တစ်ခါတုန်းက...
ကျနော်နဲ့ကျနော့်မိန်းမ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို အလည်ရောက်ခဲ့စဉ်ကပေါ့။
တည်းခိုတဲ့နေရာကလည်း ပဲရစ်မြို့ရဲ့နာမည်ကျော် "ချစ်သူလမ်းကြား" အနီးက
ဟိုတယ်တစ်ခုမှာလေ။
ညနေစောင်းလဲရောက်ရော ကျနော့်ဇာတိက ပြ လာတယ်၊
အဲဒီ "ချစ်သူလမ်းကြား" ထဲကို
သွားကြည့်ချင်တာလေ။ ဝါသနာပါတာကိုး။
ဒါနဲ့ မိန်းမကိုလှည့်ပတ်ပြောခဲ့ပြီး သူ့ကို ဟိုတယ်အခန်းမှာ ခဏထားခဲ့လိုက်တယ်၊
ပြီးတာနဲ့ ချစ်သူလမ်းကြားတလျှောက် အစုံအဆန်လိုက်ကြည့်မိတယ်။
အားပါးပါး...မိန်းမလှလေးတွေဗျာ၊
ပလက်ဖောင်းပေါ်မှာ၊
တိုက်နံရံဘေးမှာ၊
လှေခါးအဆင်းနေရာလေးတွေမှာ၊
ပေါ
ချောမှချော။
အသားလေးတွေများ ဝင်းစိုအိဖတ်နေလိုက်တာ၊
ခြေသလုံ
လိုက်ချင်တယ်..တကယ်။
မနေနိုင်တာနဲ့ ကောင်မလေးတစ်ယောက်ကို ကပ်ပြီး မေးကြည့်လိုက်တယ်။
"မိန်းကလေး...ဘယ်ဈေးလဲကွ"
"ရိုးရိုးဆိုရင် ဒေါ်လာ ၂၀၀၊
အစုံဆိုရင် ဒေါ်လာ ၂၅၀"
"ဟင်...အဲလောက်တောင် ဈေးကြီးတာလား၊
ငါ က ၂၅ ဒေါ်လာလောက်ဘဲ ထင်နေတာ"
"အဲဒါဆိုရင်တော့ ရှင် ဟိုဘက်တစ်လမ်းကျော်ကိုသွား၊
အဲဒီမှာ ၂၅ ဒေါ်လာတန်တွေရှိတယ်၊
ဒါပေမဲ့ စုတ်ပြတ်နေတာတွေဘဲ ရမှာနော်"
"အော်...အေးပါကွာ၊
မသွားတော့ပါဘူး၊
ပြန်တော့မယ်"
"ကြွ...ကြွ"
" ဟူး...မလွယ်ဘူး၊
သွားပြီး စပ်စုမိတာ အကောခံလိုက်ရတာ အဖတ်တင်တယ်။
အခန်းပြန်မှ။
ဒါနဲ့ ဟိုတယ်ကိုပြန်၊ ရေမိုးချိုး၊ မိန်းမကို လက်ဆွဲပြီး
နှစ်ယောက်သားညစာစားဖို့ လမ်းမအတိုင်း ဆိုင်လိုက်ရှာရွေးနေတုံး။
ကံများဆိုးချင်တော့ ခုနက မိန်းကလေးနဲ့ မျက်နှာချင်းဆိုင်တိုးပါလေရောဗျ
သူကလည်းမှတ်မိတယ်ခင်ဗျ၊
မှတ်မိတာထက်ဆိုးတာက သူ ပြောလိုက်တဲ့ စကား၊
"အော်..ခုတော့ ၂၅ ဒေါ်လာတန်ကြီး မ, လာတယ်ပေါ့လေ၊
ကျမ မပြောဘူးလား၊
စုတ်ပြတ်နေပါတယ်လို့"
++++++++++++++++++++++++++++++++++++++++++++++
(မှတ်ချက်။ ။ ကျနော်ပြင်သစ်ကိုမရောက်ဖူးပါ။
ကျနော်ကိုယ်တွေ့လည်းမဟုတ်ပါ။
ရှေ့နေမလေး မနီဝမ်း ပေးပို့လိုက်တာကို
တစ်ဆင့်ဖောက်သည်ချလိုက်ခြင်းသာဖြစ်ပါကြောင်း၊)
No comments:
Post a Comment