Friday, December 17, 2010

“ လေသူရဲဖြစ်ချင်တယ်…”



စိတ်ရောဂါအထူးကုဆေးရုံကို စစ်ဆေးရေးကော်မရှင်

ရောက်လာကြတယ်။

ပထမဆုံး တွေ့တဲ့လူနာကိုမေးတယ်။


“ ခင်ဗျာနာမည် ဘယ်လိုခေါ်သလဲ ”

“ ရွှေအေးပါ ”

“ ခင်ဗျားမှာ ဘာ ရည်မှန်းချက် ရှိသလဲ၊

ခင်ဗျား ဘာဖြစ်ချင်သလဲဗျ ဟင် ”

“ မသိဘူး ”


ကော်မရှင်အဖွဲ့ဝင်လူကြီးတွေက

နောက်တစ်ယောက်ကို မေးပြန်တယ်။

“ ခင်ဗျား နာမည် ဘယ့်နှယ့် ခေါ်သလဲ ”

“လူမင်းပါ ”

“ ခင်ဗျား ဘာဖြစ်ချင်သလဲဗျ ဟင် ”

“ မသိဘူး ”


ကော်မရှင်အဖွဲ့ဝင်လူကြီးများ စိတ်ပျက်ပျက်နဲ့

ဆေးရုံအုပ် ဆရာဝန်ကြီး အခန်းထဲကို ဝင်လာကြတယ်။

“ ဘယ်လိုလဲ ဆေးရုံအုပ်ကြီး၊

ခင်ဗျားလူနာတွေ သူတို့

ဘာဖြစ်ချင်ကြသလဲဆိုတာ တစ်ယောက်မှ မပြောနိုင်ကြပါလား ”


ဆေးရုံအုပ်ကြီး သဘောပေါက်သွားတယ်။

နောက်တစ်ပတ်အကြာတွင် ပြန်လာကြရန်

ကော်မရှင်အဖွဲ့ဝင်မျာကို မေတ္တာရပ်ခံတယ်။


နောက်တစ်ပတ်အကြာတွင်

ကော်မရှင်အဖွဲဝင်များ ရောက်လာကြတယ်။

လူနာတစ်ယောက်ကို မေးတယ်။

“ ခင်ဗျား ဘာဖြစ်ချင်တဲ့ ဆန္ဒရှိသလဲဗျ ”

“ လေသူရဲ ”

“ အလဲ့၊

တယ်ဟုတ်ပါလား၊

ဒါနဲ့ ခင်ဗျားနာမည် ဘယ်လိုခေါ်သလဲ ”

“ မသိဘူး ”

“ စံပြလုပ်သား…”



ဆေးကုမ္ပဏီရဲ့အုပ်ချုပ်ရေးမှူးဦးသန်းဝင်းက

သူရဲ့လက်အောက်ဝန်ထမ်းကို မေးတယ်။


“ ကိုမောင်စံ၊

ခင်ဗျား ကျန်းမာရေးအခြေအနေ

ကောင်းတယ်နော် ”


“ ကောင်းပါတယ်ဆရာ၊

လုပ်သက်၁၂-နှစ်အတွင်းမှာ

တစ်ခါမှ နေထိုင်မကောင်း မဖြစ်ခဲ့ဖူးပါဘူး ”


ဦးသန်းဝင်းက

“ အင်း၊

အင်မတန် အံ့သြစရာကောင်းတာပဲ၊

အစာအိမ်ရောဂါ၊

သွေးတိုးရောဂါ၊

ခြေလက်ကိုက်ခဲတဲ့ရောဂါ၊

နှလုံးတုန် ရင်ခုန်တဲ့ ဝေဒနာ၊

ခေါင်းကိုက်ရောဂါ

တစ်ခါမှ မခံစားခဲ့ရဖူးဘူး၊

ဟုတ်လား ”


“ ဟုတ်ပါတယ်ဆရာ ”


ဦးသန်းဝင်းက...

