တစ်ခါတုန်းကပေါ့
နာမည်ကြီးအထူးကုဆေးရုံဆေးခန်းတစ်ခုမှာ
အသက်(၅၅)နှစ်ကျော်လောက်ရှိတဲ့အန်တီကြီးတစ်ဦးရောက်လာပါတယ်။
ပြီးတော့ သားဖွားနှင့်မီးယပ်ဆရာဝန်ဆီ ဝင်လာပြီးပြောတာက
“အောင်မယ်လေး ဆရာရယ်….နာလိုက်တာ။ အန်တီကို ကယ်ပါအုန်း”
သားဖွားနှင့်မီးယပ်ဆရာဝန်က “ကျနော် ကြည့်ပေးပါမယ်။ ကုတင်ပေါ်တက်ပါ”
သားဖွားနှင့်မီးယပ်ဆရာဝန်က သေသေချာချာစစ်ဆေးစမ်းသပ်ပါတယ်။
ထုံဓံအတိုင်း အသေးစိတ် စစ်ဆေးစမ်းသပ်ပြီးနောက်မှာတော့
“အန်တီ ထလို့ရပါပြီ။ ထူးထူးထွေထွေတော့ ဘာမှ မတွေ့ဘူး”
“အောင်မယ်လေးဆရာရယ်…နာလှချည့်ရဲ့။ မခံမရပ်နိုင်လောက်အောင်ကို နာနေပါလားကွယ့်”
“ကျနော် တွေ့သလောက်တော့ အန်တီ ဘာမှမဖြစ်ပါဘူး။ ဒါနဲ့ဘယ်နားမှာနားနေတာလဲ?”
“သွားနာနေတာဆရာရဲ့။ အောင်မယ်လေး…နာလိုက်တာနော်”
“အန်တီ၊ သွားနာရင် ဘေးအခန်းက သွားဆရာဝန်ဆီသွားရမှာလေ။
ကျနော်စမ်းသပ်နေတုန်းက အန်တီက ဘာဖြစ်လို့သွားနာတဲ့အကြောင်းကို မပြောတာလဲ?”
“ဘယ်သိပါ့မလဲ၊ ဆရာလေးက ရောဂါရဲ့ဇစ်မြစ်တွေကို ရှာနေတယ်ထင်မိတာကိုး။
အောင်မယ်လေး နာလိုက်တာတော် ”
ဒါနဲ့ပဲ သားဖွားနှင့်မီးယပ်ဆရာဝန်က အန်တီကြီးကို
လက်တွဲပြီးဘေးကသွားဆရာဝန်ဆီပို့ပေးလိုက်ပါတော့တယ်။
No comments:
Post a Comment