Thursday, November 18, 2010

“ ပန်းကပ်လှူတယ်ဆိုတာ...”



ပန်းပွင့်ဆိုတာ သစ်ပင်တစ်ပင်ရဲ့

အလှပဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။

ပန်းပွင့်ဟာ မျိုးတူပန်းပင်များဖြစ်ပေါ်နိုင်ဖို့

မျိုးပွားအစိတ်အပိုင်းလည်း ဖြစ်ပါတယ်။


လှပတဲ့ ပန်းပွင့်လေးကို ခူးပြီး၊

ခေါင်းမှာ ပန်ဆင်လိုက်တာနဲ့ တစ်ပြိုင်နက်

ပန်းပွင့်ရဲ့ မျိုးပွားနိုင်မှု စွမ်းအားကို

ဖြတ်တောက်လိုက်တာပဲဖြစ်ပါတယ်။

ပန်းပွင့်လေးတွေဟာ

ပန်ဆင်သူအတွက် အကျိုးပြုရင်း

ညှိုးနွမ်း၊ခြောက်သွေ့ပြီး

သေသွားရပါတယ်။



ဘုရားပန်းကပ်တဲ့သဘောကိုလည်း

ဆရာတော်များရဲ့တရားတော်များကို

နာကြားရင်းကနေ သိလာတာက.............


လူတွေဟာ

ဘုရားပန်းဆိုရင် အကောင်းဆုံးပန်း၊

အလှဆုံးပန်းကိုမှ

ရွေးချယ်တင်တတ်ကြပါတယ်။

ပန်းရဲ့အလှဆုံးမြင်ကွင်းကို

လူဖက်လှည့်ထားတယ်ဆိုရင်

ဘုရားကို ပန်းကပ်တာထက် လူတွေ ကြည့်ဖို့

အဓိကထားတဲ့ သဘောကိုဆောင်ပါတယ်။

အများအားဖြင့်တော့

လူတွေက သတိမထားမိတဲ့အတွက်

ဒီလို ပန်းကပ်တာကများနေပါတယ်။


ဘုရားဖက်ကို

အလှဆုံးမြင်ကွင်းကို လှည့်ထားတယ်ဆိုရင်တော့

ဘုရားကို ပန်းကပ်တဲ့သဘောကိုဆောင်ပါတယ်။


အဓိကပြောချင်တာက

ပန်းကို ကပ်လှူလိုက်ပြီးဆိုတာနဲ့

ပန်းရဲ့သဘောကိုက မကြာခင်မှာပင်

ညှိုးနွမ်းသွားပါတယ်။

ပန်းညှိုးနွမ်းသွားတာက

မြင်သာထင်သာရှိလှပါတယ်။


အဲဒီ ညှိုးနွမ်းသွားတာကို ကြည့်ပြီး

အော်....ပန်းတွေညှိုးနွမ်းသွားသလို

လောကမှာ ရှိရှိသမျှ အရာအားလုံးတို့ဟာ

ဘာမှ မမြဲပါလားဆိုတဲ့

သံဝေဂဉာဏ် ရင့်သန်လာစေတဲ့သဘောကို

နှလုံးသွင်းနိုင်ဖို့

ဘုရားကို ပန်းလှူဒါန်းရခြင်းဖြစ်ပါတယ်။


ဒီလို သဘောထားနဲ့

ပန်းကပ်ပါမှ

ဘုရားအလိုကျ ပန်းကပ်လှူတာဖြစ်တော့မပေါ့ခင်ဗျာ။

“ ပုဇွန်ထုပ်…”



တစ်ခါတုန်းက

လူသားစား အရိုင်းတစ်ယောက်နဲ့

သူရဲ့သားငယ်နဲ့အတူ

လမ်းလျှောက်နေတယ်။

အဲဒီအချိန်မှာ

သူတို့အပေါ်မှ

လေယာဉ်တစ်စင်းဖြတ်ပျံသွားတယ်။


သားငယ်ကမေးတယ်။

အဖေ အဲဒါ ဘာလဲဟင်


အဖေက

လေယာဉ်ပျံလို့ခေါ်တယ်


သားငယ်က

လေယာဉ်ပျံဆိုတာဘာလဲ


အဖေ ပြန်ပြောလိုက်တာက...


