“ လူသားတို့သည်
မိမိတို့မှာရှိသော စွမ်းအား၏
အလွန်သေးငယ်သော အစိတ်အပိုင်းမျှလောက်
ကိုသာ သုံးစွဲနေကြ၏ ”
( စိတ်ပညာရှင်ကြီး ဝီလျံဂျိမ်းစ် )

++++++++++++++++++
လူသည်လုပ်ငန်း၏ စိန်ခေါ်မှုနှင့်
မိမိမှာရှိသည့် စွမ်းရည်တို့ အားချင်းမျှကာ
သူတစ်ပြန် ကိုယ်တစ်ပြန် ယှဉ်ပြိုင်ဆင်နွှဲနေနိုင်သည့်အခါမျိုးတွင်သာ
လုပ်ငန်း၌ ဈာန်အဝင်ဆုံးဖြစ်တတ်၏။
ဒီအခါ လုပ်ငန်းစွမ်းရည်လည်း ထက်မြက်လာ၏။
++++++++++++++++++

နိစ္စဓူဝအလုပ်ထဲမှာ
စိန်ခေါ်မှုကလေးတွေ
မိမိဘာသာ ဖန်တီးထည့်သွင်းပေးခြင်း ဖြစ်၏။

++++++++++++++++++

တကယ့်ထိပ်တန်းတင်းနစ်သမားကောင်းများဟာ
ရိုက်ချက်တစ်ချက်ချင်းကောင်းဖို့ကိုသာ အာရုံပြုတယ်။
ပြိုင်ပွဲနိုင်ဖို့ဆိုတာစဉ်းစားမနေဘူး။
ရိုက်ချက်တစ်ချက်ကောင်းမယ်၊
နောက်တစ်ချက်ကောင်းမယ်၊
အဲဒီအတိုင်းသာဆက်သွား၊
ဒီပွဲ နိုင်ပြီပဲ ”
( စိတ်ပညာရှင် ဂျွန် အင်ဒါဆင် )

++++++++++++++++++

စိတ်ရော၊ကိုယ်ပါညောင်းညာပြီး
အာရုံစိုက်မှု အနည်းနှင့်အများလျော့ပါးလာတဲ့အခါ
အလုပ်ကို ခေတ္တချထားကာ၊
အသက်ပြင်းပြင်းရှူရှိုက်ခြင်း၊
မျက်စိကိုမှိတ်ထားကာ
မိမိကိုယ်ကို သာယာသော ပန်းဥယျာဉ်ထဲ ရောက်နေတယ်
လို့ မြင်ယောင်ခံစားခြင်း၊
လက်နှစ်ဖက် တွဲလောင်းချ၊
တစ်ကိုယ်လုံးရှိ အကြောအခြင်တွေလည်း လျှော့ချကာ
စိတ်ရော ကိုယ်ပါတောင့်တင်းမှု အနည်းဆုံးအနေအထား၌ နေကြည့်ခြင်း
စတဲ့ဖြင့် အနားပေးသင့်ပါတယ်။

++++++++++++++++++
“ ဆေတန် ၅ ဒုံးပျံမှာ
အစိတ်အပိုင်းပေါင်း ၅၆၀၀၀၀၀( ငါးသန်းခြောက်သိန်း)ပါတယ်။
အဲဒီတော့ ၉၉.၉ ရာခိုင်နှုန်း သေချာတယ်ဆိုရင်တောင်
မသေချာတဲ့အစိတ်အပိုင်း ၅၆၀၀(ငါးထောင်ခြောက်ရာ)လောက်ရှိနေနိုင်တယ်။
အခုဆေတန်၅ဒုံးပျံနဲ့ လွှတ်တင်တဲ့ အပိုလို ၄ အာကာသယာဉ်ရဲ့လကမ္ဘာသွားခရီးစဉ်မှာ အတိအကျမဖြစ်တာ နှစ်ခုပဲရှိခဲ့တယ် ဆိုတော့၊
တိကျသေချာမှု ၉၉.၉၉၉၉ ရာခိုင်နှုန်းရှိတယ်လို့ ဆိုရလိမ့်မယ်၊
အကယ်၍ အစိတ်အပိုင်း ၁၃၀၀၀( တစ်သောင်းသုံးထောင်)လောက်ပဲ ပါတဲ့
သာမန်မော်တော်ကားတစ်စီးကိုသာ
အဲသည်လောက် တိကျသေချာအောင် လုပ်ထားမယ်ဆိုရင်
နှစ်ပေါင်း (၁၀၀)လောက် ကြာမှ ပထမဆုံးတစ်ကြိမ်စ ဖောက်တာ ကြုံရလိမ့်မယ် ”
လို့
ဗန်ဘရောင်း (Wernher von Braun )
( ဒုံးပျံပါရဂူကြီး/ ပရိုဂျက်အကြီးအကဲ )ပြောခဲ့ပါတယ်။

No comments:
Post a Comment