Friday, July 1, 2011

“လူ့ဘဝစက်ဝိုင်း…”


တစ်ခါတုန်းက လူတွေရဲ့သက်တမ်းဟာ နှစ် ၃၀ ပဲရှိခဲ့ဖူးပါတယ်။

ပညာတွေသင်ပြီးတတ်ရုံရှိသေးတယ်။

သေရတော့မယ်ဆိုတော့ လူကမကျေနပ်ဘူး။

နတ်ဘုရားဆီမှာ သက်တမ်းတိုးတောင်းဖို့ သွားတာပေါ့။

နတ်ဘုရားဆီရောက်တော့

နတ်ဘုရားအနားမှာ နွားတစ်ကောင်လည်းရောက်နေတယ်။

ပြီးတော့ ခွေးတစ်ကောင်လည်းရှိနေတယ်။

နောက်ပြီး မျောက်တစ်ကောင်လည်းရောက်နေတယ်။

လူက

“ နတ်ဘုရား၊ တပည့်တော် ပညာတွေသင်ပြီး

လူသားတွေရဲ့ကောင်းကျိုး၊လောကရဲ့ကောင်းကျိုးကို ဆောင်ရွက်ဖို့

သက်တမ်းတိုးပေးတော်မူပါဘုရား”လို့တောင်းဆိုတာပေါ့။

ဒီတော့ အနားမှာရှိနေတဲ့ နွားက

“ ကျွန်ုပ်ဟာ တစ်ဘဝလုံး ရုန်းကန်အလုပ်လုပ်ရတယ်။

နေပူပူ၊မိုးရွာရွာ လုပ်ရတယ်။

ပူလည်းလုပ်ရတယ်။ အေးချမ်းလည်းလုပ်ရတယ်။

အနားအနေကို မရှိခဲ့ပါဘူး။

စားရတော့ မြက်နဲ့ကောက်ရိုး။

ကံများဆိုးတဲ့အခါ ဆီကြိတ်ရသေးတယ်။

ဆုံလည်နွားဆိုတဲ့အတိုင်းပါပဲ။

တစ်နေရာထဲမှာကိုပဲ ထပ်ခါတစ်လဲလဲလုပ်ရတဲ့အတွက်

ဘဝကို ငြီးငွေ့လှပါတယ်။

ဒါကြောင့် ကျွန်ုပ်ရဲ့သက်တမ်းကိုယူပါ”လို့ပြောတယ်။

နတ်ဘုရားကခွင့်ပြုတော့

လူဟာ နွားရဲ့သက်တမ်းနှစ်-၃၀ ကိုရလိုက်ပါတယ်။

သက်တမ်း-၆၀ရပေမယ့် မကျေနပ်နိုင်သေးတာကြောင့်

နတ်ဘုရားဆီမှာ ထပ်တောင်းပါတယ်။

ဒီတော့ အနားမှာရှိနေတဲ့ခွေးက

“ ကျွန်ုပ်ရဲ့သက်တမ်းကိုလည်းယူပါ၊

ကျွန်ုပ်ကတော့ အိမ်ကိုနေ့နေ့ညညစောင့်ပေးရတယ်။

တွေ့တဲ့လူတွေဆိုရင် ရန်သူ၊မိတ်ဆွေမခွဲခြားနိုင်ပဲ ဟောင်ပေးရတယ်။

အိမ်နားကပ်တဲ့လူတိုင်းကို ဟောင်ရတဲ့အပြင်

အိမ်ထဲမှာရှိတဲ့လူတွေဆိုရင်လည်း သခင်ကလွဲပြီး

အဆက်မပြတ်စောင့်ကြည့်ပြီး ဟောင်သံပေးရတယ်။

စားရပြန်တော့ အရိုးနဲ့အရွတ်တွေချည်းပါပဲ။

သခင်ကမလိုရင် မလိုသလို ဆူတယ်၊ဆဲတယ်၊ရိုက်တယ်။

ဒီဘဝကိုလည်းငြီးငွေ့လွန်းလှပါပြီ။ကျွန်ုပ်ရဲ့သက်တမ်းကိုယူပါ”လို့ပြောတယ်။

နတ်ဘုရားကခွင့်ပြုတော့

ခွေးဆီက သက်တမ်း-၂၅နှစ်ကိုရလိုက်ပြန်တယ်။

သက်တမ်းစုစုပေါင်း ၈၅နှစ်ရှိပေမယ့် လူကမကျေနပ်နိုင်သေးဘူး။

နတ်ဘုရားဆီမှာ သက်တမ်းကိုထပ်တောင်းပြန်တယ်။

ဒီတော့ အနားမှာရှိနေတဲ့မျောက်က

“ ကျွန်ုပ်သက်တမ်းကိုလည်း ယူပါ။

ကျွန်ုပ်ကတော့ သစ်ပင်တစ်ပင်ကနေတစ်ပင်ကိုတစ်ချိန်လုံး ခုန်ကူးနေရတယ်။

မခုန်တဲ့အချိန်ဆိုရင် သစ်ပင်ဂွကြားမှာ စောင့်ကြောက်ထိုင်ရတယ်။

စားရပြန်တော့ ငှက်ပျောသီးနဲ့အသီးအရွက်၊

ဒီဘဝကိုငြီးငွေ့လွန်းလှပါတယ်။ကျွန်ုပ်ရဲ့သက်တမ်းကိုလည်းယူပါ”လို့ပြောတယ်။

နတ်ဘုရားက “ယူစေ”လို့ခွင့်ပြုလိုက်တယ်။

ဒီတော့ မျောက်ဆီက သက်တမ်း၁၅-နှစ်ကိုထပ်ရလိုက်တော့

လူ့သက်တမ်းဟာ နှစ်တစ်ရာပြည့်သွားပါတယ်။

လူဟာ ကျေနပ်ပြီးပြန်လာခဲ့တယ်။

လူသားကောင်းကျိုး၊လောကကောင်းကျိုးကိုလုပ်မယ်ဆိုတဲ့လူဟာ

မကြာခင်မှာပဲ မိန်းမရသွားပါတော့တယ်။

နောက်တော့ သား၊သမီးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာပါတော့တယ်။

