Thursday, June 30, 2011

" သွားမစ,လိုက်နဲ့ဗျို့...."




တစ်ခါတုန်းက...

ကျနော်နဲ့ကျနော့်မိန်းမ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို အလည်ရောက်ခဲ့စဉ်ကပေါ့။

တည်းခိုတဲ့နေရာကလည်း ပဲရစ်
မြို့ရဲ့နာမည်ကျော် "ချစ်သူလမ်းကြား" အနီးက

ဟိုတယ်တစ်ခုမှာလေ။

ညနေစောင်းလဲရောက်ရော ကျနော့်ဇာတိက ပြ လာတယ်၊

အဲဒီ
"ချစ်သူလမ်းကြား" ထဲကို

သွားကြည့်ချင်တာလေ။ ဝါသနာပါတာကိုး။

ဒါနဲ့ မိန်းမကိုလှည့်ပတ်ပြောခဲ့ပြီး သူ့ကို ဟိုတယ်အခန်းမှာ ခဏထားခဲ့လိုက်တယ်၊

ပြီးတာနဲ့ ချစ်သူလမ်းကြားတလျှောက် အစုံအဆန်လိုက်ကြည့်မိတယ်

အားပါးပါး...မိန်းမလှလေးတွေဗျာ၊

ပလက်ဖောင်းပေါ်မှာ၊

တိုက်နံရံဘေးမှာ၊

လှေခါးအဆင်းနေရာလေးတွေမှာ

ပေါမှပေါ

ချောမှချော။

အသားလေးတွေများ ဝင်းစိုအိဖတ်နေလိုက်တာ

ခြေသလုံးလေးတွေဆိုရင် ပြေးပြေး ဟပ်

လိုက်ချင်တယ်..တကယ်။

မနေနိုင်တာနဲ့ ကောင်မလေးတစ်ယောက်ကို ကပ်ပြီး မေးကြည့်လိုက်တယ်

"
မိန်းကလေး...ဘယ်ဈေးလဲကွ"

"
ရိုးရိုးဆိုရင် ဒေါ်လာ ၂၀၀၊

အစုံဆိုရင် ဒေါ်လာ ၂၅၀"

"
ဟင်...အဲလောက်တောင် ဈေးကြီးတာလား၊

ငါ က ၂၅ ဒေါ်လာလောက်ဘဲ ထင်နေတာ"


"
အဲဒါဆိုရင်တော့ ရှင် ဟိုဘက်တစ်လမ်းကျော်ကိုသွား၊

အဲဒီမှာ
၂၅ ဒေါ်လာတန်တွေရှိတယ်၊

ဒါပေမဲ့ စုတ်ပြတ်နေတာတွေဘဲ ရမှာနော်"

"
အော်...အေးပါကွာ၊

မသွားတော့ပါဘူး၊

ပြန်တော့မယ်"

"
ကြွ...ကြွ"

" ဟူး...မလွယ်ဘူး၊

သွားပြီး
စပ်စုမိတာ အကောခံလိုက်ရတာ အဖတ်တင်တယ်။

အခန်းပြန်မှ။


ဒါနဲ့ ဟိုတယ်ကိုပြန်၊ ရေမိုးချိုး၊ မိန်းမကို လက်ဆွဲပြီး

နှစ်ယောက်သားညစာစားဖို့ လမ်းမအတိုင်း ဆိုင်လိုက်ရှာရွေးနေတုံး

ကံများဆိုးချင်တော့ ခုနက မိန်းကလေးနဲ့ မျက်နှာချင်းဆိုင်တိုးပါလေရောဗျာ။

သူကလည်းမှတ်မိတယ်ခင်ဗျ၊

မှတ်မိတာထက်ဆိုးတာက သူ ပြောလိုက်တဲ့ စကား၊

"
အော်..ခုတော့ ၂၅ ဒေါ်လာတန်ကြီး , လာတယ်ပေါ့လေ၊

ကျမ မပြောဘူးလား၊

စုတ်ပြတ်နေပါတယ်လို့"

++++++++++++++++++++++++++++++++++++++++++++++

(မှတ်ချက်။ ။ ကျနော်ပြင်သစ်ကိုမရောက်ဖူးပါ။

ကျနော်ကိုယ်တွေ့လည်းမဟုတ်ပါ။

ရှေ့နေမလေး မနီဝမ်း ပေးပို့လိုက်တာကို

တစ်ဆင့်ဖောက်သည်ချလိုက်ခြင်းသာဖြစ်ပါကြောင်း၊)

“ ဘဝင်မြင့်သူမဖြစ်ပါစေနဲ့…”



တစ်ခါတုန်းက

စစ်သဘောင်္တစ်စင်းဟာ စစ်ရေးလေ့ကျင့်ဖို့ ပင်လယ်ထဲထွက်ခဲ့ပါတယ်။

ညအချိန်ရောက်တော့ တာဝန်ကျအရာရှိတစ်ယောက်က မီးရောင်တွေ့ကြောင်း

သဘောင်္ကက်ပတိန်ကိုသတင်းပို့ပါတယ်။

ကက်ပတိန်က

“အဲဒီသဘောင်္ကို မီးရောင်နဲ့အချက်ပြန်ပြလိုက်၊

နောက်ပြီး 20-ဒီဂရီလမ်းကြောင်းပြောင်းပေးဖို့အကြောင်းပြန်လိုက်ပါ”

လို့အမိန့်ပေးလိုက်ပါတယ်။

မကြာခင်မှာပင်တာဝန်ကျအရာရှိက

“ ကက်ပတိန်၊ ဟိုကအချက်ပြန်ပြတယ်။

ကျနော်တို့သဘောင်္ကို လမ်းကြောင်းပြောင်းခိုင်းနေတယ်”

