Saturday, August 11, 2012

"နောက်ဆုံးပေါ် နှိုးစက်နာရီ…"




တစ်ခါတုန်းက တာချီလိတ်မြို့က တာလော့ဈေးထဲရှိ
 လျှပ်စစ်ပစ္စည်းမျိုးစုံရောင်းတဲ့အရောင်းဆိုင်ထဲကို
လူငယ်ဖြစ်တဲ့ မောင်မောင်ဆိုသူဝင်လာပြီး
အရောင်းတာဝန်ခံဆိုသူ ကိုလောပေကို ပြောလိုက်ပါတယ်။


"စိတ်ချရတဲ့ နှိုးစက်နာရီ တစ်လုံး လိုချင်ပါတယ်"

"အတော်ပဲ၊ 
မနေ့ကပဲ ကျနော်တို့ဆိုင်ကို နောက်ဆုံးပေါ် နှိုးစက်နာရီ တစ်မျိုးရောက်လာတယ်။
ယူကြည့်ပါ။ ဒီစက်က အင်မတန် ထူးခြားပါတယ်။
ပထမ ခေါင်းလောင်းတီးတယ်။ အဲဒီနောက်မှာ အမြှောက်သံလို မြည်တယ်။
မြည်ပြီးတဲ့နောက်မှာတော့ 
"အိပ်နေတဲ့သူရဲ့မျက်နှာကို ရေအေးလောင်းချပါ" လို့ပြောနေလိမ့်မယ်။
အဲဒါမှ မနှိုးဘူးဆိုရင် သူတက်နေတဲ့ကျောင်း ဒါမှမဟုတ် အလုပ်ဋ္ဌာနကို တုတ်ကွေးမိနေလို့
မလာနိုင်ကြောင်း အကြောင်းကြားပေးတယ်"
 မောင်မောင်ကလည်း ဝမ်းသာအားရ ပြန်ပြောလိုက်ပါတယ်။
"ယူမယ်၊ ယူမယ် မြန်မြန်လေးထုတ်ပေးပါ"

"ဗူးနီထဲက ဆေး..."





                                 တစ်ခါတုန်းက နဂါးနီဆေးဆိုင်မှ 
ဝါရင့်ဆေးဝန်ထမ်းဖြစ်သူ ကိုအေးမောင်လတ်က
အရောင်းသမလေး အသစ်ဖြစ်တဲ့ ခိုင်သဇင်ကို 
တိတိကျကျ ညွှန်းကြားပြသနေပါတယ်။

“ ဒီဗူးနီကြီးကို မှတ်ထား၊
 ဆရာဝန်ရဲ့ဆေးစာကို မဖတ်တတ်ရင် 
ဒီဗူးနီထဲက ဆေးတွေကို ပေးလိုက်၊
ကြားလား”

Friday, August 10, 2012

"ဒီထက်ပိုပြီး မနေချင်ပါဘူး...”



တစ်ခါတုန်းက တာချီလိတ်မှာ ရှိတဲ့
ဟိန်းဆေးခန်းကိုလာတဲ့လူနာဖြစ်သူ ဒေါ်သဲစုခိုင်ဟာ
ဆေးခန်းမှာ သွေးပေါင်ချိန်တော့ သွေးတိုးရှိနေတယ်။
သွေးတိုးရောဂါရှိကြောင်းပြောပြီးတာနဲ့ဆရာဝန်ကိုပြောတယ်။
ဒေါက်တာ၊
သွေးတိုးရောဂါနဲ့ပတ်သက်ပြီး
ကျမ ကြောက်တယ်ရှင်

ဒေါက်တာ အောင်ဝင်းဟိန်းက
ဘာမှ မကြောက်ပါနဲ့၊
သွေးတိုးရောဂါနဲ့ လူနာဟာ
အသက်တစ်ရာအထိတောင် နေကြတယ်။
တစ်ခါတလေများဆိုရင်တော့……..”
ဆရာဝန်စကားဆုံးတဲ့အထိ နားမထောင်ပါ။