မိန်းမရဲ့ကောင်းကျိုး၊ သားသမီးတွေရဲ့ကောင်းကျိုးကိုလုပ်ရင်းနဲ့ပဲ

အချိန်ဟာကုန်လာတယ်။

ငွေရဖို့၊ စား၊ဝတ်၊နေရေးအစဉ်ပြေဖို့အတွက်

နေပူ၊မိုးရွာမရှောင်လုပ်ရပါတယ်။ပူလည်းလုပ်၊အေးလည်းလုပ်ရတယ်။

နွားသက်တမ်းရထားတဲ့လူဟာ နွားနဲ့တူသထက်တူလာတယ်။

ဒါနဲ့ပဲ သက်တမ်း ၆၀-နှစ်ပြည့်တော့ ပင်စင်ယူလိုက်ရပါတယ်။

အလုပ်မရှိတော့လို့နားရသလားဆိုတော့ မနားရပါဘူး။

သား၊သမီးတွေရဲ့အိမ်ကို တစ်လှည့်စောင့်ပေးရပါတယ်။

သားသမီးတွေရဲ့ပိုင်ဆိုင်မှုတွေကို မပျောက်ပျက်ရလေအောင်

အိမ်စောင့်ခွေးကြီးလို စောင့်ရှောက်ရတယ်။

အိမ်ကိုလာတဲ့လူဆိုရင် မိတ်ဆွေလား၊ ရန်သူလား မခွဲခြားနိုင်ပါဘူး။

တွေ့ရာ၊မြင်ရာကိုဟောင်ရပါတော့တယ်။

သားသမီးတွေရဲ့ပစ္စည်းဥစ္စာဆိုရင် ဘာဆိုဘာမှကိုင်လို့မရဘူး။

ထိလိုက်တာနဲ့ဟောင်တော့တာပါပဲ။

ကြာလာတော့ ဘာအကြောင်းမှမရှိလည်း

ဟောင်ရမယ့်တာဝန်အရဟောင်နေရ

တော့ခွေးနဲ့တူသထက်တူလာပါတယ်။

ဟော…သက်တမ်း ၈၅-နှစ်ကျော်လာတော့

ဟောင်နိုင်စွမ်းတွေမရှိတော့ဘူး။

အိုလာပြီလေ။ဒါနဲ့ပဲ

သားသမီးတွေရဲ့အိမ်တစ်အိမ်ပြီးတစ်အိမ်ကိုခုန်ကူးပြီးနေရတော့တယ်။

သားသမီးတွေက မကြည်ဖြူရင်

မြေးတွေ၊မြစ်တွေရဲ့အိမ်တွေတစ်အိမ်ပြီးတစ်အိမ်ခုန်ကူးနေရတော့တယ်။

ခုန်ရဖန်များတော့ စိတ်ပျက်လက်ပျက်စောင့်ကြောက်ထိုင်လိုက်တဲ့အခါ

မျောက်အိုကြီးတွေနဲ့တူသထက်တူလာပါတော့တယ်။

လူ့ဘဝဟာ ဒီလိုနဲ့ပဲ နွားပြီးတော့ခွေး၊

ခွေးပြီးတော့မျောက်ဘဝတွေမှာ ကျင်လည်ရင်း

လူသားတွေရဲ့ကောင်းကျိုးလည်း မလုပ်နိုင်၊

လောကရဲ့ကောင်းကျိုးလည်း မလုပ်နိုင်ဘဲနဲ့

မိန်းမရဲ့ကောင်းကျိုး၊သားသမီးတွေရဲ့ကောင်းကျိုးတွေကြားမှာ

လည်ပတ်ရင်းနဲ့သေဆုံးသွားပါတော့တယ်။


Thursday, June 30, 2011

"ကျေနပ်မနေနဲ့..."


၁။

ငါ့သား အမြဲမှတ်ထား၊

