လူတိုင်းမှာ တကယ်မလုပ်မဖြစ်တဲ့အလုပ်
Monday, August 15, 2011
" အင်အားအကြီးဆုံးကုသိုလ်..."
လူတိုင်းမှာ တကယ်မလုပ်မဖြစ်တဲ့အလုပ်
Sunday, August 14, 2011
" ပိုကောင်းတဲ့သူ ဖြစ်လာဖို့..."
အရေးကြီးတာက အကောင်းဆုံးလူသားတစ်ယောက်
ဖြစ်လာဖို့ပဲ။
အကောင်း၊အဆိုး ဘာပဲကြုံရ၊ကြုံရ
ပိုကောင်းတဲ့သူ ဖြစ်လာဖို့ဟာ
လိုရင်းပဲ။
+++++++++++++++
ကိုယ့်ဘဝရဲ့ပူလောင်မှု၊
ငြိမ်းအေးမှုကို
ကိုယ်စိတ်ကပဲ ဖန်တီးပါတယ်။
စိတ်ပူရင် ဘဝပူမယ်။
စိတ်ငြိမ်းအေးရင် ဘဝငြိမ်းအေးမယ်။
ဘဝဆိုတာ စိတ်ရဲ့ပုံရိပ်ပါ။
ဘဝဆိုတာ စိတ်ရဲ့ ကိုယ်တိုင်ရေးပုံတူ ပန်းချီကား
တစ်ချပ်ပါ။
(အရှင် ဆန္ဒာဓိက)
+++++++++++++++
မသေခင်မှာ တဏှာကင်းရင်
ငြိမ်းအေးတယ်။
ဗုဒ္ဓ
+++++++++++++++
မြတ်စွာဘုရားက
“ ထမင်းစားသောက်ပြီးလို့ ပန်းကန်ဆေးရည်၊
အိုးဆေးရည်တွေကို
မြောင်းထဲသွန်တဲ့အခါ
“ ဒီပန်းကန်ဆေးရည်၊အိုးဆေးရည်တွေထဲက ထမင်းလုံး၊
ဟင်းဖတ်လေးတွေ၊ဆီဖတ်လေးတွေကို
မြောင်းထဲက ပိုးကောင်လေးတွေစားကြ၊
သောက်ကြပါစေ ”လို့ နှလုံးသွင်း စိတ်ထားပြီး
စွန့်သွန်ရင် ကြီးကျယ်တဲ့ဒါနကုသိုလ်ဖြစ်ပါတယ် ”လို့
ဟောကြားတော်မူထားပါတယ်။
(အရှင်ဆန္ဒာဓိက)
+++++++++++++++
“ သိက္ခာချရင် ငိုချင်တယ်…”
သူများသိက္ခာချရင် ကိုယ့်သိက္ခာကျတယ်။
သူများသိက္ခာချတဲ့အလုပ်မျိုး
ဘယ်တော့မှ မလုပ်ဘူး။
( ဖါးအောက်တောရဆရာတော်ဘုရားကြီး)
+++++++++++++++
ဉာဏ်ကောင်းချင်တယ်ဆိုရင်၊
စာမေးပွဲမှာ ထူးထူးချွန်ချွန်အောင်မြင်ချင်တယ်ဆိုရင်၊
မှတ်ဉာဏ်ကောင်းချင်တယ် ဆိုရင်
နေ့စဉ်နေ့တိုင်းဝင်လေ၊ထွက်လေ ရှုမှတ်တဲ့အလုပ်ကို
မလုပ်မဖြစ်လုပ်ပါ။
(ဆရာတော် အရှင်ဆန္ဒာဓိက)
+++++++++++++++
အရေးကြီးတာက စ မိဖို့ပဲ။
စ မိပြီးဆိုရင် နဲနဲဖြစ်ဖြစ်၊ မှန်မှန်လုပ်ဖို၊
ပြီးတော့ အခြေအနေအရ ပိုပိုပြီးလုပ်သွားဖို့ပါပဲ။
(ဆရာတော် ဦးဇောတိက)
+++++++++++++++
လူတစ်ယောက်ရဲ့စိတ်နေသဘောထား၊
အကျင့်သီလ၊
အသိဉာဏ်၊
