Thursday, March 24, 2011

" သတိနဲ့ဉာဏ်နဲ့ ပြောပါ..."


ကိုယ့်ကိုယ်ကို သူများအောက်ကိုလည်း နှိမ့်ဖို့မလိုဘူး။

ကိုယ့်ကိုယ်ကိုသူများအထက်ကိုလည်း မြှင့်ဖို့မလိုဘူး။

ရိုးရိုးသားသား မှန်မှန်ကန်ကန် တန်းတူရည်တူပဲ

ကြည့်တတ်ဖို့လိုတယ်။


စကားပြောတဲ့အခါမှာလည်း သတိနဲ့ဉာဏ်နဲ့ ပြောပါ။

သတိဟာလူကို ပိုပြီး အသက်ဝင်စေတယ်။

သတိဟာ စိတ်ကိုပိုပြီးအားရှိစေတယ်။


အရင်တုန်းကထက်

စိတ်ထားတွေ၊ သဘောထားတွေ၊

အသိဉာဏ်တွေ သာတဲ့လူတစ်ယောက်ဖြစ်လာအောင်

လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကို

ကိုယ်ဖြည့်ဆည်းနေတာပဲ။


အင်မတန်စူးရှတဲ့၊

အင်မတန်ထက်မြက်တဲ့၊

အင်မတန်အင်အားကြီးတဲ့၊

သတိနဲ့ပညာက

ကိုယ့်ရဲ့ချို့ယွင်းချက်လေးတွေကို

သူ့ဟာသူ ပြင်ပြင်ပြီးတော့ သွားတတ်တယ်။


စိတ်ဓာတ်အင်အားပျော့ညံ့တဲ့သူ၊

စစ်မှန်တဲ့သတ္တိမရှိတဲ့သူတွေဟာ

သူတစ်ပါးကို အနိုင်ကျင့်တဲ့သူတွေ

ဖြစ်လာတယ်။


တာဝန်ယူတာဟာအမှန်တော့

လွတ်လပ်မှုတစ်မျိုးပဲ။


ဒီအခြေအနေမှာ ဒီလိုလုပ်မှ ဖြစ်မယ်လို့သိပြီးတော့

အခြေအနေနဲ့ကိုက်အောင်လုပ်နိုင်တာဟာ

လည်း ပဲ လွတ်လပ်မှုတစ်မျိုးပဲ။


ဘယ်အချိန်သေသေ၊

သေမှာကိုကြိုတင်ပြင်ဆင်ထားပြီး

အချိန်မရွေးသေတာကို လက်ခံနိုင်တဲ့စိတ်မျိုးနဲ့

နေသွားနိုင်ရင် လွတ်လပ်တဲ့စိတ်နဲ့နေတယ်လို့ ဆိုနိုင်တယ်။


တွေ့ကြုံနေရတဲ့ အခက်အခဲကို ကိုယ့်ဘဝအတွက်

အကောင်းဘက်ကို ရောက်သွားဖို့ရာ အခွင့်အရေးတစ်ခု

အနေနဲ့ မြင်တတ်ရင် ကိုယ့်ဘဝဟာ

ကြာလေ တိုးတက်လေ ဖြစ်မယ်။

ကြာလေ အဆင်ပြေလေဖြစ်မယ်။

ကြာလေ စိတ်ထားရင့်ကျက်လေ ဖြစ်မယ်။

ကြာလေ စိတ်ဓာတ်အင်အားကြီးသူ ဖြစ်လာမယ်။

ပိုပြီးလွတ်လပ်သူ ဖြစ်လာမယ်။


ဆရာတော်ဦးဇောတိက



Tuesday, March 22, 2011

" ဂုဏ်ယူစရာ အရက်ပါ..."