ဒေါ်သဲစုခိုင်ပြန်ပြောလိုက်တာက...
ကျေနပ်ပြီ ဒေါက်တာ၊
ဒီထက်ပိုပြီး မနေချင်ပါဘူး


"အခုလုပ်ရင် အခုရပါတယ်…"




?        စိတ်ချမ်းသာအောင် ဘာလုပ်ရမလဲ။

ပထမအချက်က စိတ်ချမ်းသာအောင်နေမယ်။ စိတ်ချမ်းသာအောင် တွေးမယ်လို့
ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ထားရမယ်။
ပြီးရင် လုပ်သင့်တာကို လုပ်ရမယ်။
အတတ်နိုင်ဆုံး သတိနဲ့နေရမယ်။
အတိတ်၊ အနာဂတ်ကို တွေးတာ များလွန်းရင် ပစ္စုပ္ပန်မှာ စိတ်ချမ်းသာအောင်နေဖို့
မလွယ်ဘူး။ ပစ္စုပ္ပန်မှာ ဖြစ်နေတာတွေကို စွဲလန်းရင်လည်း စိတ်မချမ်းသာနိုင်ဘူး။
မစွဲလန်းရင် စိတ်ချမ်းသာမယ်။
အဲဒါအခက်ဆုံးပဲ။

+++++++++++++++++++++++++++

?        စိတ်ချမ်းသာမှုဟာ ဘာဖြစ်လို့ အရေးကြီးသလဲ။

စိတ်ချမ်းသာမှုဟာ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်မချမ်းသာရင် စိတ်ဓာတ်အင်အား
ဆုတ်ယုတ်တယ်။ စွမ်းရည်သတ္တိ ကျဆင်းတယ်။
တစ်ယောက်ယောက်က ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်တယ်ဆိုရင် သူက ကိုယ့်ကို စိတ်ဆင်းရဲသွားအောင်
လုပ်ခွင့် ရနေပြီ။ ဘာကြောင့်ရတာလဲ။
ကိုယ်က သူ့ကိုပေးလို့ သူရတာ။
ကိုယ့်ကို စိတ်ဆင်းရဲအောင်လုပ်နိုင်တဲ့ပါဝါ (Power) ကို သူ ဘယ်ကရသလဲ။
ကိုယ်က စိတ်ဆင်းရဲလိုက်လို့ သူရတာ။
ကိုယ်က စိတ်မဆင်းရဲပဲ နေနိုင်ရင် သူက ကိုယ့်ကို စိတ်ဆင်းရဲအောင်လုပ်လို့ မရဘူး။
ကိုယ်က စိတ်ဆင်းရဲရင် သူအောင်မြင်တယ်။
ကိုယ်က စိတ်မဆင်းရဲရင် သူမအောင်မြင်ဘူး။
ဒါကြောင့် ကိုယ်က စိတ်မဆင်းရဲအောင် နေလိုက်ရင် သူ့မှာ ပါဝါ(Power) မရှိဘူး။
ကိုယ်က မပေးပဲ သူ ပါဝါ (Power) မရနိုင်ဘူး။