“ ကိုမောင်စံ၊

ခင်ဗျား ကျနော့်ကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ။

ခင်ဗျား ရုံးမှာ ဘာအလုပ်မှမလုပ်ဘဲ ရေသာခိုနေတဲ့လူ ထင်တယ်။

ဟုတ်တယ် ဟုတ်... ”

“ တော်လိုက်တဲ့မုဆိုး…”



ဆယ်မိုင်ကျေးရွာရှိ မိတ်ဆွေ

ကို အေးရွှေ ဆီကို

အလည်သွားတယ်။

မိတ်ဆွေက မုဆိုးတစ်ဦးဖြစ်တယ်။


ကိုအေးရွှေအိမ်မှာ

ပါးစပ်ကြီး ဟပြဲနေတဲ့ ဝက်ဝံဖြူရဲ့ သားရေကို

ခင်းထားတာကို တွေ့ရတယ်။

အံ့သြသွားတယ်။

ဒါနဲ့မေးကြည့်လိုက်တယ်။


“ ကို အေးရွှေ၊

ဒီကောင်ကို ခင်ဗျားဘယ်နှစ်ခါ ပစ်လိုက်သလဲ ”


“ ဆယ်ခါ ”


“ ဘယ်နှစ်ခါ မှန်သလဲ ”


“ တစ်ခါမှ မမှန်ဘူး ”


“ အဲဒါဆို ဒီကောင် ဘယ်လိုဖြစ်ပြီး သေသွားတာလဲ ”


“ အရယ်လွန်လို့ ”

“ စိုးရိမ်မိတယ်…”



ဦးနှောက် နှင့် အာရုံကြော အထူးကု

ဆရာဝန်ကြီးဦးသာအေးဟာ

လူနာဖြစ်တဲ့ကိုအေးကို မေးတယ်။


“ အသံကို ကြားနေရပေမယ့် ဘယ်သူပြောနေတယ်၊

ဘယ်ကပြောနေတယ်ဆိုတာ

ခင်ဗျား မသိတာ ဖြစ်ဖူးသလား ”


ကိုအေးကိုက


“ ဖြစ်ဖူးတာပေါ့ ”


ဆရာဝန်ကြီးက

“ အင်း၊

စိုးရိမ်စရာပဲ၊

ဒါနဲ့ ဘယ်အချိန်မှ ဖြစ်သလဲ ”


ကိုအေးကိုကပြန်ပြောလိုက်တာက


“ တယ်လီဖုန်းနဲ့ စကားပြောတဲ့အခါမှာ ဖြစ်တာပါ ”

“ ကျမအသက် ဘယ်လောက်လဲသိလား…”



စကားဝိုင်းတစ်ခုတွင် ယောက်ျားနှင့် မိန်းမတို့

မည်သူ့ကို ပိုပြီး ယုံသင့်သနည်းဆိုတာနဲ့ပတ်သက်ပြီး

အချေအတင် ဆွေးနွေးနေကြတယ်။


တစ်ယောက်ကပြောတယ်။

“ ကျနော် ဘယ်သူနဲ့မဆို လောင်းကြေးစားကြေးနဲ့

စိမ်ခေါ်ရဲတယ်။

လျှို့ဝှက်ချက် တစ်စုံတစ်ခုကို ထိန်းသိမ်းထားနိုင်တဲ့

မိန်းမဆိုလို့ ဒီကမ္ဘာပေါ်မှာ တစ်ယောက်မှ

မရှိဘူးဗျာ ”


အမျိုးသမီးတစ်ယောက်က သူ့ရဲ့စကားကို

ကန့်ကွက်တယ်။

“ ဒီလို မပြောပါနဲ့၊

ကျမဆိုရင်အင်မတန် အရေးကြီးတဲ့ လျှို့ဝှက်ချက်တစ်ခုကို

ထုတ်မပြောဘဲထားတာ နှစ်တော်တော်တောင် ကြာနေပြီ ”

“ ဒါ လုံးဝ မဖြစ်နိုင်ဘူး ”

“ သိပ်ဖြစ်နိုင်တာပေါ့ရှင်။

ကျမအသက် ၂၆-နှစ် အရွယ်က စပြီး အခုထိ

ကျမရဲ့အသက်အမှန်ကို လျှို့ဝှက်ထားတယ်ရှင့် ”


“ ကျနော်အမြင်မှာတော့ ခင်ဗျားဟာ တစ်ချိန်ချိန်မှာ

ထုတ်ပြောမိမှာပါ ”


“ ရှင်က မိန်းမတွေကို အင်မတန် အထင်သေးတာကိုး။

ရှင် သိထားဖို့က မိန်းမတစ်ယောက်ဟာ လျှို့ဝှက်ချက်

တစ်ခုကို ၁၂-နှစ်ကြာ ထိန်းသိမ်းထားနိုင်ရင်

တစ်သက်လုံး မပေါက်ကြားနိုင်အောင်

ထိန်းထားနိုင်တယ်ဆိုတဲ့ အချက်ပဲရှင့် ”

