Friday, December 2, 2011

" ကျနော်ကြိုက်တဲ့ကဗျာများ-၄..."




“တို့တိုင်းပြည်”

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ၊ တို့မြေ၊ တို့ရွာမြေ၀ယ်
စေတီ၊ စပါးများလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုး မြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။



ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့မြေရွာဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။



ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဥာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း ။ ။

ဆရာဇော်ဂျီ





Thursday, December 1, 2011

" မေးဖို့ဘယ်တော့မှ မရှက်ပါနဲ့..."




တစ်ခါတုန်းက ဂျပန်မှာ 'ဘိမုရာဇံ' ဆိုတဲ့
ဂျပန်ဘုန်းကြီးကျောင်းသားတစ်ယောက်ရှိတယ်။
အလွန်ဆင်းရဲလှပါတယ်။ ဘိမုရာဇံက ဥာဏ်ကောင်းတဲ့ကလေးဖြစ်တာကြောင့်
အမေရိကန်လင်မယားနှစ်ယောက်က မွေးစားလိုက်ပါတယ်။
စစ်ကြီးပြီးတော့ ဘိမုရာဇံကို အမေရိကားကိုခေါ်လာခဲ့ပါတယ်။
အမေရိကားကိုရောက်ပြီးမကြာခင်မှာပဲ
အမေရိကန်လင်မယားနှစ်ယောက်စလုံးရှေ့ဆင့်နောက်ဆင့်
ကွယ်လွန်သွားကြပါတယ်။
အားကိုးရမယ့်မွေးစားမိဘတွေကသေဆုံးသွားတော့
ဘိမုရာဇံ ဟာ တော်တော်ဒုက္ခရောက်ပါတယ်။
စားရေးတတ်၊ဖတ်တတ်တာမို့ လူငယ်လေးဟာ စာကြည့်တိုက်မှာ
အချိန်ပိုင်းအလုပ်လုပ်ရပါတယ်။
အလုပ်လုပ်ရင်းနဲ့ကျောင်းပြန်တက်ပါတယ်။
ဒါနဲ့ပဲ အထက်တန်းကျောင်းပညာကို အောင်မြင်သွားပါတယ်။
အမှတ်ကောင်းတာမို့ တက္ကသိုလ်ကျောင်းတက်တော့ စကော်လာရှစ်ရပါတယ်။
စကော်လာရှစ်ဆိုတာ ချမ်းသာလို့ရတာမဟုတ်ပါဘူး။
စာတော်လို့ရတာပါ။
ဆင်းရဲပေမယ့်စာတော်အောင်ကြိုးစားရင်ပညာသင်ဆုငွေဆိုတဲ့စကော်လာရှစ်ရနိုင်ပါတယ်။
ဆင်းရဲတာစိတ်အားငယ်စရာမဟုတ်ပါဘူး။
ဘိမုရာဇံ ဟာ စာမေးပွဲတွေအောင်မြင်ပြီး အဲဒီတက္ကသိုလ်ကျောင်းမှာပဲဆရာဖြစ်လာပါတယ်။
နောက်ပိုင်းမှာ ပါမောက္ခဖြစ်လာပါတယ်။
ဂျပန်မှာ အရမ်းဆင်းရဲတော့ ဇိမ်နဲ့မနေနိုင်ပါဘူး။
အရမ်းအလုပ်လုပ်ရပါတယ်။အရမ်းလည်းပင်ပန်းပါတယ်။
အမေရိကန်မှာက အလုပ်လုပ်ရတယ်ဆိုပေမယ့် ဇိမ်နဲ့နေနိုင်တယ်။