+++++++++++++++++++++++++++

?       အဆိုးတစ်ခုခု ဖြစ်လာရင် ဘယ်လို လုပ်မလဲ။     

အဲဒီအချိန်မှာ ကိုယ်က စိတ်မဆင်းရဲအောင် နေနိုင်ဖို့ အရေးအကြီးဆုံးအချိန်ပဲ။
စိတ်ဆင်းရဲနေတဲ့အချိန်မှာ အကောင်းဆုံးအဖြေကို မရနိုင်ဘူး။
ဒါကြောင့် အဆင်မပြေတာ တစ်ခုခု ဖြစ်လာတဲ့အခါမှာ သတိရှိဖို့လိုတယ်။
အဲဒီအချိန်မှာ စိတ်တည်ငြိမ်မှု ရှိဖို့လိုတယ်။အဲဒီအချိန်မှာ ကိုယ့်ဥာဏ်ပညာကို
အကောင်းဆုံးဖြစ်အောင် ခေါင်းအေးအေးနဲ့စဉ်းစားရမယ်။
အဲဒီအချိန်မှာ ကိုယ့်ရဲ့ခံနိုင်ရည်ဟာ အမြင့်ဆုံးဖြစ်ရမယ်။
--------------------------------------
စိတ်တည်ငြိမ်နေရင် အသိဥာဏ်ဟာ အကောင်းဆုံး အခြေအနေမှာ ရှိတယ်။
စိတ်ဆင်းရဲနေရင် စဉ်းစားပုံမှားမယ်။ ဆုံးဖြတ်တာ ပြောတာ မှားမယ်။
ဒါကြောင့် အခက်အခဲရှိတဲ့အခါ စိတ်တည်ငြိမ်အောင် နေနိုင်ဖို့လိုတယ်။
ဘဝမှာ တွေ့ရတဲ့ အခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင်နည်းဟာ
စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တာပဲ။
စိတ်တည်ငြိမ်နေရင် စိတ်မဆင်းရဲဘူး။
ဒါကြောင့် စိတ်မဆင်းရဲအောင်နေနိုင်တာဟာ အားလုံးအတွက် အဆင်ပြေဆုံးပဲ။
စိတ်ချမ်းသာအောင် နေနိုင်တာဟာ အခက်အခဲကို အကောင်းဆုံး ရင်ဆိုင်နည်းပဲ။
--------------------------------------
စိတ်ဆင်းရဲနေတာနဲ့ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
စိတ်ဆင်းရဲနေရင် အကောင်းဆုံးကို လုပ်နိုင်မှာ မဟုတ်ဘူး။
စိတ်ဆင်းရဲနေတာဟာ တွက်ခြေမကိုက်ဆုံးပဲ။
စိတ်ဆင်းရဲနေတာဟာ လုပ်နည်းလုပ်ဟန် မှားနေတာ။
အဲဒီလို သတိဝင်လာရင်စိတ်ဆင်းရဲစရာကို တွေးမနေပဲ ဘာလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာကို
တွေးပါ။ စိတ်ဆင်းရဲနေရင်တောင် အဲဒါကို တစ်ဖက်လူ မသိအောင် ထားပါ။
စိတ်ဆင်းရဲနေတယ်ဆိုတာကို တစ်ဖက်လူ သိသွားရင် ကိုယ့်အားနည်းချက်ကို သူသိသွားပြီ။
--------------------------------------
စိတ်ချမ်းသာအောင် တွေးပြီး တော့ အဖြေရှာရင် အကောင်းဆုံးအဖြေကို ရမယ်။
ဒါကြောင့် စိတ်ချမ်းသာအောင် နေနိုင်တာဟာ ကိုယ့်အတွက် အဆင်ပြေဆုံးပဲ။

+++++++++++++++++++++++++++


?       တကယ်လို့ ကိုယ့်အခြေအနေက ဘယ်လိုမှ အဖြေရှာလို့မရရင် ဘယ်လို လုပ်မလဲ။

အဖြေရှာလို့မရရင် အဖြေရှာနေဖို့ မလိုတော့ဘူး။
တွေးနေဖို့ မလိုတော့ဘူး။
ကိုယ်က အခြေအနေကို ပြောင်းလဲအောင် ဘယ်လိုမှ လုပ်လို့ မရတော့ဘူး
ဆိုရင် ဆက်တွေးနေတာကပဲ ပြဿနာဖြစ်လာတယ်။
ဒါကြောင့် ဆက်မတွေးဖို့ပဲ လိုတယ်။
ဘယ်လိုမှ မတတ်နိုင်တော့တဲ့ကိစ္စကို မကျေမနပ် ဖြစ်နေရင် စိတ်ဆင်းရဲနေရုံပဲ။
ဘာမှ အကျိုးမရှိဘူး။
ကိုယ့်သဘောထားကို ပြောင်းလိုက်ပါ။

