Friday, November 19, 2010

“ အရေးကြီးတာ အရင်ပြောမှပေါ့ကွာ…”



မွန်ပြည်နယ်ရဲ့

တောရွာတစ်ရွာတွင်

တောသားကြီးနှစ်ယောက်

ယူရို လ္ဘက်ရည်ဆိုင်မှာဆုံကြပြီး

စကားပြောနေကြတယ်။


အမေရိကန်က

အာကာသယာဉ်ကို လွှတ်တင်လိုက်ပြန်ပြီတဲ့


ခဏ ခဏ လွှတ်နေကြတာပါ၊

သိပ်မထူးဆန်းတော့ပါဘူး


အင်တာနက်ထဲမှာ

ကြိုက်တာကို ရှာနိုင်တယ်လို့ကြားရတယ်။

စာအုပ်တောင် မလိုတော့ဘူးတဲ့ ”


သိပ္ပံပညာမှာ မကြားဖူးတာတွေ

တစ်ခုပြီးတစ်ခု တည်ထွင်နေကြတာပဲ၊

အံ့စရာတောင်ကောင်းတယ်။


အမေရိကန်မှာ လူမည်းက သမ္မတဖြစ်သွားတယ်တဲ့


တစ်ချိန်တုန်းက ကျွန်တွေက အခုတော့

အမြင့်ဆုံးဆိုတဲ့

သမ္မတဖြစ်တာတော့ အံသြစရာကောင်းပါတယ်။

ချီးကျူးဖို့လည်းကောင်းပါတယ် ”



တရုတ်ပြည်ကြီး အရှိန်အဟုန်ကြီးကြီးနဲ့

တိုးတက်နေတယ်လို့ကြားရတယ်။

ဂျပန်ကိုတောင်ကျော်တက်သွားပြီတဲ့ဗျ


ဘယ်သူမျက်နှာမှ မကြည့်ပဲ စီးပွားရေးအဓိကဆိုပြီး

လုပ်တော့လည်း တိုးတက်တာပေါ့ဗျာ ”


အော်ဒါနဲ့

ဟိုဖက်ရွာက ကိုရွှေအေးရဲ့အိမ်မှာ အရက်ပုန်းတွေကို

ရှာတွေ့လို့ ဖမ်းသွားတာကြားပြီးပြီလား


ဟေ ဟုတ်လား၊

မင်းကွာ အသေးအမွှားကိစ္စတွေကို အရင်ပြောပြီး

အခုလို အရေးကြီးတာကျတော့

ဘာဖြစ်လို့ အခုမှ ပြောရတာလဲ။

ဒုက္ခပါပဲ၊

ငါ့အရက်ပုန်းတွေကို အမြန်ဆုံး သွားဝှက်လိုက်ဦးမှပဲ

“ အိပ်မပျော်တဲ့ည…”


တည်းခိုခန်းပိုင်ရှင်က

လာရောက်တည်းခိုတဲ့ ဧည့်သည်ကို မေးတယ်။


ညက ကောင်းကောင်း အိပ်ရရဲ့လား ခင်ဗျာ


ဧည့်သည်က စိတ်ဆိုးမာန်ဆိုးနဲ့ပြန်ပြောလိုက်တယ်။


မမေးရင် ပိုကောင်းမယ်၊

အိပ်ရာထဲမှာ ကြမ်းပိုးအသေတစ်ကောင်ကို တွေ့ရတယ်


တည်းခိုခန်းပိုင်ရှင်က...........


အသေတစ်ကောင်လောက်နဲ့ စိတ်အနှောင့်အယှက်

ဒီလောက်တောင်ဖြစ်ရသလားဗျာ


ဧည့်သည် ပြန်ပြောလိုက်တာက….......


အသုဘ လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို မြင်ရင်

ခင်ဗျား ဒီစကားမျိုး ပြောမှာ မဟုတ်ဘူး၊ ဟင်း

“ အထင်မလွဲပါနဲ့…”



မြမြအထည်ဆိုင်မှာ

သူငယ်ချင်းမနှစ်ဦးဆုံကြတယ်။

မအေးမီက သူ့ယောက်ျားနဲ့ပတ်သက်ပြီး၊

သူ့ငယ်ချင်းဖြစ်သူ မမာမာအေးကို ပြောတယ်။


သိလားသူငယ်ချင်း၊

အိမ်က ယောက်ျား

ထောင်ခြောက်လကျသွားတယ်တော့။

ဟင်း ကျသွားတာပဲ ကောင်းတယ်။

ငါ့ကိုပြောတော့

နယ်က ဆွေမျိုးတွေဆီ အလည်သွားမလို့တဲ့။

လူလိမ်လူညာကြီး


မာမာအေးက............


