Saturday, December 4, 2010

“ အသက်ရှည်နည်းဆိုတာ…”




သက်တော်(၁၀၂)နှစ် နေသွားရတဲ့

စစ်ကိုင်းရွှေဟင်္သာတောရဆရာတော်ကြီးကို

အသက်ရှည်အောင်နေနည်း ခဏခဏမေးမြန်းလွန်းလို့

ဆရာတော်က

သက်ရှည်၊ကျန်းမာခြင်းရဲ့ အဓိက အချက်သုံးချက်ကို

ဟောပြောခဲ့ပါတယ်။


နည်းနည်းစား၊


များများလျှောက်၊


ခေါင်းကြည်အောင်ထား၊


လို့ ဟောပြောခဲ့ပါတယ်။


ခေါင်းကြည်အောင်ထားဆိုတာက

စိတ်ချမ်းသာစရာ၊

ကုသိုလ်ဖြစ်စရာကိုသာတွေးပါ။


စိတ်ဆင်းရဲစရာ၊

အကုသိုလ်ဖြစ်စရာကို

မတွေးနဲ့လို့ပြောလိုရင်းပါပဲ။


Thursday, December 2, 2010

“ အချောဆုံးပဲလိုချင်တယ်...”



တစ်ခါတုန်းက နာမည်ကြီးကုမ္ပဏီတစ်ခုက

အတွင်းရေးမှူးတစ်ဦးကို အလိုရှိတဲ့အတွက်

လုပ်ငန်းဆိုင်ရာ ဥက္ကဋ္ဌ ကလျှောက်လာသူများကို

အကဲဖြတ်ရွေးချယ်ပေးရန်

စိတ်ပညာရှင်တစ်ဦးကို တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီရာထူးအတွက်လျှောက်ထားသူ အမျိုးသမီး ()ဦးကို

တစ်ပြိုင်နက်တည်း လူတွေ့ပြီး မေးမြန်းခဲ့ပါတယ်။


စိတ်ပညာရှင်က ပထမအမျိုးသမီးကို

နှစ် နဲ့ နှစ်ပေါင်းရင်ဘယ်လောက်လဲ

လို့ မေးခဲ့ပါတယ်။

လေးရတယ်လို့ မြန်မြန်ပြန်ဖြေခဲ့ပါတယ်။


အဲဒီမေးခွန်းကိုပဲ ဒုတိယအမျိုးသမီးငယ်ကိုမေးတော့

ဒုတိယအမျိုးသမီးက

၂၂လည်းရနိုင်ပါတယ်

လို့ဖြေပါတယ်။


တတိယအမျိုးသမီးက

၂၂လည်းရနိုင်သလိုလည်းဖြစ်နိုင်ပါတယ်

လို့ဖြေပါတယ်။

အမျိုးသမီးလေးများ ထွက်သွားတဲ့အခါမှာတော့ စိတ်ပညာရှင်က

ဥက္ကဋ္ဌဆီကို ဂုဏ်ယူဝင့်ကြွားစွာ သွားတွေ့ပါတယ်။


အဲဒီမှာ စိတ်ပညာရဲ့တန်ဖိုး သိတာပဲ။

ပထမအမျိုးသမီးကတော့ သိပ်ထင်ရှားတာကိုပဲ ပြောပါတယ်။

ဒုတိယအမျိုးသမီးကတော့ သေချာနေတဲ့ ကိစ္စကိုတောင်

သံသယရှိတဲ့သဘောရှိပါတယ်။

တတိယအမျိုးသမီးကတော့ နှစ်မျိုးစလုံး အကြုံးဝင်နေပါတယ်။

အဲဒီတော့ ဘယ်အမျိုးသမီးကို ရွေးချယ်ချင်ပါသလဲ

လို့တင်ပြပါတယ်။


ဥက္ကဋ္ဌက

ငါလိုချင်တာကတော့ ဆံပင်ရွှေရောင်၊

မျက်လုံး ပြာလဲ့လဲ့နဲ့

အချောဆုံးကောင်မလေးကိုပါပဲ

လို့ ပြန်ဖြေလိုက်ပါတယ်။

“ ကိုယ့်ဘဝကို ကိုယ်မြတ်နိုးပါ...”