ဘယ်လုပ်ငန်းပဲ လုပ်လုပ် ရပြီးတဲ့အောင်မြင်မှုသရဖူနဲ့ ကျေနပ်မနေနဲ့၊

ပန်းတိုင်တစ်ခုရောက်ပြီးပြီဆိုရင် နောက်ထပ် ဒီထက်မြင့်တဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခု

ထပ်ချရမယ်။

( ဒိုနယ်ကင်းဘဲလ်ရဲ့ဖခင်…)

၂။

သားရဲ့မျှော်လင့်ချက်၊ ယုံကြည်ချက်တွေ၊စိတ်ကူးယဉ်အိပ်မက်တွေကို

ဘယ်အရာ ဘယ်ကိစ္စအတွက်မှ မပျောက်ပျက်၊

မဆုံးရှုံးပါစေနဲ့သား

(ရပ်ဖ်ဘန့်ခ်ျရဲ့မိခင် )

၃။

ဘဝမှာ ကြုံရတဲ့ ခလုတ်ကန်သင်းတွေကို

ကိုယ့်ဘဝ တိုးတက်အောင် မြှင့်တင်ပေမယ့် လှေကား

ထစ်တွေ အဖြစ် ပြောင်းလဲပစ်နိုင်ရမယ်သား၊

ခလုတ်တိုက်မိတဲ့ ကျောက်တုံးကို ခြေနင်းတုံးအဖြစ် အသုံးပြုတတ်ရမယ်

( အက်စတက်စ်ကီးဖော်ဗားရဲ့မိခင် )

၎။

သေသေချာချာ ကြည့်သမီး၊

မြို့လယ်ကွက်လပ်ကို ရောက်အောင်သွားနိုင်တဲ့လမ်းဟာ

တစ်လမ်းတည်းမဟုတ်ဘူး၊

အများကြီးရှိတယ်။

လူ့ဘဝမှာလည်း ထိုနည်းလည်းကောင်းပဲ၊

သမီးရည်မှန်းထားတဲ့ပန်းတိုင်ကို

ဒီလမ်းက သွားလို့မရရင် နောက်တစ်လမ်းက ကွေ့သွားလို့ ရနိုင်တယ်

( အယ်လဆာရှီယာပရယ်လီရဲ့ဖခင်…)

၅။

အောင်မြင်ရေးအတွက် အဓိကသော့ချက်ဟာ

ဆုံးဖြတ်ချက် တွေ အလျင်စလိုမချမိအောင် ထိန်းနိုင်ခြင်းပဲသား၊

ပြဿနာတစ်ခုကြုံရင် ပထမဆုံးသေသေချာချာစဉ်းစား၊

ပြီးတော့မှ စိတ် တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ချ

( ဖီးလ်မာရှယ် အလက်ဇန္ဒရို့စ် ပါပေဂို့စ်ရဲ့ဖခင်… )

၆။

ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်မယ်၊

ကိုယ်ရွေးချယ်ထားတဲ့ပွဲကို ကိုယ်ဝင်ပြိုင်ဖို့ ဇွဲနပဲလည်း ရှိမယ်ဆိုရင်

အောင်ပွဲဆိုတာ ပြေးမလွတ်ဘူး

(ဂျွန်ဟာရိုးလ်ဂျွန်ဆင်ရဲ့မိခင်…)

၇။

လူသားတို့သည်

မိမိတို့မှာရှိသော စွမ်းအား၏ အလွန်သေးငယ်သော အစိတ်အပိုင်းမျှလောက်

ကိုသာ သုံးစွဲနေကြ၏

( စိတ်ပညာရှင်ကြီး ဝီလျံဂျိမ်းစ် )

