Wednesday, November 17, 2010

“ ငါးထောင်ဆိုတော်ပြီ…”



အလွန်ကပ်စေးနည်းတဲ့ ကိုကုလားတစ်ယောက်

ရေကန်ထဲတွင်

ရေမကူးတတ်ဘဲ ရေကူးတဲ့အတွက် ရေနစ်တယ်။


အနီးရှိလူတစ်ယောက်က ရေထဲက ဆယ်လိုက်တယ်။

ကိုကုလား ကောင်းကောင်း သတိရလာတဲ့အခါ

သူ့ရဲ့ဇနီး ပြောတယ်။


မောင်၊

မောင့်ကို ကယ်တင်လိုက်တဲ့ လူငယ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့

တစ်သောင်းကျပ် ဆုချလိုက်ရင် မကောင်းဘူးလား


ကိုကုလားက

ကောင်းပါတယ် မိန်းမရယ်၊

ဒါပေမယ့် တကယ်တမ်းပြောရရင်

သူ ကိုယ့်ကို ရေထဲက ဆွဲထုတ်ချိန်မှာ

ကိုယ်သတိနည်းနည်းပြန်ရနေပါပြီ။

ဒါကြောင့် ငွေ ငါးထောင်ဆိုရင် တော်လောက်ပါပြီ

“ လက်ဆောင်…”






တကယ့်မှန်ကန်တဲ့ လက်ဆောင်မှာ

ကိုယ်တိုင်ကိုယ်ကျ

သွားရောက်ပါဝင်တဲ့ လက်ဆောင်ဖြစ်ပါတယ်


လို့ အီမာဆန်က ဆိုပါတယ်။


သမိုင်းမှာ ထင်ရှားတဲ့လက်ဆောင်များမှာ

အီမာဆန်ရဲ့

အယူအဆမှန်ကန်ကြောင်းထောက်ပြပါတယ်။


ဥပမာပြောရရင်

အီဂျစ်ဘုရင်မ ကလီယိုပက်ထရာဟာ

ဆီဇာဘုရင်မင်းမြတ်အတွက် လက်ဆောင်မွန်အဖြစ်

သူမကိုယ်သူမ ကော်ဇောဖြင့် ပတ်လိပ်ပြီး ဆက်သခဲ့ပါတယ်။


မျက်မှောက်ခေတ်တွင်

အချိန်ကို လက်ဆောင်အဖြစ်ပေးခြင်းဟာ

အရေးကြီးဆုံးဖြစ်လာပါတယ်။


အချိန်ကို

လက်ဆောင်ကောင်းအဖြစ်ပေးခြင်းဟာ

အစဉ်အလာ လုပ်ရိုးလုပ်စဉ် ဖြစ်လာသော်လည်း

အဲဒီအချက်ဟာ အရေးအကြီးဆုံး ဖြစ်လာပါတယ်။


အမှန်ကန်ဆုံး လက်ဆောင်မှာ

ရွှေ၊ငွေ၊ နဲ့

အလွန်မွှေးကြိုင်တဲ့ရေမွှေးများမဟုတ်ပါ။

မြင့်မားသထက်မြင့်မားတဲ့

အခြေအနေရောက်အောင်

ကြိုးစားအားထုတ်ရာတွင် အကုန်ခံခဲ့တဲ့

ရင်းနှီးခဲ့ရတဲ့အချိန်နဲ့

ရင်ဆိုင်ခဲ့ရတဲ့ပင်ပန်းမှု ဒုက္ခများဖြစ်ပါတယ်။


ကြိုးစားအားထုတ်မှုဟာ

စိတ်ဝင်စားကြောင်း ပြသတဲ့

သက်သေခံအထောက်အထားဖြစ်ပါတယ်။

မိမိကိုယ်တိုင် ကိုယ်ကျ အရောက်သွားပြီး

ပါဝင်ဆင်နွှဲမှု လက်ဆောင်တစ်မျိုးလည်း ဖြစ်ပါတယ်။


“ လိုချင်တာရမယ်…”



ထိုင်းနိုင်ငံမှ စတိုးဆိုင်တစ်ဆိုင်ရဲ့

ဆိုင်ရှေ့မှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်

ဖြစ်ပါတယ်။


ယောက်ျားမှ လွဲ၍

မိန်းမသုံး ပစ္စည်းအကုန် ရမည်

“ မသိလို့ပါ…”



မန္တလေး တရားရုံးတစ်ခုမှာဖြစ်တယ်။


တရားသူကြီးက...

ဦးအေးရွှေကို ငထုံငအ ကြီးလို့

လူတွေရှေ့မှာ

ခင်ဗျား ဘာဖြစ်လို့ပြောရတာလဲ


တရားခံက...