ကိုယ့်ဘဝကို ကိုယ်မြတ်နိုးပါ။

ဒီဘဝရရှိလာခြင်းအတွက်

အမြဲ ဝမ်းမြောက်ဝမ်းသာဖြစ်ပါ။


ဘဝမှာကြုံတွေ့ရမြဲဖြစ်တဲ့အခက်အခဲများ၊

မလွယ်ကူတဲ့အကြောင်းချင်းရာများ၊

ကိုတိမ်းရှောင်လွှဲဖယ်မှု မပြုခြင်းအားဖြင့်

ဒီဘဝကို နှစ်သက် လက်ခံ ကြောင်းပြသပါ။


ပြီးရင် မိမိရဲ့ အရည်အချင်း၊

အစွမ်းအစများကို နဂိုရှိတာထက်

နည်းနည်းပိုပြီး တိုးမြှင့်သုံးစွဲကြည့်ပါ။

ကိုယ့်အစွမ်းအစတွေဟာ ကိုယ်ထင်ထားတာထက်

အများကြီးပိုမို ကြီးမားတယ်ဆိုတာတွေ့လာပါလိမ့်မယ်။


Ref; ( Arthur Gordon … The Best Advice I Ever Had )

“ ရေ ကိုသုံးပါ…”



ဆောက်လုပ်ရေးလုပ်သားတစ်ယောက်ဟာ

ဆရာဝန်ထံရောက်လာပြီးပြောတယ်။


ဒေါက်တာ၊

ကျနော် ဝမ်းချုပ်နေတာ -ရက်ရှိနေပြီ

ဆရာဝန်က လူနာကို စမ်းသပ်ကြည့်ရှုတယ်။


အဲဒီနောက်အမိန့်ပေးလိုက်တယ်။

ခုံပေါ် မှောက်အိပ်လိုက်ပါ

လူနာက မှောက်အိပ်လိုက်တယ်။

ဆရာဝန်ဟာ ဘာမပြော၊ ညာမပြောနဲ့

လူနာရဲ့ တင်ပါးဆုံကို သစ်သားပြားနဲ့ တအားရိုက်လိုက်တယ်။


ကိုင်း၊ အခု အိမ်သာကို သွားတော့

ခဏကြာတဲ့အခါ ရွှင်လန်းတဲ့မျက်နှာနဲ့

ဆောက်လုပ်ရေးလုပ်သား

လူနာအိမ်သာခန်းထဲက ထွက်လာတယ်။


ကျေးဇူးပါပဲ ဒေါက်တာ၊

အခုမှပဲ ပေါ့သွားတော့တယ်။

အခု ကျနော် ဘာဆက်လုပ်ရမလဲ


ဆရာဝန် ပြောလိုက်တာကတော့

နောင် ဝမ်းသွားတဲ့အခါ

ဘိလပ်မြေထည့်တဲ့စက္ကူအိတ်ကို မသုံးနဲ့

“ မရေရာတဲ့ ပန်းတိုင်…”



