တစ်ခါတုန်းက ဘုန်းကြီးတစ်ပါးဖြစ်သူ ဆီဗယ်ဟာ မြို့တစ်မြို့မှ
တခြားမြို့တစ်မြို့သို့ ရထားဖြင့် ခရီးသွားပါတယ်။
သူဟာ အလွန်သတိမေ့တတ်သူတစ်ဦးဖြစ်တယ်။
သူရဲ့ ရထားလက်မှတ်ကို ဘယ်မှာ ထားမှန်း သတိမရတဲ့အတွက်
ရထားပေါ်အရောက် လက်မှတ်စစ်များက
စစ်ဆေးတဲ့အခါ ရထားလက်မှတ်ကို မပြနိုင်ပါ။
“ ကိစ္စမရှိပါဘူးခင်ဗျာ၊
ကျနော်တို့ကတော့ ဆရာကြီးကိုသိပါတယ် ”
လို့လက်မှတ်စစ်များက ပြောပါတယ်။
“ မင်းတို့ သိတာကတော့ ဟုတ်ပါပြီ၊
ကျေးဇူးတင်ပါတယ်။
ဒါပေမယ့် ခက်တာက လက်မှတ်မပါဘဲ
ငါ ဘယ်သွားရမယ်ဆိုတာ
ငါက ဘယ်လိုလုပ်သိရမှာလဲ ”
လို့ ဘုန်းကြီးက ပြန်ပြောလိုက်ပါတယ်။
No comments:
Post a Comment