တစ်ခါတုန်းက
သေမင်းဟာ သူရဲ့တရားရုံးမှာ ရုံးထိုင်နေပါတယ်။
လူများအား ဒုက္ခအမျိုးမျိုးပေးနိုင်တဲ့ ဝန်ကြီးချုပ်တစ်ဦးကို ရှာနေပါတယ်။
အဲဒီရာထူးအတွက်လျှောက်ထားသူများရဲ့တင်ပြချက်များကို သေမင်းက နားထောင်နေခဲ့ပါတယ်။
မကောင်းဆိုးဝါး (၇)ဦးကလည်း အဲဒီရာထူးအတွက် လျှောက်ထားကြပါတယ်။
ငတ်မွတ်ခြင်း၊ဘေးဆိုးကြီးကလည်း အဲဒီရာထူးကို လျှောက်ထားပါတယ်။
နောက်ဆုံးမှာ မကောင်းမှုပြုနိုင်သူ နှစ်ဦးအပြိုင်အဆိုင်ပေါ်လာပါတယ်။
တစ်ဦးက လောဘနဲ့ နောက်တစ်ဦးက တယူသန်သူဖြစ်ပါတယ်။
လောဘက စစ်ဖြစ်အောင်လုပ်ပြီး လူတွေအများကြီးသေအောင် ဒုက္ခရောက်အောင်လုပ်နိုင်ပါတယ်လို့ကတိပြုပါတယ်။
တယူသန်သူက တော်လှန်ရေးဖြစ်အောင်လုပ်ပြီး အများဆူပူအုံကြွမှုဖြစ်အောင်
လုပ်ပေးပါမယ်လို့ ကတိပြုပါတယ်။
သေမင်းက အဲဒီနှစ်ဦးထဲကတစ်ဦးကို ရွေးချယ်ဖို့် စဉ်းစားနေတုန်း
နောက်ထပ် အဲဒီရာထူးလျှောက်ထားသူတစ်ဦး ထပ်ပေါ်လာပါတယ်။
လျှောက်ထားသူမှာ ကျက်သရေရှိပြီး လှပတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
သူမရဲ့စကားကို သေမင်းက အလွန်သဘောကျသွားပါတယ်။

" စစ်တို့ တော်လှန်ရေးတို့ဆိုတာလူအများသေစေနိုင်တယ်ဆိုတာ မှန်နိုင်ပါတယ်။
ဒါပေမယ့် စစ်နဲ့တော်လှန်ရေးဆိုတာမျိုးတွေဟာ ဖြစ်နိုင်ခဲတဲ့ဖြစ်ရပ်များဖြစ်ပါတယ်။
တကယ်တော့ သေမင်းလိုတာက အေးချမ်းပြီး သာယာဝပြောနေတဲ့ကာလမှာပင် အသေအပျောက်များဖို့မို့လား
အဲဒီလိုဖြစ်အောင် ကျမလုပ်နိုင်ပါတယ်။
ကျမသူငယ်ချင်း ခေတ်ယဉ်ကျေးမှုနဲ့အတူ ပူးပေါင်းပြီး
သေမင်းဆန္ဒပြည့်ဝအောင် ဖြည့်ပေးနိုင်ပါတယ်။
လူတွေဟာ ချမ်းသာမှုတွေ ပေါများကြွယ်ဝမှုတွေကို များများခံစားလာတာနဲ့အမျှ
သေကျေဆုံးရှုံးမှုတွေဟာ များလာမှာပါ။
စစ်ကာလ အေးချမ်းသာယာပြည့်ဝတဲ့ကာလမှာ သေဆုံးတဲ့ဦးရေက ပိုများမျာပါ "
လို့ရှင်းပြပါတယ်။
သေမင်းက အဲဒီစကားကြားတဲ့အခါ အလွန်သဘောကျပြီး
တင်ပြသူရဲ့အမည်ကိုမေးပါတယ်။
ကျမနာမည်က သေရည်ဆိုတဲ့အရက်ပါ။"
လို့ ပြန်ဖြေပါတယ်။
သေမင်းဟာ အရက်အား ဝန်ကြီးချုပ်ရာထူးကို ခန့်လိုက်ပါတယ်။
အဲဒီအချိန်ကစပြီး အခုအချိန်အထိ သူ့တာဝန်တွေကို
ကျေကျေပြွန်ပြွန်ဆောင်ရွက်နေပါတော့တယ်။

(အင်္ဂလိပ်စာရေးဆရာမကြီး အယ်မလီဗရွန်တီဟာ
ငယ်စဉ်အခါက ရေးသားခဲ့တဲ့ဇာတ်လမ်းတစ်ပိုဒ်ဖြစ်ပါတယ်)









Monday, March 21, 2011

" ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်တဲ့အခါ..."