+++++++++++++++++++++++++++

?       ကိုယ်သဘောမကျတာ၊ မနှစ်သက်တာကို လက်ခံထားရမလား။

ပြောင်းနိုင်ရင် ပြောင်းပါ။
မပြောင်းနိုင်ရင် လက်ခံပါ။
လက်မခံနိုင်ရင် စိတ်ဆင်းရဲမှာပဲ။
ကိုယ် ဘာမှမတတ်နိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်သဘောထားကို ပြောင်းလိုက်ရင်
ပြဿနာရဲ့သဘာဝလည်း ပြောင်းသွားပါတယ်။

+++++++++++++++++++++++++++

?       စိတ်ချမ်းသာအောင် လုပ်ရင် ဘယ်လောက်ကြာ မလဲ။

အခု လုပ်ရင် အခုရတယ်။

+++++++++++++++++++++++++++


အမြဲတမ်းစိတ်ချမ်းသာချင်ရင် အခုစိတ်ချမ်းသာအောင် နေပါ။
အခုဆိုတဲ့အချိန်ဟာ ဘယ်တော့မှ ပျောက်မသွားဘူး။
သူ့နေရာမှာ သူအမြဲရှိနေတယ်။
ဒါကြောင့် အခု စိတ်ချမ်းသာအောင် နေနိုင်မှ အမြဲ စိတ်ချမ်းသာမယ်။

+++++++++++++++++++++++++++

?       ဘယ်အချိန်မှာ စိတ်ချမ်းသာတာ ကောင်းသလဲ။

ဘယ်အချိန်မှာ အိပ်တာကောင်းသလဲလို့ မေးရင်
တကယ် အိပ်ချင်တဲ့အချိန်မှာ အိပ်တာ ကောင်းတယ်လို့ ဖြေရမယ်။
ဘယ်အချိန်မှာ စားတာကောင်းသလဲလို့ မေးရင်
တကယ် ဆာနေတဲ့အချိန်မှာ စားတာ၊ ကောင်းတယ်လို့ ဖြေရမယ်။
 ဘယ်အချိန်မှာ စိတ်ချမ်းသာတာ ကောင်းသလဲလို့ မေးရင်
အခု စိတ်ချမ်းသာတာ ကောင်းတယ်လို့ ဖြေရမယ်။

+++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့ (၁၀၃)…









Sunday, August 5, 2012

"လှပတဲ့ စိတ်မှ လှပတဲ့ ဘဝကို ရမယ်..."




လူတွေရဲ့ အရေးကြီးတဲ့တာဝန်က လှတဲ့ဘဝကို ဖန်တီးဖို့ပါပဲ။
လှပတဲ့ စိတ်မှ လှပတဲ့ ဘဝကို ရမယ်။

+++++++++++++++++++++++++++


သတိဆိုတဲ့သဘောဟာ ကောင်းတဲ့သဘော၊
ကုသိုလ်သဘော ဖြစ်တယ်။
သူက သန့်ရှင်းအောင် လုပ်ပေးနိုင်တဲ့စွမ်းရည်သတ္တိရှိတယ်။

+++++++++++++++++++++++++++

သိနေတဲ့စိတ်ကို ပြန်သိပါ။

+++++++++++++++++++++++++++

အဆင့်အတန်းမြင့်တဲ့ အသိဉာဏ်၊
အဆင့်အတန်းမြင့်တဲ့ စိတ်ထား၊
အဆင့်အတန်းမြင့်တဲ့ နေပုံထိုင်ပုံ၊
အဆင့်အတန်းမြင့်တဲ့ ပြောပုံဆိုပုံကို
အရင်ဆုံး ရအောင် လုပ်လိုက်ပါ။
လှပတဲ့ ဘဝကို ရအောင် အရင်လုပ်ပါ။

+++++++++++++++++++++++++++



Living well and beautifully and justly are all one thing.
( Socrates )

ကောင်းကောင်းနေတာ၊
လှလှပပနေတာ နဲ့
တရားမျှတစွာ နေတာဟာ
အားလုံးတစ်ခုတည်းပါပဲ။
အားလုံး အတူတူပါပဲ။