ရုပ်ဝတ္ထုပစ္စည်းတွေလည်းအရမ်းကိုပေါပါတယ်။

စည်းကမ်း၊ဥပဒေကလည်းအရမ်းကောင်းတယ်။

ပြည်သူတွေကိုအကာအကွယ်တွေပေးတယ်။

သတိပြုမိတာတစ်ချက်က

အခုအလုပ်လုပ်နေတဲ့တက္ကသိုလ်မှာ နိုဗယ်ဆုရသူတွေအများကြီးတွေ့ရတယ်။

နိုဗယ်ဆုက ဆွီဒင်နိုင်ငံကပေးတာပါ။

အမေရိကန်နိုင်ငံက အများဆုံးရတာကိုတွေ့ရတယ်။

ဂျပန်နိုင်ငံမှာ နိုဗယ်ဆုရသူတွေကိုရှာဖွေကြည့်တယ်။

ရသူတွေကိုမတွေ့ရဘူး။

စာသင်တာညံ့လို့ဖြစ်မယ်ထင်ပြီး

ဂျပန်တိုကျိုတက္ကသိုလ်ကို အလုပ်ပြောင်းလျှောက်လိုက်တယ်။

လွယ်လွယ်ကူကူပဲ အလုပ်ရလိုက်ပါတယ်။

တိုကျိုတက္ကသိုလ်ရောက်တော့ အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာနေရတယ်။

အိမ်ခန်းအနားက ပါမောက္ခကလည်းအခေါ်အပြောမရှိဘူး။

ဘယ်လိုပါလိမ့်။

အမေရိကန်မှာက သိသိ၊မသိသိ အလုပ်ခွင်မှာဆိုရင်ပြုံးပြုံးရွှင်ရွှင် နူတ်ဆက်ကြတယ်။

ဖော်ရွေမှုရှိကြတယ်။

ဘာဘဲဖြစ်ဖြစ် ကျောင်းသူကျောင်းသားတွေကို စာကြိုးစားပြီးသင်ပေးခဲ့ပါတယ်။

ကျောင်းသူ၊ကျောင်းသားတွေကလည်းအလွန်တော်ကြပါတယ်။

ကြိုးစားပြီးရေးကြ၊မှတ်ကြပါတယ်။

စားမေးပွဲဖြေတဲ့အခါမှာလည်း သင်တဲ့အတိုင်း ‘၏၊သည်မလွဲ’

ဖြေနိုင်ကြပါတယ်။

အမှတ်တွေလည်းအရမ်းကောင်းကြပါတယ်။

နောက်ဆုံးမှာ နိုဗယ်ဆုမရကြဘူး။

ဘာကြောင့်လဲဆိုတာလေ့လာကြည့်တော့

ဂျပန်ကျောင်းသူကျောင်းသားတွေက

ဆရာသင်သလောက်ပဲတတ်ကြတာကိုး၊

အမေရိကန်ကျောင်းသူ၊ကျောင်းသားတွေက တစ်မျိုး။

အမေးအမြန်းအရမ်းထူတယ်။

စောဒကလည်းအရမ်းတက်တယ်။

ဆင်ခြေတွေလည်းအမျိုးမျိုးပေးတယ်။

ဆရာသင်တာကို တတ်ချင်မှတတ်တယ်။

သူတို့တွေတတ်တာကျတော့ ဆရာတွေနဲ့မတူဘူး။

အသစ်အဆန်းအမျိုးမျိုးကို တွေးနိုင်တယ်။စမ်းသပ်နိုင်တာမို့

နိုဗယ်ဆုတွေကို ရတာဖြစ်ကြောင်းကိုသိလိုက်ရတယ်။

++++++++++++++++++

ရောမခေတ် ပညာရှိတစ်ဦးကို လူတစ်ယောက်က မေးကြည့်ဖူးပါတယ်။

“အရာအားလုံးလိုလိုကိုမေးတိုင်း ဘာကြောင့်များ သိနေရပါသလဲ”

ပညာရှိပြန်ဖြေတာက

“ကျုပ်ဟာ သိချင်တာကို မေးဖို့ဘယ်တုန်းကမှ မရှက်ခဲ့ဖူးဖူး။

မေးလို့သိတာပါ။

ပညာရှိဖြစ်ချင်ရင် မေးဖို့ဘယ်တော့မှ မရှက်ပါနဲ့”

++++++++++++++++++

‘၏၊သည်မလွဲ’

