တည်းခိုခန်းပိုင်ရှင်က
လာရောက်တည်းခိုတဲ့ ဧည့်သည်ကို မေးတယ်။
“ ညက ကောင်းကောင်း အိပ်ရရဲ့လား ခင်ဗျာ ”
ဧည့်သည်က စိတ်ဆိုးမာန်ဆိုးနဲ့ပြန်ပြောလိုက်တယ်။
“ မမေးရင် ပိုကောင်းမယ်၊
အိပ်ရာထဲမှာ ကြမ်းပိုးအသေတစ်ကောင်ကို တွေ့ရတယ် ”
တည်းခိုခန်းပိုင်ရှင်က...........
“ အသေတစ်ကောင်လောက်နဲ့ စိတ်အနှောင့်အယှက်
ဒီလောက်တောင်ဖြစ်ရသလားဗျာ ”
ဧည့်သည် ပြန်ပြောလိုက်တာက….......
“ အသုဘ လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို မြင်ရင်
ခင်ဗျား ဒီစကားမျိုး ပြောမှာ မဟုတ်ဘူး၊ ဟင်း ”
No comments:
Post a Comment