+++++++++++++++++++++++++++


It is not living that is important but living rightly.
( Socrates )

အသက်ရှင်နေရုံမျှ နေနေတာဟာ
အရေးကြီးအချက်မဟုတ်ဘူး၊
မှန်မှန်ကန်ကန်နေတာက
အရေးကြီးတဲ့အချက် ဖြစ်တယ်။

+++++++++++++++++++++++++++

လူသားရဲ့ အဆင့်မြင့်တဲ့ စွမ်းဆောင်ချက်တွေဟာ
အလှအပကို ဖန်တီးမှုတွေပဲ ဖြစ်ပါတယ်။
လှပတာကို ဖန်တီးတာဟာ လွတ်လပ်မှုကို ဖေါ်ပြတာပါ။

+++++++++++++++++++++++++++

ဘဝရဲ့အရည်အသွေးမြင့်မားချင်ရင်
ဉာဏ်ကိုအပြည့်အဝသုံးပြီး ဖန်တီးရတဲ့အလှ
ကို နေ့စဉ်လုပ်နေပါ။

+++++++++++++++++++++++++++

Beauty is a function of life.

အလှအပဟာ လူ့ဘဝရဲ့ လုပ်ရမယ့်ကိစ္စ တစ်ခုဖြစ်တယ်။
ဘဝရဲ့လုပ်ငန်းဟာ အလှအပကို ဖန်တီးတာပဲ။
ဘဝရှိရင် အလှအပလည်း ရှိရမယ်။

+++++++++++++++++++++++++++

ငါ့ဘဝရဲ့ဦးတည်ချက်ကဘာလဲ
ငါ ကိုယ်တိုင်အမှန်တရားနဲ့ အလှအပကို
သိရှိခံစားပြီးတော့ ငါ သိရှိခံစားရတဲ့အမှန်တရားနဲ့
အလှအပကို အများကို ဝေမျှဖို့ပဲ။
အဲဒါဟာ ငါ့ဘဝရဲ့ဦးတည်ချက်ပဲ။

+++++++++++++++++++++++++++

ဘုရားဟောတဲ့ တရားတော်တွေဟာ
စိတ်ဓာတ်ရဲ့လှပမှု၊
သန့်ရှင်းမှု၊
စိတ်ဓာတ်ရဲ့လွတ်လပ်အေးချမ်းမှုအတွက်
အဓိက ဦးတည်တာ၊
စိတ်ပိုင်းအလှအပကိုတော့ ပိုပြီးတော့
တန်ဖိုးထားဖို့လိုပါတယ်။

+++++++++++++++++++++++++++


အလှတရားမှ အမှန်တရားသို့ (ဆရာတော် ဦးဇောတိက)စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++

Saturday, August 4, 2012

“ ဈေးပေါလိုက်တာ…”







တစ်ခါတုန်းကပေါ့။ တစ်ခုသော ဒီဇင်ဘာလကာလမှာ 
တာချီလိတ်မှာ အလွန်အေးပါတယ်။
ဂျာကင်တစ်ထည်ကို လက်တွင်ကိုင်လျက်
လမ်းလျှောက်လာတဲ့ လူငယ်တစ်ယောက်ကို 
 ကိုအေးရွှေကမေးတယ်။
မောင်ရင့်လက်ထဲက ဂျာကင်က အင်မတန် လှပါလား၊
ဘယ်ဆိုင်က ဝယ်လာတာလဲ
တစ်လမ်းကျော် တာလော့အထည်ဆိုင်ကြီးကပါ… ”
ဝယ်နေတဲ့လူတွေ အများကြီးလား
တစ်ယောက်မှ မရှိဘူး၊
အရောင်းစာရေးတောင် မရှိဘူး

Friday, August 3, 2012

"ရှာတဲ့နေရာ မှားနေလို့..."