လွန်ခဲ့တဲ့နှစ်များစွာက နယူးရောက်မြို့ရှိ လူချမ်းသာ မိသားစုမှာ
ကလေးငယ်တစ်ဦး မွေးဖွားလာခဲ့ပါတယ်။
အဲဒီကလေးမှာ အမြင်အာရုံအားနည်းပါတယ်။
ကျန်းမာရေး ချို့တဲ့လွန်းတဲ့အတွက် သူဟာ အခြားကလေးများနည်းတူ
ကျောင်းကိုပင် ကောင်းကောင်းမတက်နိုင်ခဲ့ပါ။
အခြားကလေးများနဲ့လည်း အတူတူမကစားနိုင်ပါ။
သူဟာ ဘောလုံးသိပ်ကန်ချင်ပါတယ်။
ဒါပေမယ့် သူမကစားနိုင်ပါ။
ကောင်လေးက သူ့အား အခြားကလေးများကစားတဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားရတဲ့
ကစားနည်းများတွင် ပါဝင်ခွင့်ပြုဖို့တောင်းဆိုတယ်။
ဒါပေမယ့် သူရဲ့ကျန်းမာရေးကြောင့် သူ့ကို ကစားခွင့်မပြုခဲ့ကြပါ။
ဒီတော့
ကောင်လေးက အားလုံးကြားလောက်အောင် ကြေညာပါတော့တယ်။
" ဆရာဝန်တွေ ပြောချင်တာ ပြောပါစေ၊
ငါ ဒီနေ့ကစပြီးသန်မာအောင်လုပ်မယ်။
ဒီလောက်ချိနဲ့တဲ့ ကိုယ်ခန္ဓာကို
လေ့ကျင့်ပြီး အားကစားသမားတစ်ဦးဖြစ်အောင်လုပ်မယ် "
လို့ ကြေညာခဲ့ပါတယ်။
အစပိုင်းမှာ လေ့ကျင့်ခန်းကို ဖြည်းဖြည်းသာ လုပ်ပါတယ်။
နောက်ပိုင်းမှာ ပိုပိုပြီး လေ့ကျင့်ခဲ့ပါတယ်။
အစပိုင်းမှာ စိတ်ပျက်စရာတွေနဲ့ တွေ့ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့အောင်မြင်လာခဲ့ပါတယ်။
လူငယ်ဘဝမှာတော့ သူဟာအနောက်ပိုင်းဒေသသို့သွားပြီး.
ကျွဲခြံ၊ နွားခြံများမှာအလုပ်သွားလုပ်ပါတယ်။
အဲဒီအချိန်တုန်းက တစ်နေ့တာရဲ့နာရီပေါင်းများစွာကို မြင်းကုန်းနှီးပေါ်မှာ
အချိန်ုကုန်ခဲ့ပါတယ်။
အခြားကျွဲကျောင်းသား၊ နွားကျောင်းသားများစွာက
သူ့ကို ချစ်ခင်လေးစားကြတယ်။
အဲဒါကြောင့် အမေရိကန်နဲ့စပိန်တို့ဖြစ်တဲ့စစ်ပွဲမှာ
အဲဒီလူငယ်လေးဦးဆောင်တဲ့မြင်းစီးသူရဲတပ်ဖွဲ့မှာ
ကျွဲကျောင်းသား၊နွားကျောင်းသားများစွာပါဝင်လာကြတယ်။
အဲဒီကောင်လေးကိုချစ်ခင်တဲ့အတွက်ကြောင့်
စစ်ပွဲမှာ ပါဝင်လာကြခြင်းဖြစ်တယ်။
အဲဒီအချိန်ကစပြီး
" အကြမ်းမြင်းသည်တော်များ "လို့ အမည်တွင်လာကြပါတယ်။
အဲဒီကောင်လေးကတော့
တစ်ချိန်မှာတော့ အမေရိကန်နိုင်ငံတော်ရဲ့ ၂၆ယောက်မြောက်
အမေရိကန်သမ္မတကြီး သီအိုဒို ရုစဗဲ့ ဖြစ်လာပါတယ်။