လုပ်ရည်ကိုင်ရည် စသည်ဖြင့်အားလုံး
အဆင့်မြင့်မားလာဖို့အရေးမှာ
အခြေခံအကျဆုံးအချက်ဟာ
သတိပါပဲ။
(ဆရာတော် ဦးဇောတိက)
+++++++++++++++
အရင့်ကျက်ဆုံးလူဟာ
အခြိုးခြံဆုံးလူပါပဲ။
+++++++++++++++
ပြင်ပကို မှီခိုမှုများခြင်းကြောင့်
အတွင်းမှာ လွတ်လပ်မှု မရှိတော့ဘူး။
+++++++++++++++
အမှန်ပြောရမယ်ဆိုရင်
အခုအသက် အရွယ် (၅၄)နှစ်မှာ
အရသာအတွေ့ဆုံးအရာ (၂)ခုပဲ
ရှိတယ်လို့ ပြောရမယ်။
၁။ ။တရားအားထုတ်တာ နဲ့
၂။ ။အကြောင်းအရာတစ်ခုခုကို ဆက်စပ်ပြီးတော့တွေးတာ။
(ဆရာတော် ဦးဇောတိက)
+++++++++++++++
လောကမှာ လောဘက အဆန်းပြားဆုံးပဲ။
အရှုပ်ထွေးဆုံးပဲ။
သူ့အလိုသာ လိုက်ရရင် ရှုပ်ဖို့ပဲ ရှိတော့တယ်။
(ဆရာတော် ဦးဇောတိက)
+++++++++++++++++++++++
Saturday, August 13, 2011
" နီးရက်နဲ့ဝေးနေပါလား...."
လူတစ်ယောက်ဟာ
သူတွေ့နေရတဲ့သူ့ရဲ့အရိပ်ကို ကြည့်ပြီးတော်တော်စိတ်ပျက်နေပါတယ်။
အဲဒါကြောင့် အဲဒီအရိပ်ကနေ ကင်းဝေးစေဖို့ အရိပ်ပျောက်အောင်
လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
အဲဒါကြောင့် လမ်းလျှောက်နေရကနေ စတင်ပြေးပါတော့တယ်။
ပြေးဖို့ခြေကြွလိုက်တာနဲ့ အရိပ်ကလည်း ပြေးနေပါတယ်။
နောက်ခြေတစ်လှမ်း လှမ်းလိုက်တဲ့အခါမှာလည်း
ခြေလှမ်းတဲ့အတိုင်း အရိပ်က လိုက်ပါနေပါတယ်။
အရိပ်က သူ့ရဲ့နောက်က ထပ်ချပ်မကွာ လိုက်နေပါတော့တယ်။
အဲဒီနောက်မှာ စိတ်ကူးသစ်တစ်ခု ထပ်ရပြန်ပါတယ်။
ပို၍ မြန်မြန်ပြေးဖို့ စိတ်ကူးရလာပါတယ်။
အဲဒါကြောင့် သူဟာ မြန်သည်ထက်မြန်အောင် ဆက်၍ ဆက်၍ ပြေးရာ
နောက်ဆုံးမှာ အမော့ဆို့ပြီး သေဆုံးသွားပါတော့တယ်။
တကယ်လို့သာ အဲဒီလူဟာ ဥာဏ်ရှိခဲ့မယ်ဆိုရင်
အရိပ်ကောင်းတဲ့သစ်ပင်အောက်ကို ဝင်ပြီး
နားခိုလိုက်ပါက သူ့အရိပ်ဟာ အလိုလို ပျောက်သွားမှာဖြစ်ပါတယ်။
အရိပ်ကောင်းရှိတဲ့ သစ်ပင်တစ်ပင်အောက်သာ ဝင်လိုက်ပါက
အေးအေးဆေးဆေးထိုင်ပြီး အနားယူနိုင်ပါတယ်။
အခုလောက်လည်း ပင်ပန်းစရာမရှိ၊
သေစရာအကြောင်းလည်းမရှိနိုင်ပါ။
