ကံမကောင်းအကြောင်းမလှတဲ့ အောင်မြင်သူတစ်ယောက် အကြောင်းကို ပြောရအောင်လား။
သူ့နာမည်က ဒဗလျူမစ်ချယ် ။
တစ်ညနေမှာပေါ့၊
သူ့ ဆိုင်ကယ်နဲ့ အလုပ်ကို အလာမှာ ထရပ်ကားနဲ့ဝင်းအောင်းမိတယ်။
လက်ဖျံရိုးကျိုးသွားတယ်။ တင်ပါးဆုံရိုး ကျိုးသွားတယ်။ မီးလောင်ခံလိုက်ရတယ်။
မသေရုံတမည်ခံလိုက်ရတယ်။
ဒီလိုနဲ့ လပေါင်းများစွာ ကုသမှုခံပြီး နောက်ထပ် လပေါင်းများစွာ လေ့ကျင့်ယူတော့မှ ပြန်လှုပ်ရှားနိုင်လာတယ်။
ဒါပေမယ့် သူ့မျက်နှာကိုမြင်ရင် တော်ရုံတန်ရုံ လူဆိုရင် လန့်သွားနိုင်တယ်။
တစ်မျက်နှာလုံး ဒဏ်ရာတွေ ဗလပွနဲ့ပါ။
အသားအစားထိုးကုသထားရလို့ရောင်စုံကွက်တွေ ထနေတယ်။
လက်ချောင်း၊ ခြေချောင်းတွေ ဆိုရင်လည်း သူများနည်းတူ ပြည့်ပြည့်စုံစုံ မရှိ ရှာတော့ဘူး။
တစ်ချို့တို၊ တစ်ချို့ပြတ်နဲ့ပါ။
ပုံမှန်လှုပ်ရှားဖို့တော်တော်ကြိုးစားရပါတယ်။
ကံများဆိုးချင်တော့ သိပ်မကြာခင်မှာဘဲ သူစီးလာတဲ့ လေယာဉ်ပျက်ကျပြီး အောက်ပိုင်းသေသွားပြန်ပါတယ်။
အောက်ပိုင်းသေနေတော့" ၀ှီးချဲယား "နဲ့ သွားလာလှုပ်ရှားနေရတဲ့
ရာသက်ပန် ဒုက္ခိတ တစ်ယောက်ဖြစ်သွားရပါတယ်။
ဘာမှမကြာလှတဲ့ ကာလ အတွင်းမှာ သေလောက်တဲ့ အန္တရာယ်ကြီး
နှစ်ခုနဲ့ ကြုံလိုက်ရတော့ သာမန်လူဆိုရင် စိတ်ဓါတ်ကျတာနဲ့ သေလောက်ပါတယ်။
မသေရင်တောင် ရူးချင်စရာပါ။
ဒါပေမယ့် သူက သန်းကြွယ်သူဌေးကြီး။
မိဘအမွေရလို့ မဟုတ်ပါဘူး။
ကိုယ့်ဒူးကိုယ်ချွန် ချမ်းသာလာတဲ့သူဖြစ်တယ်။
သူလုပ်ဖူးတဲ့ အလုပ်တွေကလည်းစုံမှစုံ။
ဖေါင်သမား။
ကောင်းကင်ဘားဂျွမ်းသမား။
မြို့တော်ဝန်.........။ အို....စုံလို့ပါဘဲ။
မစ်ချယ်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။
ဝှီးချဲယားနဲ့ လှုပ်ရှားရင်း သူ့အလုပ်ကို သူ ပုံမှန်လုပ်နေပါတယ်။
မစ်ချယ် ပြောနေကျစကားကတော့
"အရင်က ကျနော် လုပ်နိုင်တာ တစ်သောင်းရှိရင်၊
ခုဆိုကိုးထောင်လောက်ပဲလုပ်နိုင်တော့တယ်။
ဒါပေမယ့် စိတ်ဓါတ်ကျနေလို့ ဘယ်ဖြစ်မလဲဗျာ။
ကျနော်ဘဝရဲ့ ကျန်တဲ့ ကာလကို ဆုံးရှုံးသွားတဲ့ တစ်ထောင်ပေါ်မှာ ယူကျုံးမရဖြစ်နေမလား?
ကိုယ်လုပ်နိုင်သေးတဲ့ ကိုးထောင်ပေါ်မှာ အာရုံစိုက်မလား?
ကျနော် ရွေးချယ်ရတော့တာပေါ့။
ကျနော့်ရဲ့အာရုံကို ကိုယ်လုပ်နိုင်တဲ့ ကိုးထောင်ပေါ်မှာနှစ်မြှုပ်ထားလိုက်ပါတယ်။"
No comments:
Post a Comment