ကဲ... ဘာစိတ်ပျက်ဖို့လိုသလဲ။
ဒါဟာ တစ်ချိန်တုန်းက အားနည်းချက်တွေကို
အားသာချက်တွေဖြစ်လာအောင် အသွင်ပြောင်းနိုင်တယ်ဆိုတဲ့ သာဓကပဲ မဟုတ်လား။
အဓိက ကတော့ ကိုယ့်စိတ်ကို ကိုယ်အောင်နိုင်ခဲ့မယ်ဆိုရင်
ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ အဖြစ်အပျက်ပါပဲ။
ကဲ... အမေရိကန်မှာ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေ
ဖြစ်အောင် ကြိုးစားလိုက်ကြရအောင်လား။
ဘယ်သူမဆို ဖြစ်အောင်ကြိုးစားနိုင်ပါတယ်။

Friday, March 18, 2011

“ ဒန်းစီးခြင်း…”


ရှေ့တိုးလိုက်၊


နောက်ဆုတ်လိုက်နဲ့၊


အောင်မယ်လေး


ကောင်းလှချည်းလားနော်။


(သားသားလေး)

Thursday, March 17, 2011

“ မင်းအမေဆီ သွားပေါ့…”



သည်းမခံနိုင်တော့တဲ့အဆုံး မိန်းမဖြစ်သူ မကြိုင်ကြိုင်က

ယောက်ျားကိုမြင့်နိုင်ကို ပြန်အော်တယ်။


ရှင့် ကျမကို နှိပ်စက်တာ လွန်လွန်းပြီ၊

ဘယ်မိန်းမမှ ရှင့်အနွံအတာကို မခံနိုင်ဘူးရှင့်၊

နားလည်လား


မခံနိုင်ရင် မင်းအမေနောက် လိုက်သွားဟေ့၊

မတားဘူး


ကျမအမေ ဆုံးသွားပြီ ဆိုတာ

ရှင်သိတယ်မဟုတ်လား


ကိုမြင့်နိုင်က ပြန်ပြောလိုက်တာက...

သိလို့ပြောတာပေါ့


Wednesday, March 16, 2011

" လွတ်လပ်မှုဟာ ငါတို့ရဲ့အကောင်းဆုံးရတနာ..."





လွတ်လပ်မှုဟာ
ငါတို့ရဲ့အကောင်းဆုံး၊

အသိမ်မွေ့ဆုံး၊
အမွန်မြတ်ဆုံး၊
အလှပဆုံး ရတနာဖြစ်တယ်။

လွတ်လပ်မှုဟာ တန်ဖိုးထားစရာ
တွေ အားလုံးရဲ့မိခင်ဖြစ်တယ်။

တစ်နေ့ထက်တစ်နေ့ ပိုပြီး အသိဉာဏ်ရှိတဲ့သူ
ဖြစ်လာဖို့ ကြိုးစားနေရတာ
တစ်နေ့ထက်တစ်နေ့ ပိုလွတ်လပ်လာဖို့
ကြိုးစားနေရတာ အဓိပ္ပာယ်ရှိတယ်။