၈။

လူသည်လုပ်ငန်း၏ စိန်ခေါ်မှုနှင့်

မိမိမှာရှိသည့် စွမ်းရည်တို့ အားချင်းမျှကာ

သူတစ်ပြန် ကိုယ်တစ်ပြန် ယှဉ်ပြိုင်ဆင်နွှဲနေနိုင်သည့်အခါမျိုးတွင်သာ

လုပ်ငန်း၌ ဈာန်အဝင်ဆုံးဖြစ်တတ်၏။

ဒီအခါ လုပ်ငန်းစွမ်းရည်လည်း ထက်မြက်လာ၏။

၉။

နိစ္စဓူဝအလုပ်ထဲမှာ

စိန်ခေါ်မှုကလေးတွေ

မိမိဘာသာ ဖန်တီးထည့်သွင်းပေးခြင်း ဖြစ်၏။

၁၀။

တကယ့်ထိပ်တန်းတင်းနစ်သမားကောင်းများဟာ

ရိုက်ချက်တစ်ချက်ချင်းကောင်းဖို့ကိုသာ

အာရုံပြုတယ်။

ပြိုင်ပွဲနိုင်ဖို့ဆိုတာစဉ်းစားမနေဘူး။

ရိုက်ချက်တစ်ချက်ကောင်းမယ်၊

နောက်တစ်ချက်ကောင်းမယ်၊

အဲဒီအတိုင်းသာဆက်သွား၊

ဒီပွဲ နိုင်ပြီပဲ

( စိတ်ပညာရှင် ဂျွန် အင်ဒါဆင် )

၁၁။

စိတ်ရော၊ကိုယ်ပါညောင်းညာပြီး အာရုံစိုက်မှု အနည်းနှင့်အများလျော့ပါးလာတဲ့အခါ

အလုပ်ကို ခေတ္တချထားကာ၊

အသက်ပြင်းပြင်းရှူရှိုက်ခြင်း၊

မျက်စိကိုမှိတ်ထားကာ မိမိကိုယ်ကို သာယာသော ပန်းဥယျာဉ်ထဲ ရောက်နေတယ်လို့

မြင်ယောင်ခံစားခြင်း၊

လက်နှစ်ဖက် တွဲလောင်းချ၊

တစ်ကိုယ်လုံးရှိ အကြောအခြင်တွေလည်း လျှော့ချကာ

စိတ်ရော ကိုယ်ပါတောင့်တင်းမှု

အနည်းဆုံးအနေအထား၌ နေကြည့်ခြင်း

စတဲ့ဖြင့် အနားပေးသင့်ပါတယ်။

၁၂။

ဆေတန် ဒုံးပျံမှာ အစိတ်အပိုင်းပေါင်း ၅၆၀၀၀၀၀( ငါးသန်းခြောက်သိန်း)ပါတယ်။

အဲဒီတော့ ၉၉. ရာခိုင်နှုန်း သေချာတယ်ဆိုရင် တောင် မသေချာတဲ့အစိတ်အပိုင်း

၅၆၀၀(ငါးထောင်ခြောက်ရာ)လောက်ရှိနေနိုင်တယ်။

အခုဆေတန်၅ဒုံးပျံနဲ့ လွှတ်တင်တဲ့ အပိုလို အာကာသယာဉ်ရဲ့လကမ္ဘာသွားခရီးစဉ်မှာ

အတိအကျမဖြစ်တာ နှစ်ခုပဲရှိခဲ့တယ် ဆိုတော့၊

တိကျသေချာမှု ၉၉.၉၉၉၉ ရာခိုင်နှုန်းရှိတယ်လို့ ဆိုရလိမ့်မယ်၊

အကယ်၍ အစိတ်အပိုင်း ၁၃၀၀၀( တစ်သောင်းသုံးထောင်)လောက်ပဲ ပါတဲ့

သာမန်မော်တော်ကားတစ်စီးကိုသာ

အဲသည်လောက် တိကျသေချာအောင် လုပ်ထားမယ်ဆိုရင် နှစ်ပေါင်း (၁၀၀)လောက်

ကြာမှ ပထမဆုံးတစ်ကြိမ်စ ဖောက်တာ ကြုံရလိမ့်မယ်လို့

ဗန်ဘရောင်း (Wernher von Braun )

( ဒုံးပျံပါရဂူကြီး/ ပရိုဂျက်အကြီးအကဲ )ပြောခဲ့ပါတယ်။


" သွားမစ,လိုက်နဲ့ဗျို့...."