Thursday, December 16, 2010

“ မေးမြန်းတော့ ဉာဏ်ပွား…”




မေးသင့်တဲ့မေးခွန်းကို
မေးရဲမှ အဖြေကို

ရှာနိုင်တဲ့အဆင့်ကို ရောက်မယ်။

စာအုပ်တစ်အုပ်မှာ တန်ဖိုးအရှိဆုံးအရာဟာ

မေးသင့်တဲ့မေးခွန်းပဲ။


****************************************************************


အခုခေတ်လူတွေက ဥပမာနဲ့ပြောရရင်

ကားမောင်းရင်းနဲ့ တစ်ဖက်က ဘရိတ်ကို

နင်းထားပြီးတော့ တစ်ဖက်က လီဗာကို

နင်းထားသလို ဖြစ်နေတယ်။

သွားလည်း သွားချင်တယ်။

ရပ်လည်း ရပ်ပစ်ချင်တယ်။

အဲဒါကြောင့် ပိုပြီးတော့ ပင်ပန်းတယ်။


****************************************************************


“ ငါ ဘယ်လို ပညာမျိုးကို တတ်ချင်သလဲ ”

( မေးသင့်တဲ့ မေးခွန်း )


****************************************************************

အကယ်၍ လူတစ်ယောက်ဟာ

သူတကယ်လုပ်ချင်တာဘာလဲ…

လို့ တိတိကျကျသိပြီးတော့ ကိုယ်ဟာ ကိုယ်လည်း

နေ့စဉ်စိတ်ပါလက်ပါလုပ်နေတယ်ဆိုရင်

အခုန ပြောသလို ဘဝကြီးက အဓိပ္ပာယ်မဲ့သလိုမျိုး၊

ဘဝကြီးက Empty ဖြစ်နေသလိုမျိုး၊

ပျင်းစရာကောင်းတယ်ဆိုတာမျိုး၊ဟာ

ဘယ်တော့မှ မဖြစ်နိုင်ဘူး။


****************************************************************


နေရောင်ခြည်မှာ မှန်ဘီလူးတစ်ခုကိုထားကြည့်မယ်ဆိုရင်

အဲဒီမှန်ဘီလူးက နေရောင်ခြည်ကို စုပေးလိုက်တယ်။

တစ်နေရာထဲမှာ အလင်းရောင်တွေလာစုတဲ့အတွက်ကြောင့်

သူရဲ့အစွမ်းသတ္တိဟာ ပိုပြီးတော့

ထက်မြက်လာတယ်။


( ဆရာတော်ဦးဇောတိက )


“ စိုးရိမ်မိတယ်ကွယ်… ”



အလွန် စိုးရိမ်ပူပန်နေပုံပေါက်တဲ့ ခရီးသည်တစ်ဦးရဲ့အနားကို

လေယာဉ်မယ် ကပ်လာပြီးမေးတယ်။


“ တစ်ခုခု ဖြစ်လို့များလားရှင် ”


“ ဟုတ်ကဲ့၊

အခုတလော လေယာဉ်တွေ ခဏခဏ ပျက်တယ်ဆိုတာ

စဉ်းစားမိတိုင်း စိုးရိမ်စိတ်တွေ ဝင်လာနေမိတယ် ”


“ စိုးရိမ်စရာ မလိုပါဘူးရှင်၊

ခရီးသည်တစ်ယောက်လေယာဉ်ပျက်ကျတဲ့အထဲ

ပါဖို့ဆိုတာ ထီတစ်သန်းဆုပေါက်ဖို့လိုပဲ

အင်မတန် ဖြစ်နိုင်ချေ နည်းကြောင်းစာရင်းအင်းတွေ

ကဖော်ပြနေပါတယ်ရှင် ”


အဲဒီလို အားပေးစကား ပြောလိုက်တဲ့နောက်

ခရီးသည်ရဲ့မျက်နှာမှာ ပိုပြီးဖြူဖပ်ဖြူရော် ဖြစ်သွားပါတယ်။


“ ဒါကို ကျနော်သိပါတယ်။

သိလို့လဲ ပိုပြီး စိုးရိမ်နေရတယ်။

ရက်ပိုင်းအတွင်းကပဲ ကျနော် ထီတစ်သန်းဆု

ပေါက်ထားတယ်ဗျာ ”

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com