မှန်တာကို လုပ်ရဲတာဟာ
ရိုးသားမှုနဲ့ သတ္တိ နှစ်မျိုးလုံးရှိလို့ပါ။
ရိုးသားမှုနဲ့ သတ္တိရှိတဲ့သူမှသာ
လွတ်လပ်တဲ့သူ ဖြစ်တယ်။

ပေးမှ ရတဲ့လွတ်လပ်မှုဟာ
လွတ်လပ်မှု အစစ်မဟုတ်ဘူး။
ဘယ်သူကမှ လွတ်လပ်မှုကို ပေးလို့မဘူး။
မိမိဘာသာ ဖြစ်အောင် လုပ်ယူမှ ရတယ်။

ဘယ်သူ့ဆီကမှ ခွင့်တောင်းစရာမလိုတဲ့
လွတ်လပ်မှုကို အပြည့်အဝယူပါ။
ဒီအခွင့်အရေးကို ယူနိုင်တဲ့သူဟာ
ကျန်တဲ့အခွင့်အရေးတွေ ကိုပါရလာမယ်။

လွတ်လပ်တဲ့သူရဲ့ဘာသာတရားမှာ
ဆုပေးတာမရှိဘူး။
ဒဏ်ပေးတာ မရှိဘူး။
ဉာဏ်ကို ပြည့်ပြည့်ဝဝသုံးပြီး
အမြင့်ဆုံး၊အမြတ်ဆုံးကို လုပ်တာပဲရှိတယ်။

စိတ်ထားနဲ့ အသိဉာဏ်မြင့်သွားလေလေ၊
လွတ်လပ်မှုကို မြတ်နိုးလေလေပဲ။

လွတ်လပ်မှုဟာ ချမ်းသာအစစ်ပဲ။

ပစ္စည်းတွေတော့ အများကြီး ပိုင်ပါတယ်။
ဒါပေမယ့် ကိုယ့်ဘဝကိုယ် ကိုယ်မပိုင်ဘူး။
ဘာဖြစ်လို့လဲ။
ဘဝကို ရောင်းစားထားလို့ပေါ့။
ငွေရပြီး ဂုဏ်ရှိပြီး လွတ်လပ်မှုမရှိတဲ့ဘဝကို မက်မောတာဟာ
ဘဝရဲ့မြင့်မြတ်တဲ့သဘောကို မခံစားတတ်လို့ပါ။

ငါ့မှာ အရည်အချင်းရှိဖို့၊
သတ္တိရှိဖို့၊
စည်းကမ်းရှိဖို့၊
ဇွဲရှိဖို့၊
ပညာတတ်ဖြစ်ဖို့၊
ငါတာဝန်ယူတယ်လို့ ပြောနိုင်တဲ့စိတ်ဟာ
လွတ်လပ်တဲ့စိတ်ဖြစ်တယ်။

ကိုယ့်အရည်အချင်းတွေကို ကိုယ့်အမြဲတမ်း မြှင့်တင်နေရမယ်။
ကိုယ့်စိတ်ဓာတ်ကို ခိုင်မာအောင် ၊ရင့်ကျက်အောင်
လေ့ကျင့်နေရမယ်။
ငါဟာ ဉာဏ်ရှိတဲ့သူ၊
သတ္တိရှိတဲ့သူ၊
အမှား၊အမှန်၊ အကောင်းအဆိုး၊
တရားတယ်၊ မတရားဘူးဆိုတာကို
ခွဲခြားပြီးသိတဲ့သူဆိုတာကို ဖော်ပြနိုင်ရမယ်။

( ဆရာတော် ဦးဇောတိက)

Tuesday, March 15, 2011

" ခေါင်းထောင်ရဲမှ ခေါင်းဆောင်ကောင်း..."