ရှေးရှေးတုန်းက ပညာရှိတစ်ယောက်ရှိတယ်။
တစ်နေ့တော့ အဲဒီပညာရှိဆရာကြီး မီးတိုင်အောက်မှာ တစ်ခုခုကို လိုက်ရှာနေတယ်။
ခေါက်တုန့်ခေါက်ပြန် ရှာတယ်။
တပည့်တွေက “ဒို့ဆရာကြီး ဘာပျောက်လို့ ရှာနေတာလဲမသိဘူး။ ဝိုင်းရှာပေးမယ်” ဆိုပြီး
ဆရာကြီးကို မေးတယ်။
“ဆရာကြီး ဘာရှာနေတာလဲ”
“သော့ပျောက်လို့ ရှာနေတာ” တဲ့။
အဲဒါနဲ့တပည့်တွေကလည်း မီးတိုင်အောက်မှာ သော့ကို ရှာကြတယ်။
တော်တော် နှံ့နှံ့စပ်စပ် ရှာပေမယ့် မတွေ့ဘူး။
ဒါနဲ့ တပည့်တွေက “ဒီနေရာမှာ ကျပျောက်တာ ဆိုရင်တော့ တွေ့လောက်ပါတယ်။
ဒါလောက် ဝိုင်းရှာတာတောင် မတွေ့တော့ ဒီနေရာမှာ ကျပျောက်တာမှ ဟုတ်ရဲ့လား” လို့
တွေးမိပြီးတော့ “ဆရာကြီး သော့က ဘယ်နေရာမှာ ကျပျောက်တာလဲ” လို့ မေးကြတယ်။
ဆရာကြီးက “အိမ်ခန်းထဲမှာ ကျပျောက်တာ” လို့ဖြေတယ်။
ဒီတော့ “ဟာ  ဆရာကြီးကလည်း အိမ်ခန်းထဲမှာ ကျပျောက်တဲ့သော့ကို ဒီမီးတိုင်အောက်မှာ
ရှာလို့ ဘယ်တွေ့နိုင်မှာလဲ” လို့ပြန်ပြောလိုက်တယ်။
ဒီတော့ ဆရာကြီးက “မင်းတို့လည်း စိတ်ချမ်းသာမှုကို မတွေ့နိုင်တဲ့နေရာမှာ ရှာနေကြတယ်။
လူတွေ မြင်ရတဲ့နေရာမှာ ရှာနေကြတယ်။
 စိတ်ချမ်းသာမှုဆိုတာ စိတ်ထဲမှာပဲ ရှိတယ်။
ရှာတဲ့နေရာမှားနေလို့ မင်းတို့ ခုထိ မတွေ့တာပေါ့” တဲ့။

++++++++++++++++++++++++++++++++++++

တစ်ခုခုကို တွေ့ချင်လို့ ရှာတယ်ဆိုရင် ရှာတဲ့နေရာ မှန်ဖို့လိုပါတယ်။
စိတ်ချမ်းသာမှုကို ဘယ်နေရာမှာ ရှာမလဲ။
နေရာမှားနေရင် တွေ့မှာ မဟုတ်ဘူး။
နေရာမှန်က ဘယ်မှာလဲ။
စိတ်ထဲမှာ။
အဲဒီနေရာမှာမှ မတွေ့ရင် တခြားနေရာမှာ မတွေ့နိုင်ဘူး။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ စိတ်ထဲမှာပဲ ရှိတယ်လို့ ဥာဏ်ရှိသူတွေက အထပ်ထပ်အခါခါ ပြောခဲ့ပါတယ်။
ဒါပေမယ့် ဥာဏ်မရှိသူတွေ ပြောတာကို ပို ပြီး ယုံလွယ်ကြတယ်။
စိတ်ချမ်းသာမှုဟာ ပစ္စည်းထဲမှာ ရှိတယ်လို့ ဥာဏ်မရှိသူတွေက ပြောကြတယ်။
အာဏာထဲမှာ ရှိတယ်လို့ ပြောကြတယ်။
အဲဒါကို ဥာဏ်မရှိသူတွေ ယုံကြတယ်။
ကျော်ကြားမှုထဲမှာ ရှိတယ်လို့ပြောကြတယ်။
အဲဒါကိုလည်း ယုံကြတာပဲ။
ပစ္စည်းရတယ်။ အာဏာရတယ်။ ကျော်ကြားမှုရတယ်။ စိတ်ချမ်းသာမှုကိုတော့ မရဘူး။
နေရာလွဲနေလို့ တစ်သက်လုံးရှာပေမယ့် မတွေ့ကြဘူး။