ကျက်ခိုင်းနေသမျှကာလပတ်လုံး

အကျိုးဖြစ်ထွန်းမယ့်ကျောင်းသူ၊ကျောင်းသားတွေထွက်ပေါ်လာမှာမဟုတ်ဘူး။

ပညာတတ်ဖြစ်ချင်ဖြစ်မယ်။

ပညာရှင်တော့ ဖြစ်ဖို့မလွယ်ဘူး။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးကိစ္စမှာလည်း

‘၏၊သည်မလွဲ’

ကျက်မှတ်တဲ့ပညာရေးစံနစ်ဟာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်လျက်ရှိနေပါတယ်။

နိုင်ငံကိုတိုးတက်စေချင်ရင်

‘၏၊သည်မလွဲ’ကျက်မှတ်တဲ့ပညာရေးပုံစံကိုပြောင်းလဲဖို့

အချိန်ရောက်ပြီဖြစ်ကြောင်း

သံချောင်းခေါက်လိုက်ချင်ပါတယ်။




" ဈာန်အဝင်ဆုံး အလုပ်..."


“ လူသားတို့သည်
မိမိတို့မှာရှိသော စွမ်းအား၏
အလွန်သေးငယ်သော အစိတ်အပိုင်းမျှလောက်
ကိုသာ သုံးစွဲနေကြ၏ ”

( စိတ်ပညာရှင်ကြီး ဝီလျံဂျိမ်းစ် )


++++++++++++++++++

လူသည်လုပ်ငန်း၏ စိန်ခေါ်မှုနှင့်
မိမိမှာရှိသည့် စွမ်းရည်တို့ အားချင်းမျှကာ
သူတစ်ပြန် ကိုယ်တစ်ပြန် ယှဉ်ပြိုင်ဆင်နွှဲနေနိုင်သည့်အခါမျိုးတွင်သာ
လုပ်ငန်း၌ ဈာန်အဝင်ဆုံးဖြစ်တတ်၏။
ဒီအခါ လုပ်ငန်းစွမ်းရည်လည်း ထက်မြက်လာ၏။
++++++++++++++++++



နိစ္စဓူဝအလုပ်ထဲမှာ
စိန်ခေါ်မှုကလေးတွေ
မိမိဘာသာ ဖန်တီးထည့်သွင်းပေးခြင်း ဖြစ်၏။


++++++++++++++++++


တကယ့်ထိပ်တန်းတင်းနစ်သမားကောင်းများဟာ
ရိုက်ချက်တစ်ချက်ချင်းကောင်းဖို့ကိုသာ အာရုံပြုတယ်။
ပြိုင်ပွဲနိုင်ဖို့ဆိုတာစဉ်းစားမနေဘူး။
ရိုက်ချက်တစ်ချက်ကောင်းမယ်၊
နောက်တစ်ချက်ကောင်းမယ်၊
အဲဒီအတိုင်းသာဆက်သွား၊
ဒီပွဲ နိုင်ပြီပဲ ”

( စိတ်ပညာရှင် ဂျွန် အင်ဒါဆင် )

++++++++++++++++++


စိတ်ရော၊ကိုယ်ပါညောင်းညာပြီး
အာရုံစိုက်မှု အနည်းနှင့်အများလျော့ပါးလာတဲ့အခါ
အလုပ်ကို ခေတ္တချထားကာ၊
အသက်ပြင်းပြင်းရှူရှိုက်ခြင်း၊
မျက်စိကိုမှိတ်ထားကာ
မိမိကိုယ်ကို သာယာသော ပန်းဥယျာဉ်ထဲ ရောက်နေတယ်
လို့ မြင်ယောင်ခံစားခြင်း၊
လက်နှစ်ဖက် တွဲလောင်းချ၊
တစ်ကိုယ်လုံးရှိ အကြောအခြင်တွေလည်း လျှော့ချကာ
စိတ်ရော ကိုယ်ပါတောင့်တင်းမှု အနည်းဆုံးအနေအထား၌ နေကြည့်ခြင်း
စတဲ့ဖြင့် အနားပေးသင့်ပါတယ်။