အုတ်ချပ်ကလေးတွေကို တစ်ချပ်ချင်းစီပြီး

ဆောက်သွားတဲ့အခါ အိမ်တစ်အိမ်ဖြစ်လာသလိုပဲ

အဲဒီဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ

လူတစ်ယောက်ဖြစ်လာတယ်။


သတ္တိဆိုတာ

အတွင်းစိတ်ဓာတ်ရဲ့အရည်အသွေး

တစ်မျိုးဖြစ်တယ်။


ဟောဒါက

ငါ့ရဲ့ ပင်ကိုယ်အရည်အချင်း၊

ငါ့ရဲ့ ပင်ကိုယ်သဘောထား၊

ငါ တကယ်လုပ်ချင်တဲ့အလုပ်၊

ငါ တကယ်လုပ်မယ်၊

ဒါကိုလုပ်နိုင်တဲ့စွမ်းရည်သတ္တိ

ငါ့မှာရှိတယ်။


အကောင်းဆုံးကိုရွေးချယ်ပြီးတော့လုပ်မယ်။

အကယ်၍ ငါလုပ်တာဟာလွဲသွားတယ်၊

မှားသွားတယ်ဆိုရင်လည်း ပဲ

အဲဒါကိုပါ သတ္တိရှိရှိ လက်ခံပြီးတော့

ဘယ်လိုပြုပြင်ရင်အကောင်းဆုံးဖြစ်မလဲ

ဆိုတဲ့နည်းလမ်းကို ရှာပြီးတော့

သတ္တိရှိရှိပြုပြင်သွားမယ်။


လူ့လောကကြီးတစ်ခုလုံးကို ကောင်းအောင်

တစ်နည်းနည်းနဲ့ အထောက်အကူပေးချင်တယ်ဆိုရင်

လူတွေမှာ ရှိတဲ့ကောင်းတဲ့စိတ်ထားတွေ၊

ကောင်းတဲ့ပင်ကိုအရည်အချင်းတွေကို

သူတို့ဟာသူတို့သိဖို့၊

သူတို့ဟာသူတို့ဖော်ထုတ်ဖို့၊

အသုံးချဖို့၊

တတ်နိုင်တဲ့နည်းနဲ့လမ်းဖွင့်ပေးရမယ်။

ပြုစုပေးရမယ်။

သူ့ကိုယ်သူ ယုံကြည်မှုရှိတဲ့သူ၊

သူ့အရည်အချင်းကိုသူပြည့်ပြည့်ဝဝထုတ်သုံးနိုင်တဲ့သူတွေ

ဖြစ်လာအောင် ပြုစုပေးရမယ်။


ကိုယ်ဉာဏ်ရှိသလောက်ချင့်ချင့်ချိန်ချိန်စဉ်းစားပြီး

တတ်နိုင်သလောက် အကောင်းဆုံးကို ရွေးချယ်ဆုံးဖြတ်ပြီးတော့

လုပ်သွားနိုင်မှသာ ကိုယ့်ရဲ့အရည်အချင်းနဲ့

ကိုယ်ရဲ့သတ္တိ ကဖွံ့ဖြိုးလာမှာပဲ။


ဆရာတော် ဦးဇောတိက


နိုင်ငံခြားကို ထွက်ဖို့အကြောင်းဖြစ်လာတော့

ဘာမှမသိတဲ့နိုင်ငံမှာ

ဘယ်လိုရပ်တည်ရမလဲဆိုတာ စဉ်းစားဖြစ်တယ်။

ရေရှည်ရပ်တည်နိုင်ဖို့က

ကိုယ့်ကိုယ်ကိုယ် အားပေးမှုဟာ မရှိမဖြစ်လိုအပ်မှန်း

သဘောပေါက်လာပါတယ်။

ဒါကြောင့် နှစ်ပေါင်းများစွာစုဆောင်းလာခဲ့တဲ့

မှတ်စုစာအုပ်တွေကို ယူလာဖြစ်ခဲ့တယ်။

စိတ်ဓါတ်ခွန်အားလိုအပ်တဲ့အခါတိုင်း

အဲဒီမှတ်စုစာအုပ်ပါ အကြောင်းအရာကို ဖတ်ဖြစ်ခဲ့ပါတယ်။

ခွန်အားဖြစ်ခဲ့ပါတယ်။

ကိုယ့်လိုပဲ လိုအပ်သူတွေလည်း ရှိနိုင်တယ်ထင်မိလို့

မှတ်စုပါအကြောင်းအရာကို

မျှဝေလိုက်တာပါ။


ကိုယ့်ကိုယ်ကိုယ် အားပေးဖို့ပါ။

ပြီးတော့...