ဒီအချက်ကို သူဖုံးကွယ်ထားမှန်း

ကျနော် မသိလို့ပါ

“ နောက်ကျနေတုန်းပဲ…”



စောစောထသူကို ဘုရားသခင်က စောင်မ ကြည့်ရှု


ဆိုတဲ့စကားပုံ

မှန်၊မမှန်ကို စမ်းသပ် စစ်ဆေးရန်

တာလီနဲ့ ဇနီး ယွင်းယွင်းတို့က ဆုံးဖြတ်ကြတယ်။


နောက်တစ်နေ့ နံနက် ( )နာရီတိတိမှာ

တာလီတစ်ယောက် အိပ်ရာမှထတယ်။

ဝတ်စုံအသစ်၊

ဦးထုပ်အသစ်၊

ဖိနပ်အသစ်၊

လည်စီးအသစ်နဲ့ လမ်းလျှောက်ထွက်ခဲ့တယ်။


ဂေါက်ကွင်းလမ်းတစ်လျှောက် လမ်းလျှောက်နေစဉ်

လမ်းထောင့်ချိုးတစ်ခုအရောက်တွင် တာလီကို

လူဆိုးတစ်ယောက်က ဓားပြပြီး

ကိုယ်ပေါ်က အဝတ်အစား၊ဦးထုပ်၊ ဖိနပ် နဲ့ လည်စီးတို့ကို

ချွတ်ယူတယ်။

တာလီက ခုခံနေတဲ့အတွက် လူဆိုးက

တော်တော်လေးနာအောင်လည်း ထိုးကြိတ်လိုက်ပါတယ်။


မျက်နှာမှာဒဏ်ရာအပြည့်၊

ကိုယ်ပေါ်မှာလည်း အတွင်းခံဘောင်ဘီသာပါလာတဲ့

ယောက်ျားကို ကြည့်ပြီး ယွင်းယွင်းက မေးတယ်။


တာလီ

ရှင် ဘယ်လို ဖြစ်လာတာလဲ


တာလီက............


ငါ့ထက်

စောစောထတဲ့ ငနဲတစ်ကောင်နဲ့

တွေ့လာလို့ပါ

“ ငရဲပြည်နဲ့ နတ်ပြည်…”



တစ်ခါတုန်းက ယမမင်းဆီ

ရောက်လာသူနှစ်ဦးကို နတ်ပြည်နဲ့ငရဲပြည်ကိုသွားဖို့

စစ်ဆေးနေပါတယ်။


တစ်ဦးက လူ့ဘဝတုန်းက ဓမ္မဆရာဖြစ်တယ်။

လူ့ဘဝတုန်းက ဘာလုပ်သလဲ

လို့မေးတော့

ဓမ္မဆရာက

လူ့ဘဝတုန်းက တရားဟောတဲ့ ဓမ္မဆရာလုပ်ပါတယ်

လို့ဖြေတော့ ငရဲပြည်ကိုသွားစေ

လို့ အမိန့်ချမှတ်လိုက်ပါတယ်။


နောက်တစ်ဦးကတော

အမောင်းကြမ်းတဲ့ကားသမားတစ်ဦးဖြစ်တယ်။

လူ့ဘဝတုန်းက ဘာလုပ်သလဲ

ဆိုတော့

ကားမောင်းသမားလုပ်ခဲ့ပါတယ်

လို့ ဖြေပါတယ်။

ဒီလို ဆိုရင် နတ်ပြည်ကို သွားစေ

လို့အမိန့်ချမှတ်ပါတယ်။


ဒီတော့ ဓမ္မဆရာက မကျေနပ်ပါ။

တရားဟောဆရာလုပ်သူကိုတော့ ငရဲပြည်သွားစေ ဆိုပြီး

အရက်သမားကားမောင်းသူကိုတော့

နတ်ပြည်သွားစေ ဆိုတာ မတရားဘူးလို့

စောဒကတက်ပါတယ်။


ဒီတော့ ယမမင်းပြန်ပြောလိုက်တာက

တရားဟောဆရာလုပ်သူက တရားဟောပေမယ့်

တရားနာသူတွေက

အဲဒီအချိန်မှာ အိပ်ငိုက်နေတယ်။

လူတွေကို ဘုရားနဲ့ဝေးစေတယ်။

ဒါကြောင့် ငရဲပြည်ကိုသွားခိုင်းရတာဖြစ်တယ်။


ကားမောင်းကြမ်းတဲ့ကားဆရာက

အမောင်းကြမ်းတဲ့အတွက် ကားပေါ်ပါလာသူတွေအားလုံး

ဘုရားတနေကြရတယ်။

ဒါကြောင့် သူဟာလူတွေကို ဘုရားနဲ့နီးစေတယ်။

ဒါကြောင့်နတ်ပြည်ကို သွားရတာဖြစ်တယ်လို့

ယမမင်းက ရှင်းလင်းပေးလိုက်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com