး။
အမောလည်းမခံချင်တော့ဘူး။
မင်းဟာမင်း တစ်ခုခုကို မျော်လင့်ချင်သပဆိုလည်း မင်းသဘောပဲ။
ငါတော့ လက်လျှော့လိုက်တော့မယ် သူငယ်ချင်း...”
လို့ပြောပြီးမကြာခင်မှာပဲ နို့ထဲနစ်ပြီးသေသွားပါတော့တယ်။
ဒုတိယဖါးက ဆက်ကူးမြဲကူးနေတယ်။
စိတ်မပျက်၊ အားမလျှော့။
နံက် အာရုဏ်တက်ခါနီးမှာ နို့ဟာခဲသထက်ခဲလာတယ်။
ခြေထောက်ကထောက်မှီစရာရလာတယ်။
နံက်လင်းချိန်မှာတော့ နို့ဟာဒိန်ခဲဖြစ်နေပြီ။
အဲဒီ ဒိန်ခဲပေါ်မှာ ထိုင်လို့ ၊ဒိန်ခဲကိုစားလို့။ ပြီးတော့...
ဒိန်ခဲကိုလာစားကြတဲ့ ပိုးကောင်တွေကိုလည်း အားရပါးရစားခွင့်ရနေပြီ။
ပုံပြင်ကတော့ ဒါပါပဲ။
စိတ်ပျက်အားလျှော့တယ်ဆိုတာ အလွန်လွယ်တဲ့အလုပ်ပါ။
လွယ်တဲ့အလုပ်တွေဆိုတာ ဘယ်သူမဆိုလုပ်နိုင်ပါတယ်။
ဒါကြောင့်...
စိတ်မပျက်၊ အားမလျှော့ပါနဲ့လို့ထပ်ခါတလဲလဲ ပြောလိုက်ချင်ပါရဲ့။
ကိုယ်မမြင်ရတဲ့အကြောင်းတရားတွေက အများသားကလား။
ကြိုးစားအားထုတ်မှုဟာ အလကားဖြစ်ရိုးထုံစံမရှိပါဘူး။
ထိုက်တန်တဲ့ကြိုးစားမှုဟာ ထိုက်တန်တဲ့အကျိုးတရားရှိစမြဲပါ။
အဲဒါကို ယုံပါ။

ဒါကြောင့် ဘာဘဲဖြစ်ဖြစ်..........
ဘယ်တော့မှ လက်မလျှော့ပါနဲ့။
ဘယ်တော့မှ လက်မလျှော့ပါနဲ့။
ဘယ်တော့မှ လက်မလျှော့ပါနဲ့။
ဘယ်တော့မှ လက်မလျှော့ပါနဲ့။
No comments:
Post a Comment