သူဟာ ပုဇွန်ထုပ်လိုပဲ၊

အထဲမှာပါတာကိုပဲ စားလို့ရတယ်။

“ ရန်ပွဲ…”



ကျနော်တို့နေတဲ့ရပ်ကွက်ဟာ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်ဖြစ်တယ်။

ကျနော်နေထိုင်တဲ့ အိမ်ကလည်း ရပ်ကွက်အရက်ဆိုင်နဲ့

သုံးအိမ်သာခြားပါတယ်။

ဒီတော့ ရန်ပွဲကို နေ့တိုင်းနီးပါးတွေ့ကြုံနေရပါတယ်။

သွေးသံရဲရဲကတော့ ဗီဒီယို ကြည့်စရာမလို။

ယောက်ျားချင်းဖြစ်တဲ့ရန်ပွဲကတော့ မြင်ပါများတဲ့အတွက် ရိုးနေပါပြီ။


တစ်ရံတစ်ခါမှာတော့

ရန်ပွဲတွေထဲမှာ မိန်းမအချင်းချင်းဖြစ်တဲ့ရန်ပွဲကို တွေ့ကြုံရပါတယ်။

အဲဒီအထဲက စိတ်ဝင်စားဖွယ်ရန်ပွဲတစ်ခုကို ပြောပြချင်ပါတယ်။

အိမ်နီးချင်း အိမ်ရှင်မ နှစ်ယောက် စကားများပြီးရန်ဖြစ်နေကြပါတယ်။


ဟဲ့မမဲတူ၊

ငါ့ ငါးပိအိုးကို နင် ခွဲပစ်လိုက်ပြီထင်တယ်။

ဒါကြောင့် ခုထိပြန်မပေးတာ မဟုတ်ဘူးလား၊

နင် မရှက်ဘူးလား


နင် ဒီလို မပြောနဲ့ မကြိုင်၊

တစ်အချက်ကနင့်ဆီက ငါးပိအိုးကို ငါ မယူဘူး၊

နှစ်အချက်ကနင့်ငါးပိအိုးဟာ အစကတည်းက ကွဲနေပြီးသား၊

သုံးအချက်ကငါပြန်ပေးပြီးတာ ကြာလှပြီ

“ မရေရာတဲ့ ပန်းတိုင်…”



တစ်ခါတုန်းက

ဘုန်းကြီးတစ်ပါးဖြစ်သူ ဆီဗယ်ဟာရန်ကုန် မြို့မှ

မြစ်ကြီးနားမြို့သို့ ရထားဖြင့် ခရီးသွားပါတယ်။


သူဟာ

အလွန်သတိမေ့တတ်သူတစ်ဦးဖြစ်တယ်။


သူရဲ့

ရထားလက်မှတ်ကို ဘယ်မှာ ထားမှန်း

သတိမရတဲ့အတွက်

ရထားပေါ်အရောက်

လက်မှတ်စစ်များက စစ်ဆေးတဲ့အခါ

ရထားလက်မှတ်ကို မပြနိုင်ပါ


ကိစ္စမရှိပါဘူးခင်ဗျာ၊

ကျနော်တို့ကတော့ ဆရာကြီးကိုသိပါတယ်


လို့လက်မှတ်စစ်များက

ပြောပါတယ်။


မင်းတို့ သိတာကတော့ ဟုတ်ပါပြီ၊

ကျေးဇူးတင်ပါတယ်။

ဒါပေမယ့်

ခက်တာက လက်မှတ်မပါဘဲ

ငါ ဘယ်သွားရမယ်ဆိုတာ

ငါက ဘယ်လိုလုပ်သိရမှာလဲ

လို့ ဘုန်းကြီးက ပြန်ပြောလိုက်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com