++++++++++++++++++++++++++++++++++++


စိတ်ချမ်းသာမှုဟာ ဒီအချိန် ဒီနေရာမှာပဲ ရနိုင်တယ်။
ဒီနေရာမှာ စိတ်ချမ်းသာမှုကို မတွေ့ရင် ဘယ်နေရာမှာတွေ့မယ် ထင်သလဲ။
ဟိုအချိန် ဟိုနေရာမှာ တွေ့မယ်ထင်ပြီး ရှာနေလို့။ စိတ်ချမ်းသာမှုကို
မတွေ့တာပဲ များတယ်။ ရှာတဲ့နေရာ မှားနေလို့။
များသောအားဖြင့် စိတ်ချမ်းသာမှုကို ရှာရင်း စိတ်ဆင်းရဲမှုနဲ့ တွေ့ရတယ်။

++++++++++++++++++++++++++++++++++++

သူက ငါ့ကို စိတ်ချမ်းသာအောင် လုပ်ပေးလိမ့်မယ်လို့  မျှော်လင့်နေရင်
ကိုယ်မျှော်လင့်သလို ဖြစ်တဲ့အခါ ခဏ စိတ်ချမ်းသာမယ်။
အဲဒီလို စိတ်ချမ်းသာနေတဲ့အချိန်မှာတောင် နောင်လည်း ဒီလိုလုပ်ပေးအောင်
ဘာလုပ်ရမလဲဆိုတဲ့စိတ်မအေးရတဲ့ အတွေးရှိနေတယ်။
မကြာမကြာ ကိုယ်မျှော်လင့်သလို မဖြစ်ဘူး။
ဒါကြောင့် မကြာမကြာ စိတ်ဆင်းရဲရပြန်တယ်။

++++++++++++++++++++++++++++++++++++

အခြေအနေတွေ အားလုံး အဆင်ပြေရင် စိတ်ချမ်းသာမယ်လို့ မျှော်လင့်တယ်။
အဲဒီလိုနဲ့ပဲ နှစ်တွေကြာလာပြီ။
အဆင်ပြေတာက နည်းတယ်။
အဆင်မပြေတာက များတယ်။ ဒါကြောင့် စိတ်ချမ်းသာတာက နည်းတယ်။
စိတ်ဆင်းရဲတာက များတယ်။
တစ်နေ့တော့…ဆိုတဲ့ မျှော်လင့်ချက်နဲ့နေနေရတယ်။
အဲဒီတစ်နေ့ဆိုတာ ရောက်မလာဘူး။
သူ့နေရာမှာပဲ သူနေတယ်။
ဒါကြောင့် စိတ်ချမ်းသာချင်ရင် စိတ်ချမ်းသာအောင် နေလိုက်မယ် လို့ဆုံးဖြတ်ပါ။
စိတ်ချမ်းသာမှုကို အပြင်မှာ မတွေ့နိုင်ဘူး။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာမှုနဲ့ စိတ်ဆင်းရဲမှုဟာ ကိုယ်က လက်မခံပဲ မဖြစ်နိုင်ဘူး။
စိတ်ချမ်းသာတဲ့သူဟာ အဲဒီလို ယုံကြည်တယ်။
ငါ့ စိတ်ချမ်းသာမှုထက် ဘယ်အရာကမှ အရေးမကြီးဘူး။
စိတ်ချမ်းသာတဲ့သူဟာ အဲဒီလို နားလည်တယ်။
သဘောပေါက်တယ်။