တစ်ခါတုန်းက...

ကျနော်နဲ့ကျနော့်မိန်းမ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို အလည်ရောက်ခဲ့စဉ်ကပေါ့။

တည်းခိုတဲ့နေရာကလည်း ပဲရစ်
မြို့ရဲ့နာမည်ကျော် "ချစ်သူလမ်းကြား" အနီးက

ဟိုတယ်တစ်ခုမှာလေ။

ညနေစောင်းလဲရောက်ရော ကျနော့်ဇာတိက ပြ လာတယ်၊

အဲဒီ
"ချစ်သူလမ်းကြား" ထဲကို

သွားကြည့်ချင်တာလေ။ ဝါသနာပါတာကိုး။

ဒါနဲ့ မိန်းမကိုလှည့်ပတ်ပြောခဲ့ပြီး သူ့ကို ဟိုတယ်အခန်းမှာ ခဏထားခဲ့လိုက်တယ်၊

ပြီးတာနဲ့ ချစ်သူလမ်းကြားတလျှောက် အစုံအဆန်လိုက်ကြည့်မိတယ်

အားပါးပါး...မိန်းမလှလေးတွေဗျာ၊

ပလက်ဖောင်းပေါ်မှာ၊

တိုက်နံရံဘေးမှာ၊

လှေခါးအဆင်းနေရာလေးတွေမှာ

ပေါမှပေါ

ချောမှချော။

အသားလေးတွေများ ဝင်းစိုအိဖတ်နေလိုက်တာ

ခြေသလုံးလေးတွေဆိုရင် ပြေးပြေး ဟပ်

လိုက်ချင်တယ်..တကယ်။

မနေနိုင်တာနဲ့ ကောင်မလေးတစ်ယောက်ကို ကပ်ပြီး မေးကြည့်လိုက်တယ်

"
မိန်းကလေး...ဘယ်ဈေးလဲကွ"

"
ရိုးရိုးဆိုရင် ဒေါ်လာ ၂၀၀၊

အစုံဆိုရင် ဒေါ်လာ ၂၅၀"

"
ဟင်...အဲလောက်တောင် ဈေးကြီးတာလား၊

ငါ က ၂၅ ဒေါ်လာလောက်ဘဲ ထင်နေတာ"


"
အဲဒါဆိုရင်တော့ ရှင် ဟိုဘက်တစ်လမ်းကျော်ကိုသွား၊

အဲဒီမှာ
၂၅ ဒေါ်လာတန်တွေရှိတယ်၊

ဒါပေမဲ့ စုတ်ပြတ်နေတာတွေဘဲ ရမှာနော်"

"
အော်...အေးပါကွာ၊

မသွားတော့ပါဘူး၊

ပြန်တော့မယ်"

"
ကြွ...ကြွ"

" ဟူး...မလွယ်ဘူး၊

သွားပြီး
စပ်စုမိတာ အကောခံလိုက်ရတာ အဖတ်တင်တယ်။

အခန်းပြန်မှ။


ဒါနဲ့ ဟိုတယ်ကိုပြန်၊ ရေမိုးချိုး၊ မိန်းမကို လက်ဆွဲပြီး

နှစ်ယောက်သားညစာစားဖို့ လမ်းမအတိုင်း ဆိုင်လိုက်ရှာရွေးနေတုံး

ကံများဆိုးချင်တော့ ခုနက မိန်းကလေးနဲ့ မျက်နှာချင်းဆိုင်တိုးပါလေရောဗျာ။

သူကလည်းမှတ်မိတယ်ခင်ဗျ၊

မှတ်မိတာထက်ဆိုးတာက သူ ပြောလိုက်တဲ့ စကား၊

"
အော်..ခုတော့ ၂၅ ဒေါ်လာတန်ကြီး , လာတယ်ပေါ့လေ၊

ကျမ မပြောဘူးလား၊

စုတ်ပြတ်နေပါတယ်လို့"

++++++++++++++++++++++++++++++++++++++++++++++

(မှတ်ချက်။ ။ ကျနော်ပြင်သစ်ကိုမရောက်ဖူးပါ။

ကျနော်ကိုယ်တွေ့လည်းမဟုတ်ပါ။

ရှေ့နေမလေး မနီဝမ်း ပေးပို့လိုက်တာကို

တစ်ဆင့်ဖောက်သည်ချလိုက်ခြင်းသာဖြစ်ပါကြောင်း၊)
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com