++++++++++++++++++

“ ဆေတန် ၅ ဒုံးပျံမှာ
အစိတ်အပိုင်းပေါင်း ၅၆၀၀၀၀၀( ငါးသန်းခြောက်သိန်း)ပါတယ်။
အဲဒီတော့ ၉၉.၉ ရာခိုင်နှုန်း သေချာတယ်ဆိုရင်တောင်
မသေချာတဲ့အစိတ်အပိုင်း ၅၆၀၀(ငါးထောင်ခြောက်ရာ)လောက်ရှိနေနိုင်တယ်။
အခုဆေတန်၅ဒုံးပျံနဲ့ လွှတ်တင်တဲ့ အပိုလို ၄ အာကာသယာဉ်ရဲ့လကမ္ဘာသွားခရီးစဉ်မှာ အတိအကျမဖြစ်တာ နှစ်ခုပဲရှိခဲ့တယ် ဆိုတော့၊
တိကျသေချာမှု ၉၉.၉၉၉၉ ရာခိုင်နှုန်းရှိတယ်လို့ ဆိုရလိမ့်မယ်၊
အကယ်၍ အစိတ်အပိုင်း ၁၃၀၀၀( တစ်သောင်းသုံးထောင်)လောက်ပဲ ပါတဲ့
သာမန်မော်တော်ကားတစ်စီးကိုသာ
အဲသည်လောက် တိကျသေချာအောင် လုပ်ထားမယ်ဆိုရင်
နှစ်ပေါင်း (၁၀၀)လောက် ကြာမှ ပထမဆုံးတစ်ကြိမ်စ ဖောက်တာ ကြုံရလိမ့်မယ် ”
လို့
ဗန်ဘရောင်း (Wernher von Braun )
( ဒုံးပျံပါရဂူကြီး/ ပရိုဂျက်အကြီးအကဲ )ပြောခဲ့ပါတယ်။

Align Center

Wednesday, November 30, 2011

" လဲကျပြီးတိုင်း ပြန်ထပါ..."


တစ်ခါတုန်းက
ချီကာကိုထောင်ဟာ အလွန်နာမည်ဆိုးနဲ့ကျော်ကြားလှပါတယ်။
ထောင်ကျသူတွေဟာ ဆိုးသွမ်းတဲ့နေရာမှာ အလွန်နာမည်ကြီးလှပါတယ်။
ထောင်ကို ခြင်ထောင်လိုသဘောထားနေကြသူများလည်းဖြစ်တယ်။
ထောင်သားတွေဟာ ထောင်ကလွတ်ပြီး မကြာခင်မှာပင်
ထောင်ထဲကို ပြစ်မှုတစ်ခုခုနဲ့ပြန်ရောက်လာတတ်သောကြောင့်
ထောင်မှူးက စိတ်ရှုတ်လာပါတယ်။
သူတို့တွေ ထောင်ထဲကို နောက်တစ်ခေါက်ပြန်မလာအောင်
ဘယ်လိုလုပ်ရင်ကောင်းမလဲလို့လည်း ခဏခဏစဉ်းစားပါတယ်။
တစ်နေ့တော့ ထောင်မှူးကအဟောအပြောကောင်းသူတစ်ယောက်ကို
အခကြေးငွေနဲ့ငှားရမ်းပြီးပြောဟောပေးဖို့စီစဉ်ပါတယ်။
ဟောပြောသူကလည်း သဘောတူပါတယ်။
ဒါပေမယ့် ထောင်ထဲတွင် တစ်ခါမှ မပြောဖူးတော့
စိတ်လှုပ်ရှားနေပါတယ်။
ဘာပြောရမယ်ဆိုတာကိုလည်း စဉ်းစားလို့မရဖြစ်နေပါတယ်။
ဒါနဲ့ပဲ ဟောပြောမယ့်နေ့ကိုရောက်လာပါတယ်။
ဟောပြောမယ့်စင်ကိုတက်ဖို့သွားတဲ့အခါ
စိတ်လှုပ်ရှားနေတဲ့အတွက် လှေကားအတက်မှာ
မှောက်ခုံလဲကျသွားပါတယ်။
နားထောင်ဖို့ရောက်လာတဲ့ထောင်သားတွေဟာ
တဟားဟားနဲ့ရီမောနေပါတယ်။
ဟောပြောသူကလည်း အရှက်ပြေ ရောပြီးရီမောလိုက်ပါတယ်။