++++++++++++++++++++++++++++++++++++

ငါ လုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ပြီးရင် 
ငါ ဘာကိုမှ ကြောက်စရာ မလိုဘူး။
အားငယ်စရာ ဘာမှ မရှိဘူး။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းချမ်းသာသာနဲ့ပဲ အခက်အခဲကို တည့်တည့် ကြည့်မယ်။
 ရင်ဆိုင်မယ်။
အဲဒါ ငါ့ရဲ့ အကြီးမားဆုံး စွမ်းအားပဲ။

++++++++++++++++++++++++++++++++++++


အတိတ်ကို လက်လွှတ်လိုက်ပြီး။
အနာဂတ်အတွက် သောကမရှိဘူး။
ပစ္စုပ္ပန်မှာ ပြည့်ပြည့်ဝဝ နေမယ်။
ဒါပေမယ့် ဆုပ်ကိုင်မထားဘူး။
အဲဒါဟာ ငါ နားလည်တဲ့ စိတ်ချမ်းသာအောင် နေနည်းပဲ။

++++++++++++++++++++++++++++++++++++

မသေချာမှုကို မကြောက်ဘူး။
အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်။
ဖြစ်လာတာကို လက်ခံမယ်။

++++++++++++++++++++++++++++++++++++

ငါ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဖြစ်ပြီးသားဟာ ဘာမှ မပြောင်းလဲဘူး။
လက်မခံနိုင်ရင် ငါ့အင်အားတွေ ကုန်တာပဲ အဖတ်တင်မယ်။
ဘာဆက်လုပ်ရမလဲ ဆိုတာပဲ အရေးကြီးတယ်။

++++++++++++++++++++++++++++++++++++

ခက်ခဲတဲ့အခြေအနေနဲ့ ကြုံရတဲ့အခါမှာ သတိနဲ့နေပြီး အကောင်းဆုံးအဖြေကို ရှာမယ်။
တည်ငြိမ်တဲ့စိတ်က ငါ့အတွက် အားကိုးစရာ။
ပြဿနာက ငါ့ကို မနိုင်ဘူး။
ငါက ပြဿနာကို နိုင်တယ်။

++++++++++++++++++++++++++++++++++++

သူ့မှာ ဒုက္ခရောက်တုန်း ငါ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး နေတာဟာ
သူ့ကို မချစ်တာ မငဲ့တာ မဟုတ်ဘူး။
ငါ တည်ငြိမ်အေးဆေးမှ သူ့ကို အကောင်းဆုံး အကြံဥာဏ်ပေးနိုင်မယ်။
သူ့ကို စိတ်ချမ်းသာစေချင်တယ် ဆိုတာလည်း တကယ်တော့ သူ စိတ်ချမ်းသာရင်
ငါလည်း စိတ်ချမ်းသာလို့ပဲ။
ငါ လိုချင်တဲ့ စိတ်ချမ်းသာမှုကို ရတဲ့အတွက် သူက ငါ့အတွက် ဘာမှ လုပ်ပေးဖို့
မလိုတော့ဘူး။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။

++++++++++++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့-(၁၀၂)…



Wednesday, August 1, 2012

"ဟုတ်မှာလဲ လုပ်ပါ သူငယ်ချင်းရယ်..."


တစ်နေ့မှာ
သူငယ်ချင်းနှစ်ယောက်တို့ဟာ တာချီလိတ်မြို့ရဲ့
ဗယ်လင်တိုင်ကော်ဖီဆိုင်မှာ လက်ဖက်ရည်သောက်ရင်း
 စကားပြောနေကြတယ်။

ကိုခင်မောင်ဝင်းက
မင်းပြောပြတဲ့ ဟာသကို ငါ့မိန်းမကို
ငါ ပြောပြလိုက်တာ
အခု ငါ့ကို စကားမပြောတာ တစ်ပတ်ရှိပြီ

ကိုအေးမောင်လတ် ပြန်ပြောလိုက်တာက
ဟာ ဒါ ဟန်ကျတာပေါ့၊
အခု အဲဒီဟာသကို 
 မင်းယောက္ခမကို ထပ်ပြောပြလိုက်... ”


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com