Wednesday, February 16, 2011

“ ဂုဏ်သိက္ခာကို ထိန်း...”


တစ်ခါတုန်း နာမည်ကျော်အမေရိကန်စာရေးဆရာကြီးမတ်တွိန်း

ဟာ စီးပွားရေးလုပ်ငန်းတစ်ခုကို သွားရောက်လုပ်ကိုင်ရာ

ရှိသမျှဥစ္စာဆုံးရှုံးပြီး အကြွေးအများအပြားနဲ့ ကျန်ရစ်ပါတယ်။


သူဟာ တင်သမျှ ကြွေးကိုကျေအောင်ဆပ်မယ်ဆိုတဲ့ စိတ်နဲ့

အလုပ်လုပ်ပေမယ့် သုံးနှစ်ကြာသွားတယ်။

အကြွေးကမကျေနိုင်သေးဘဲ ဖြစ်နေပါတယ်။


သူဟာ နာမည်ကျော်ကြားတဲ့ စာရေးဆရာဖြစ်ပြီး၊

စာဖတ်သူတို့ အလွန်ချစ်ခင် နှစ်သက်သူ၊

တိုင်းပြည်က လေးစားကြည်ညိုသူတစ်ဦးဖြစ်ရာ

လူသိထင်ရှားဖြစ်နေတဲ့ သူ့အခက်အခဲကို

ကူညီဖြေရှင်းပေးဖို့အတွက် သတင်းစာတစ်စောင်က

ဦးဆောင်ပြီးရန်ပုံငွေ ကောက်ခံကြတယ်။

လူအများအပြားအပါအဝင်

ချမ်းသာသူရော၊

အရေးပါအရာရောက်သူရော လူအများအပြားတို့က

ငွေကြေး အမြောက်အများထည့်ဝင်လှူဒါန်းကြပါတယ်။

အဲဒီရန်ပုံငွေကရတဲ့ငွေကြေးဟာ

အကြွေးပေးဆပ်ဖို့ လုံလောက်တဲ့ ငွေကြေးဖြစ်နေပါတယ်။


အဲဒီရန်ပုံငွေကို လက်ခံလိုက်ရင် အကြွေးကို

ဆပ်ပြီးသားဖြစ်နိုင်ပါတယ်။

ဒါပေမယ့် မတ်တွိန်းက လက်မခံပါ။

စေတနာရှင်တို့ရဲ့ကူညီငွေ အားလုံးကို

ပြန်လည် ပေးလိုက်ပါတယ်။

မိမိကိစ္စကို မိမိဘာသာဖြေရှင်းမယ်ဆိုတဲ့စိတ်ဓါတ်ကြောင့်

ပြန်လည်ပေးလိုက်ခြင်းဖြစ်တယ်။


နောက် ခုနစ်လအကြာမှာတော့

သူရဲ့စာအုပ်သစ်တစ်အုပ် အကြီးအကျယ်

အောင်မြင်သွားတဲ့အတွက်

သူ့ရဲ့ကြွေးများကို အားလုံး ပြီးပြေအောင်

သူပေးဆပ်နိုင်ခဲ့ပါတယ်။


အဓိက ကတော့

ကိုယ့်ရဲ့ဂုဏ်သိက္ခာကို

ကိုယ် လေးစားခြင်းဖြစ်သလို

ကိုယ် တန်ဖိုးထားခြင်းလည်း ဖြစ်တယ်။

ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားလေးစားခြင်းဆိုတာ

လူတိုင်းနဲ့သက်ဆိုင်သောကိစ္စဖြစ်တယ်။

Tuesday, February 15, 2011

“ရွာမှာ ပြောင်းနေပေါ့…”



အရာရှိဖြစ်တဲ့ ဦးသန်းဝင်းက

စာရေးကြီး ကိုအုန်းမောင်၊

အမြဲတမ်းလိုလို

ခင်ဗျား ရုံးတက်နောက်ကျနေပါလား၊

ဘာဖြစ်လို့လဲ


ကျနော့်ကို နားလည်စေချင်ပါတယ် ဆရာ၊

ကျနော့်မှာ မိန်းမလည်း မရှိ၊

နှိုးစက်နာရီလည်း မရှိပါဘူး


အရာရှိ ဦးသန်းဝင်းက...

ဒါဆို ရွာမှာ သွားပြောင်းနေ၊

အဲ...ဟိုမှာ

ကြက်ဖတွေ ရှိတယ်

Monday, February 14, 2011

“ ခိုးတာချင်းအတူတူပါပဲ…”


ငွေစက္ကူများထည့်ထားတဲ့ အိတ်ကို

ဧည့်သည်ဖြစ်သူ

ကိုမူတူးက

အရာရှိကြီးရဲ့ လက်ထဲကို

ကမ်းပေးလိုက်တယ်။


အရာရှိကြီးက အသံမာမာနဲ့ပြောတယ်။

ဘာလဲ၊

ဒါက လာဘ်ပေးတာလား


ဧည့်သည်ဖြစ်သူ ကိုမူတူးဟာ

အရာရှိကြီးရဲ့စကားကြောင့်

တုန်လှုပ်ခြောက်ခြားသွားပြီး

မိမိရဲ့အိတ်ကို ပြန်ယူဖို့ ကြိုးစားတယ်။


အရာရှိကြီးက လက်နဲ့တားပြီးဆက်ပြောတာက

ခင်ဗျား၊

ကံကောင်းတယ်။

ကျုပ်ဟာ လာဘ်ယူတတ်တဲ့လူ ဖြစ်နေတယ်

Sunday, February 13, 2011

“ အကြီးမားဆုံးအန္တရာယ်...”


အန္တရာယ်ကို ရင်မဆိုင်တာက

အကြီးမားဆုံးအန္တရာယ်။


အခက်အခဲကို ရင်မဆိုင်တာက

အကြီးမားဆုံးအန္တရာယ်။


သေချာတာကိုမှ လုပ်ချင်တာက

အကြီးမားဆုံး အန္တရာယ်။


ဆုံးရှုံးမှုကို ကြောက်လွန်းတာက

အကြီးမားဆုံး အန္တရာယ်။


( ဆရာတော် ဦးဇောတိက )

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com