တစ်ခါတုန်းကပေါ့.....
ဒုတိယမြောက်ဖရက်ဒရစ်ဘုရင်ဟာ
သူ့ရဲ့မိတ်ဆွေဖြစ်တဲ့ စာရေးဆရာကြီး ဗော်လ်တိုင်းယားကို
သူနဲ့အတူ လှေစီးဖို့ ဖိတ်ခေါ် လိုက်ပါတယ်။
ဘုရင်ရဲ့ ဖိတ်ကြားချက်ကို ဗော်လ်တိုင်းယားက ၀မ်းသာအားရ လက်ခံပါတယ်။
ပြီးတော့ သူတို့နှစ်ယောက်သား လှေစီးကြပါတယ်။
လှေက ကမ်းကထွက်ခါစပဲ ရှိသေးတယ်။
လှေထဲကိုရေတွေဝင်နေတာကို တွေ့ရပါတယ်။
စာရေးဆရာကြီး ဗော်လ်တိုင်းယားက ကမန်းကတမ်း ကမ်းပေါ် ခုန်တက်လိုက်ပါတယ်။
ဒီတော့ ဘုရင်ကလှောင်ပြုံး ပြုံးရင်း လှမ်းပြောလိုက်တာက
“ခင်ဗျား သေမှာအရမ်းကြောက်တာပါလား၊
ကျနော်ကို ကြည့်... လုံဝကိုမကြောက်ဘူး”
ကမ္ဘာကျော်စာရေးဆရာကြီး ဗော်လ်တိုင်းယားက
“ ဒါဟာမထူးဆန်းပါဘူး၊ ကမ္ဘာပေါ်မှာ ဘုရင်တွေက အများကြီး၊
ဗော်လ်တိုင်းယားက တစ်ယောက်ထဲရှိတာဗျ။”
ဟုလှမ်းအော် ပြောလိုက်ပါတယ်။
စာတစ်အုပ်၊ စာတစ်ပုဒ် ဖတ်ပြီးတဲ့အခါတိုင်း
တွေးစရာ၊ ဒါမှမဟုတ် ရေးမှတ်စရာ တစ်ခုခု ကျန်ခဲ့သင့်ပါတယ်။
ဘာမှ မကျန်ခဲ့ဘူးဆိုရင်တော့ အချိန်ပေးလိုက်ရတာ ရှုံးပါတယ်။ စာရေးဆရာကြီးပြောတဲ့စကားမှာ ဘာတွေးစရာတွေရှိသလဲ
“တစ်ယောက်ထဲရှိတဲ့သူ” ဖြစ်ဖို့
ကိုယ်ပိုင် အရည်အချင်း အများကြီးရှိအောင်
ကြိုးစားဖို့ လိုတယ်လို့တွေးမိပါတယ်။
ဗော်လ်တိုင်းယားကို လေးစားအားကျမိပါတယ်။
လူကြီးမင်းကရော အများထဲက တစ်ယောက် ဖြစ်ချင်တာလား?
ဒါမှမဟုတ်...တစ်ယောက်ဆို တစ်ယောက် ဖြစ်ချင်တာလား?
လူကြီးမင်းရဲ့သဘောအတိုင်းပါပဲ။
1 comment:
အင်းးးးးးးတွေးစရာလေးပေးလိုက်တယ်နော်။
အများထဲက တစ်ယောက်ဖြစ်ချင်နေတာလားးးးးးးးးးးး
တစ်ယောက်ဆို တစ်ယောက် ဖြစ်ချင်တာလားးးးးးးးးးးးးးးးးးးး
ကိုယ်ပိုင်အရည်အချင်းတွေ အများကြီးကို တစ်ဦးတည်း ပိုင်ဆိုင်သူ ဖြစ်ချင်တယ်ဗျာ။။။။ လောဘသိပ်ကြီးရာများ ရောက်နေသလားဟင်.......
Post a Comment