ဒီလိုလည်း အရင်စလို အပြစ်မတင်နဲ့လေ၊

သူ့ဆွေမျိုးတွေလည်း

ထောင်ကျနေတာ ဖြစ်ချင်ဖြစ်နေမှာပေါ့

“ အောင်မြင်ကျော်ကြား အရှုံးသမားများ…”



နပိုလီယံဟာ

စာစီစာကုံးရေးသားမှုတွင် ရှုံးနိမ့်ခဲ့ပါတယ်။


ရှိပ်စပီးယားဟာ

သိုးမွေးအရောင်းအဝယ်လုပ်တဲ့ ကုန်သည်အဖြစ်

အရှုံးပေါ်ခဲ့သူ ဖြစ်ပါတယ်။


လင်ကွန်းဟာ

ဂိုဒေါင် စောင့်အဖြစ် အရှုံးပေါ်ခဲ့သူ ဖြစ်ပါတယ်။


ဂရန့်ဟာ

သားရေနယ်သူတစ်ဦးအဖြစ် အရှုံးပေါ်ခဲ့သူ ဖြစ်ပါတယ်။


ဒါပေမယ့် သူတို့တွေဟာ အလျှော့မပေးခဲ့ကြပါ။

သူတို့ဟာအခြားလုပ်ငန်းနယ်သစ်ကို ရှာခဲ့ကြပါတယ်။

သူတို့နဲ့ ပိုမို အံဝင်ခွင်ကျတဲ့ လုပ်ငန်းများကို

ကြိုးစားလုပ်ဆောင်ကြပါတယ်။


အဲဒီလို လုပ်ဆောင်တဲ့အတွက်

နယ်ပယ်အသစ်မှာ အအောင်မြင်ဆုံး ပုဂ္ဂိုလ်ကြီးများ

ဖြစ်သွားကြတာကို ကျနော်တို့အားလုံးအသိဖြစ်ပါတယ်။

“ စားဖို့လူလုပ်တာလားကွယ်...”


တောင်ကြီးမြို့မှာ

မိတ်ဆွေ တစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့တယ်။

တစ်နေ့တော့ ထွန်းစားသောက်ဆိုင်မှာ

ထမင်းကြွေးပြီး စကားပြောကြတယ်။


“ကိုလူအေးထွန်း

နေ့လယ်စာကို

ဘယ်အချိန်မှာ စားလေ့ရှိပါသလဲ


မွန်းလွဲ တစ်နာရီတိတိမှာ


အဲဒါပြီးတော့ ဘာလုပ်သလဲ


ကိုလူအေးထွန်း ပြန်ပြောလိုက်တာက...


ညစာ စားရမယ့်အချိန်ကို စောင့်တယ်

Thursday, November 18, 2010

“ အကြံပေးချင်ပါတယ်…”



ရိုးသားတာနဲ့အမျှ

အလုပ်ကို ကြိုးစားလုပ်တဲ့ ကိုတင်ဝင်းဟာ

ရုံးကိုလာတိုင်း ဖိုသီဖတ်သီနိုင်လှပါတယ်။


လုံချည်မှာ မီးပူတိုက်တာလည်း မရှိပါ။

အမြဲတမ်းကြွေမွနေတတ်တယ်။

ရှပ်အင်္ကျီမှာလည်း အဲဒီအတိုင်းဖြစ်တယ်။

တိုက်ပုံဆိုရင်လည်း ကြေနေတဲ့အပြင်

မင်းစွန်းရာများ နေရာအနှံ့အပြားမှာရှိနေပါတယ်။


ဘယ်လိုမှ ကြည့်မကောင်းဖြစ်လွန်းတဲ့အတွက်

ရုံးက အရာရှိကြီးက

စေတနာ ဒေါသောနဲ့ပြောပြီးအကြံပေးတာက….......


ကိုတင်ဝင်း၊

ခင်ဗျား အိမ်ထောင်ရှိ၊မရှိတော့

ကျနော်မသိဘူး၊

ဘာဘဲဖြစ်ဖြစ်

ခင်ဗျားကို ကျနော် အကြံပေးချင်တယ်။

ခင်ဗျား လူပျိုကြီးဆိုရင် မိန်းမယူလိုက်၊

အဲ မိန်းမရှိပြီးသားဆိုရင်

အဲဒီမိန်းမကိုကွာလိုက်၊

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com