တစ်ခါတုန်းက ဘုန်းကြီးတစ်ပါးဖြစ်သူ ဆီဗယ်ဟာ မြို့တစ်မြို့မှ

တခြားမြို့တစ်မြို့သို့ ရထားဖြင့် ခရီးသွားပါတယ်။

သူဟာ အလွန်သတိမေ့တတ်သူတစ်ဦးဖြစ်တယ်။

သူရဲ့ ရထားလက်မှတ်ကို ဘယ်မှာ ထားမှန်း သတိမရတဲ့အတွက်

ရထားပေါ်အရောက် လက်မှတ်စစ်များက

စစ်ဆေးတဲ့အခါ ရထားလက်မှတ်ကို မပြနိုင်ပါ။


ကိစ္စမရှိပါဘူးခင်ဗျာ၊

ကျနော်တို့ကတော့ ဆရာကြီးကိုသိပါတယ်

လို့လက်မှတ်စစ်များက ပြောပါတယ်။


မင်းတို့ သိတာကတော့ ဟုတ်ပါပြီ၊

ကျေးဇူးတင်ပါတယ်။

ဒါပေမယ့် ခက်တာက လက်မှတ်မပါဘဲ

ငါ ဘယ်သွားရမယ်ဆိုတာ

ငါက ဘယ်လိုလုပ်သိရမှာလဲ

လို့ ဘုန်းကြီးက ပြန်ပြောလိုက်ပါတယ်။

Sunday, November 28, 2010

“ အထိန်းအကွပ်…”



ဘယ်မြင်းမှ အထိန်းကြိုးမတပ်ဆင်ရင်

လိုချင်တဲ့နေရာကို မရောက်နိုင်ပါ။


ရေနွေးငွေ့

သို့မဟုတ်

ဓါတ်ငွေ့တို့ကိုလည်း

သတ်မှတ်တဲ့ လမ်းအတိုင်း

လမ်းကြောင်း ဖွင့်မပေးဘူးဆိုရင်

ဘာကိုမှ

တွန်းအား၊ဖိအားပေးနိုင်တဲ့

သတ္တိဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။


ရေတံခွန်ကိုလည်း

ဖြတ်စေလိုတဲ့ လမ်းကြောင်းအတွင်းကို

ဖြတ်သန်းသွားလာစေခြင်းသာ မရှိပါက

အင်အား

သို့မဟုတ်

လျှပ်စစ်အလင်းဆိုတာ

ဘယ်လိုမှ ဖြစ်ပေါ်လာစရာ မရှိပါ။


အလားတူပင်

ဘဝမှာလည်း အာရုံစူးစူးစိုက်စိုက်ပြုလုပ်ခြင်း

စိတ်ကို တစ်ခုခုမှာ နှစ်မြှုပ်ဆောင်ရွက်ခြင်းနဲ့

စည်းကမ်းနဲ့ အညီ ဆောင်ရွက်ခြင်းမရှိပါက

ဘယ်လိုမှ ကြီးပွားခြင်း၊

တိုးတက်ဖွံ့ဖြိုးခြင်းဆိုတာ မရှိနိုင်ပါဘူး။

“ ဆန့်ကျင်ဘက်စကား…”