စိတ်ဓါတ်ခွန်အားကို တန်ဖိုးထားတတ်သူတိုင်းအတွက်ပါ။

Monday, March 14, 2011

" သူ့ထက်သူ လူစွမ်းကောင်းတွေချည်းပဲ..."


နိုင်ငံခြား သဘောင်္ပေါ်က အဖြစ်အပျက်ပါ။
တနင်္ဂင်္နွေနေ့မှာ သဘောင်္သားအများစု အားကြတယ်။
မြန်မာနိုင်ငံက သဘောင်္သားအများစုက ဝိုင်းဖွဲ့ပြီး အရက်သောက်ကြတယ်။
အရက်လေးဝင်လာပြီဆိုရင် စကားလည်းများကြတယ်။ ငြင်းလာကြတယ်။ွ
ကျနော်တာဝန်က E.Oပါ။ကျနော်ကို အများက ဓါတ်ကြိုးကြီး လို့ခေါ်ကြတယ်။
ဒီနေ့မှာတော့ ကျနော် အရက်သောက်ချင်စိတ်မရှိတဲ့အတွက် အနားမှာရှိတဲ့ကုတင်တစ်လုံးမှာ မဂ္ဂဇင်းတစ်အုပ်ကို လှဲပြီး ဖတ်နေတယ်။

သန်းအေးဆိုတဲ့အကောင်က
" ငါ့ကို ဘာကောင်မှတ်သလဲ၊
ငါနေတဲ့အရပ်ကို ပြောပြလိုက်ရင် မင်းတို့တွေ ဖြုံသွားမယ်။ "

" ကဲ...ပြောစမ်းပါအုန်း၊
မင်းဆိုတဲ့အကောင်က ဘယ် ကလာတာလဲ ပြောစမ်းပါအုန်း၊"
လို့ စိန်သန်းကမေးလိုက်တယ်။
ကိုသန်းအေးက" ငါက ဗိုလ်တထောင် ကလာတာကွ ။"
လို့ရင်ကော့ပြီးပြောလိုက်ပါတယ်။
" ဗိုလ်တထောင်ဆို ပျင်းတောင်ပျင်းသေးတယ်။
ငါက ကိုယ့်မင်းကိုယ်ချင်းလမ်း ကလာတာကွ"
လို့ စိန်သန်းကပြောလိုက်ပါ တယ်။

တင်ဝင်းက
" မင်းတို့လောက်တော့ အီစပျော့ပဲ။
ငါက မင်းမနိုင်ရပ်ကွက် ကလာတာကွ "
လို့ပြောလိုက်ပါတယ်။
သူတို့တွေ စကားနိုင်လုနေတာကို ကြားရတော့ ကျနော်ပြုံးမိပါတယ်။

သူတို့တွေ ဘာဆက်ပြောရမှန်း မသိတော့ ကျနော်ဖက် လှည့်လာပါတယ်။
" ဓါတ်ကြိုးကြီး ဘယ်ကလာတာလဲ "
လို့မေးလိုက်ပါတယ်။
ကျနော်က ဖတ်လက်စ စာအုပ်ကို လက်ကြားညှပ်ပြီး ပြန်ပြောလိုက်တာက
" တောင်ကြီးက....။"
သူတို့အားလုံး အသံတိတ်သွားကြတယ်။

" သတ္တိ အများကြီးလိုပါတယ်..."