ပြီးတော့မှ ဟောပြောသူပြောလိုက်တာက...
" ကျနော်ပြောချင်တာက......ဒါပါပဲ။
တကယ်တော့ လူတိုင်းလူတိုင်းဟာ လဲကျဖူးပါတယ်။
ကျနော်တို့ငယ်စဉ်တုန်းက လမ်းမလျှောက်တတ်သေးချိန်မှာ
လမ်းလျှောက်ဖို့ထလိုက်တဲ့အခါတိုင်းလိုလို လဲကျသွားဖူးပါတယ်။
လဲကျပြီးတိုင်း ပြန်ထဖို့ကြိုးစားတာချည်းပါပဲ။
အဲဒီလို ကြိုးစားခဲ့လို့လည်း ကျနော်တို့ဟာ လမ်းလျှောက်တတ်လာခဲ့တာပါ။
ပြေးမယ်ဆိုရင်တောင် ပြေးလို့ရတဲ့အခြေအနေကိုရောက်လာခဲ့ပါတယ်။
ကဲ...စဉ်းစားကြည့်ရအောင်၊
လဲကျပြီးပြန်မထခဲ့ဖူးဆိုရင် ဘာဖြစ်မလဲ။
ဘယ်သူမဆို ဘဝတစ်ကွေ့မှာ တစ်ရံတစ်ခါ လဲကျတတ်တာချည်းပါပဲ။
ကလေးဘဝတုန်းကတောင်
ဘယ်သူမှ လဲကျပြီး လဲကျတဲ့အတိုင်း မနေခဲ့ပါဘူး။
အခုလည်း အကြောင်းအခန့်မသင့်လို့ လဲကျသွားတာပါ။
ပြန်ထဖို့ပြောချင်ပါတယ်။
လူကြီးမင်းတို့ ခင်ဗျား၊
လဲကျပြီးတိုင်းပြန်ထပါ"






"ကယ်တင်ရှင်…"



တစ်ခါတုန်းက
အလာစကာဆိုတဲ့ဇိမ်ခံသင်္ဘောပေါ်တွင်
လိုက်ပါလာတဲ့အပျိုချောဖြစ်တဲ့မေရီသဲသဲရဲ့နေ့စဉ်မှတ်တမ်းဖြစ်ပါတယ်။
ပထမနေ့…..
အလာစကာဆိုတဲ့ဇိမ်ခံသင်္ဘောဟာ အပျံစားသင်္ဘောဖြစ်တယ်။
သင်္ဘောပေါ်ရှိယောက်ျားများထဲတွင် သင်္ဘောကပ္ပတိန်ဟာ အခန့်ဆုံး၊အချောဆုံးဖြစ်တယ်။
စိတ်ဝင်စားဖို့ကောင်းတယ်။
ဒုတိယနေ့…
ထမင်းစားခန်းတွင် ကပ္ပတိန်နဲ့တစ်စားပွဲထဲအတူတူစားရတယ်။
တတိယနေ့…
သင်္ဘောပေါ်ရှိနေရာအနှံကို ကပ္ပတိန်ကလိုက်ပြတယ်။
ပြီးတော့ ချစ်ရေးဆိုတယ်။
စတုတ္ထနေ့…
ဒီနေ့ည သူ့အခန်းထဲကို မလာပါက သင်္ဘောကိုမှောက်ပစ်မယ်လို့ သူခြိမ်းခြောက်တယ်။
ပဉ္စမနေ့…
ခရီးသည-်၄၅၀-ရဲ့အသက်ကို ကျမကယ်တင်လိုက်ရပါတယ်။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com