တစ်ခါတုန်းက

လူတစ်ဦးဟာ သူ့ဆန္ဒနဲ့ဆန်ကျင်ပြီး အမြဲပြောလေ့ရှိတဲ့အတွက်

သူ့ကိုဦးဟင့်အင်း

လို့ အမည်တွင်ပါတယ်။

သူဟာ ပေါင်မုန့်တစ်လုံးဝယ်ရန်ပေါင်မုန့်ဆိုင် ကိုသွားပါတယ်။

ဆိုင်ရှင်ကပေါင်မုန့်လိုချင်ပါသလားခင်ဗျာလို့ မေးရာ၊

သူကဟင့်အင်းလို့ပြန်ဖြေလိုက်ပါတယ်။

သူဟာ ထောပတ်လည်း ဝယ်ချင်ပါတယ်။

ဆိုင်ရှင်က ထောပတ်လိုချင်ပါသလားလို့ မေးပြန်ပါတယ်။

အဲဒီလူက ဆန့်ကျင်ပြောနေကျအတိုင်း

ဟင့်အင်း

လို့သာ ပြန်ဖြေခဲ့ပါတယ်။


ဟာ ဒီလိုဆိုရင် ကျနော်ခင်ဗျားအတွက်

ရောင်းပေးနိုင်တာ ဘာမှ မရှိတော့ပါဘူး

လို့ဆိုင်ရှင်ကပြောပါတယ်။


အဲဒါကြောင့်

ဦးဟင့်အင်း

ဟာလက်ထဲမှာ ဘာမှမဝယ်ဘဲ ပြန်ခဲ့ပါတယ်။

သူလိုချင်တဲ့အရာ ဘာမှ မရခဲ့ပါ။

ဘာကြောင့်ဆိုတော့ သူဟာသူလုပ်ချင်တဲ့ ဆန္ဒနဲ့

လုပ်လေ့ရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

သူဆာလောင်တဲ့အခါ ပွက်ပွက်ဆူနေတဲ့ ဟင်းချိုအိုးကို

ကြမ်းပြင်ပေါ်ကို သွန်ချတတ်ပါတယ်။

ရေဆာတဲ့အခါ ရေခွက်ကို ကြမ်းပြင်ပေါ်ကို သွန်ချတတ်ပါတယ်။

အိပ်ချင်တဲ့အခါ အိပ်ရာပေါ်ကို ရေတွေ လောင်းချတတ်ပါတယ်။

တစ်နေ့မှာ

ဦးဟင့်အင်းရဲ့အိမ်တံခါးကို

တစ်ယောက်ယောက် လာခေါက်ပါတယ်။

ဦးဟင့်အင်း

ရှိပါသလားလို့ အသံထွက်လာပါတယ်။

ဦးဟင့်အင်းက မရှိဘူးလို့ ပြန်ဖြေပါတယ်။

တံခါးခေါက်တဲ့အမျိုးသမီးက

အထဲမှာလူရှိမှန်းသိလို့ တံခါးဖွင့်ပြီး ဝင်လာပါတယ်။

အလွန်ချောမောလှပတဲ့ မိန်းကလေးတစ်ဦးဟာ

စားစရာခြင်းတောင်းဆွဲပြီး ဝင်လာခြင်းဖြစ်ပါတယ်။

သူမဟာ ဘာမှ မေးမနေတော့ပါ။

ပါလာတဲ့ ပေါင်မုန့်၊ထောပတ်၊ ဝက်အူချောင်းတွေကို ထုတ်ပြီး စားဖို့ပြင်ပါတယ်။

အဲဒီအခါ

ဦးဟင့်အင်းဟာ

အမျိုးသမီးလေးဘေးတွင် ဝင်ထိုင်ပြီး စားပါတယ်။

သူတို့နှစ်ဦးဟာ အတူတူ နေ့လည်စာ အဝစားကြပါတယ်။

အားလုံးစားပြီးတဲ့အခါ အမျိုးသမီးက

နောက်တစ်ကြိမ် ကျမလာရဦးမလား

လို့မေးပါတယ်။

ဒီတစ်ခါတော့ ဦးဟင့်အင်း က

အေး

လို့ပြန်ဖြေလိုက်ပါတော့တယ်။

“ ပြန်ကြိုက်လာပြီ…”




ကိုအောင်မင်းက သူငယ်ချင်းဖြစ်သူ

ကိုတင်ဝင်းကိုမေးတယ်။


အသက် ၄၀-နှစ်ကျော်မှ မိန်းမယူရသတဲ့၊

ကိုတင်ဝင်း ခင်ဗျားဘာစိတ်ကူးပေါက်ပြီး

လူပျိုကြီးဘဝကို စွန်လွှတ်လိုက်ရတာလဲ


ကိုတင်ဝင်းက

ဆိုင်ထမင်း၊ဆိုင်ဟင်းချည်း စားနေရတာက

ို ငြီးငွေ့လာလို့ပါဗျာ


ကိုအောင်မင်းက

အခုကော…”


ကိုတင်ဝင်းပြန်ပြောလိုက်တာက...


ဆိုင်ထမင်း၊

ဆိုင်ဟင်းကို ပြန်ကြိုက်လာပြီ

“ ဘဝင်မြင့်သူ...”