အခုခေတ်မှာ အကြောင်းအကျိုးကို

ခိုင်ခိုင်မာမာ၊

ရင့်ရင့်ကျက်ကျက်နဲ့စဉ်းစားနိုင်တဲ့အရည်အချင်းရှိဖို့က

ပိုပြီးတော့ လိုအပ်တယ်။


စိတ်ထားနဲ့ အသိဉာဏ်

ရင်ကျက်မှုဘက်ကိုသွားနေသ၍

ဘယ်သူဖြစ်ဖြစ် အဲဒီလူအတွက်

သတ္တိဆိုတာ အင်မတန် အခြေခံကျတဲ့

အရည်အချင်းတစ်ခုဖြစ်တယ်။

ဂုဏ်တစ်ခုဖြစ်တယ်။

ရှေ့ကိုတိုးပြီးသွားနေအုံးမယ်ဆိုရင်

သတ္တိလိုတာချည်းပဲ။


အားငယ်တတ်တဲ့လူဟာသတ္တိ ရှိတဲ့လူ မဖြစ်နိုင်ဘူး။

အားငယ်တတ်တဲ့လူဟာ

ရိုးသားပွင့်လင်းတဲ့ဆက်ဆံရေး၊

Creative ဖြစ်တဲ့ ဆက်ဆံရေးမျိုးကို မရနိုင်ဘူး။

ဒါကြောင့် တစ်ချက်ချင်း၊

တစ်ချက်ချင်းမှာ

သတ္တိရှိဖို့လိုတယ်ဆိုတာကိုစဉ်းစားရမယ်။


သူ့ကိုချစ်တယ်ဆိုတာ

ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။

ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာပဲ။


ငါ့ကိုပြန်ချစ်မှာလားဆိုတဲ့ မျှော်လင့်ချက်မျိုးမထားပဲ

ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့

သတ္တိလိုတယ်။


သူ့ဆီက ဘာမှပြန်မမျှော်လင့်ပဲနဲ့

ကိုယ်ပေးနိုင်တာကို

မေတ္တာနဲ့ပေးနိုင်ဖို့

သတ္တိလိုပါတယ်။


အရှုံးအမြတ်မတွက်ပဲ

ချစ်နိုင်ဖို့ သတ္တိလိုတယ်။

အနိုင်အရှုံး မရှိပဲချစ်နိုင်ဖို့

သတ္တိလိုတယ်။

ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိလိုတယ်။

တကယ်သတ္တိရှိမှ ချစ်နိုင်တယ်။


ဖန်တီးမှုအစစ်အမှန် မှန်သမျှဟာ

လွတ်လပ်တဲ့လူရဲ့လုပ်ရပ် ဖြစ်တယ်။

တစ်ခုခုကို ဖန်တီးဖို့ တည်ထွင်ဖို့

သတ္တိလိုတယ်။


စိုးရိမ်စိတ်ကိုကျော်လွှားပြီး ကိုယ်လုပ်ချင်တဲ့အလုပ်ကို

ဆက်လုပ်နိုင်ဖို့ဆိုတာ

သတ္တိလိုတယ်။


စာရေးတယ်ဆိုတာလည်း သတ္တိ အများကြီးလိုတယ်။

ကိုယ့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ရိုးသားတဲ့စိတ်နဲ့၊

ကိုယ့်အသိဉာဏ်နဲ့

ကိုယ်မြင်ထားတာ၊သိထားတာကို

ပွင့်ပွင့်လင်းလင်းပြောနိုင်ဖို့ သတ္တိလိုတယ်။

စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း

ပြောနိုင်ဖို့၊ရေးနိုင်ဖို့ကိုပဲ သတ္တိလိုတယ်။


သူများမလုပ်သေးတဲ့အလုပ်တစ်ခုကို

ကိုယ်ကစပြီးလုပ်ဖို့ဆိုတာ သတ္တိ

အများကြီးလိုပါတယ်။


ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တဲ့သူ၊

ကိုယ့်လမ်းကို ကိုယ်ရှာပြီးသွားနေတဲ့လူ

ဖြစ်ဖို့သတ္တိအများကြီးလိုပါတယ်။

ဆရာတော်ဦးဇောတိက


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com