အသက် ၈၅-နှစ်အရွယ်ရှိတဲ့
အကျဉ်းသားအဖိုးကြီးကပြောတယ်။

“ငါ ထောင်ထဲရောက်နေတာ တစ်နှစ်ရှိပြီး။
အရွယ်မရောက်သေးတဲ့သူကို အဓမ္မကျင့်မှုနဲ့။”

အခြားအကျဉ်းသားတစ်ဦးက

“ဘာပြောတယ်။
ဒီအသက်အရွယ်နဲ့ဒီလို ပြစ်မှုမျိုး
ကျူးလွန်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ”

အဖိုးကြီးအကျဉ်းသားက

“ဟုတ်တယ်၊
မဖြစ်နိုင်ဘူး။
ဒါပေမယ့် အစိုးရရှေ့နေရဲ့ စွဲချက်ကို ကြားရတော့
ငါ့ကိုယ်ငါ အတော်လေး အထင်ကြီးစိတ်ဝင်သွားတယ်။
ဒါနဲ့ပဲ အပြစ်ရှိပါတယ်လို့ ဝန်ခံလိုက်တယ်ကွ ”

Friday, November 26, 2010

“ ရုပ်ပုံပြ သင်ခန်းစာ…”



မူကြိုကျောင်းတစ်ခုမှာဖြစ်တယ်။

မူကြိုကျောင်းသားလေး

မောင်သိုင်းအောင်ကျော်က


ဆရာမ၊

ရေမြင်းဆိုတာ ဘာလဲဟင်


ဆရာမ ဒေါ်အေးအေးပြုံးက

ရူးသွပ်နေတဲ့ ငါး


မောင်သိုင်းအောင်ကျော်က

အဲဒါဆို ဘာဖြစ်လို့ သူ ကုန်းပေါ်မှာနေလဲ


ဆရာမ ဒေါ်အေးအေးပြုံးက

ဆရာမ ပြောပြီးပါပကော၊

ရူးသွပ်နေပါတယ်လို့

“ အသက်ရှည်ဆေးဆိုတာ…”



အဘိုး ဦးဘဉာဏ်ဟာ

နှစ်တစ်ရာ (၁၀၀)ပြည့်မွေးနေ့ကို ကျင်းပပါတယ်။


အဘိုးရဲ့ အသက်ရှည်တာ ဘာကြောင့်လဲ

လို့ မွေးနေ့ပွဲကိုတက်လာသူ ကိုသီဟကျော်က

စူးစမ်းမေးမြန်းပါတယ်။


အဘိုးက ဂုဏ်ယူဝင့်ကြွားစွာဖြင့်


အဘိုးက ဆေးလိပ်မသောက်ဘူး။

အရက်သေစာလည်း မသောက်သုံးဘူး။

အစားအစာကိုလည်း ဘယ်တော့မှ အလွန်အကျွံ ပိုမစားဘူး။

(၁၀)နာရီဆို အိပ်ရာဝင်ပြီး နံနက် ()နာရီဆို အိပ်ရာက ထပါတယ်။


လို့ရှင်းပြပါတယ်။


ကိုသီဟကျော်က

အဲဒီလို တိတိကျကျ နေခဲ့တာဟာ

တကယ်ချီးကျူးစရာပါပဲခင်ဗျား။

ဒါပေမယ့်

ကျနော့်အဘိုးက အဘိုးလိုပဲ လိုက်နာနေထိုင်ခဲ့တာပါပဲ။

သူကတော့ အသက် (၆၀)မှာ ကွယ်လွန်သွားခဲ့ပါတယ်။

လို့ ပြောလိုက်ပါတယ်။


သူက အဲဒီအလေ့အကျင့်တွေကို

လိုသလောက်ကြာကြာ မလေ့ကျင့်ခဲ့လို့နေမှာပါ

လို့ အဘိုးဦးဘဉာဏ်ကပြန်ဖြေလိုက်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com