ကက်ပတိန်က စိတ်တိုသွားတယ်။

“ငါတို့က စစ်သဘောင်္ကြီးဖြစ်တယ်။

အထူးတာဝန်နဲ့လာနေတာ၊

လမ်းကြောင်းပြောင်းစရာရှိရင် သူကသာပြောင်းရမှာဖြစ်တယ်”

ပြီးတော့ ဆက်အမိန့်ပေးလိုက်ပါတယ်။

“ ကဲ…အကြောင်းပြန်လိုက်ပါ။

အမြန်ဆုံးလမ်းကြောင်းပြောင်းပေးပါ။

မပြောင်းပေးရင်အကြောင်းကောင်းကောင်းသိသွားမယ်”

လို့အမိန့်ထပ်ပေးလိုက်ပါတယ်။

မကြာခင်မှာပင် တာဝန်ကျအရာရှိက…

“ ကက်ပတိန်၊ ဟိုကအကြောင်းပြန်တယ်။

ထိပ်တိုက်တိုးချင်ရင်လည်းသဘောပဲ။

သူကတော့ ဖယ်ပေးစရာမရှိဘူးတဲ့။

ဘာဖြစ်လို့ဆိုတော့ သူက မီးပြတိုက်……”

စကားမဆုံးလိုက်ပါ။

ကက်ပတိန်က

“ဟေ့ မြန်မြန်လုပ်၊ လမ်းကြောင်းပြောင်း၊

မီးပြတိုက်တဲ့ကွ”


ဘဝင်မြင့်တဲ့ရောဂါဟာ အကုသရခက်တဲ့ရောဂါတစ်မျိုးဖြစ်တယ်။

အချို့က အာဏာကြောင့်၊

အချို့က ငွေကြေးဥစ္စာကြောင့်၊

အချို့က ပညာကြောင့်၊

အကြောင်းအမျိုးမျိုးကြောင့် ဘဝင်မြင့်ရောဂါများဖြစ်လာကြတယ်။

ဘဝင်မြင့်သူများဟာ ပေါင်းသင်းရခက်ခဲသူများဖြစ်ကြတယ်။

အကြောင်းမှာ ကျပ်မပြည့်ကြသူများဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။

မီးပြတိုက်ဆိုတာ အခြေခံကိုယ်ကျင့်သီလနဲ့တူပါတယ်။

သဘောင်္သားများနဲ့သဘောင်္များကို ဘေးအန္တရာယ်ကကင်းဝေးစေပါတယ်။

ကိုယ်ကျင့်သီလကိုချိုးဖောက်တာဟာ မီးပြတိုက်ကို ဝင်တိုက်တာနဲ့တူပါတယ်။

ဘဝင်မြင့်သူများကတော့ မီးပြတိုက်ကိုပင် ဝင်တိုက်ဖို့ကြိုးစားသူများဖြစ်ပါတယ်။

ထိခိုက်နစ်နာမယ့်သူကတော့ ဘဝင်မြင့်သူများကိုယ်တိုင်ပဲဖြစ်ပါတယ်။


Tuesday, June 28, 2011

" သက်သတ်လွတ်အရည်တစ်မျိုး...."


ကိုအေးကိုကိုဟာ ဆေးခန်းကိုလာပြနေကျလူနာဖြစ်တယ်။

ပန်းနာရင်ကြတ်လည်းရှိတယ်။

ဂေါက်ရောဂါလည်းရှိတယ်။

အရက်ကိုကြိုက်သူဖြစ်တာကြောင့် အရက်မသောက်ဖို့တားသော်လည်းမရပါ။

အရက်အကြောင်းပြောရင်သူက အရက်ပုံပြင်များကိုပြောပြတတ်တယ်။


တစ်ခါတုန်းက ယမမင်းဆီကို လူသုံးယောက်ရောက်လာတယ်။

အစစ်ဆေးခံဖို့ဖြစ်တယ်။

ပထမဆုံးလူတစ်ယောက် ဝင်လာတော့ ယမမင်းကမေးတယ်။

“ မင်းလူ့ပြည်တုန်းက ဘာသောက်သုံးခဲ့ပါသလဲ”

ပထမဆုံးလူက

“ နွားနို့ကို သောက်သုံးခဲ့ပါတယ်”လို့ဖြေတော့

ယမမင်းက

“ မင်းဟာ နွားကလေးတွေရဲ့သောက်သုံးရမယ့် နွားမနို့ကိုသောက်သုံးတဲ့အတွက်

မင်းငရဲကိုသွားစေ”

လို့အမိန့်ချမှတ်လိုက်ပါတယ်။


ဒုတိယလူရဲ့အလှည့်ရောက်လာပါတယ်။

“ မင်းလူ့ပြည်တုန်းက ဘာသောက်သုံးခဲ့ပါသလဲ”

ဒုတိယလူက

“ ပျားရည်ကိုသောက်သုံးခဲ့ပါတယ်”

“ ပျားတွေပင်ပင်ပန်းပန်းရှာဖွေထားတဲ့ပျားဝတ်ရည်ကို

မင်းက အခန့်သားသောက်သုံးတဲ့အတွက်

မင်းလည်း ငရဲကိုသွားစေ”

လို့အမိန့်ချမှတ်လိုက်ပြန်တယ်။

တတိယလူရဲ့အလှည့်ရောက်လာတယ်။

သူကတော့အရက်သောက်လွန်းလို့ အသည်းကင်ဆာနဲ့သေဆုံးပြီး

ယမမင်းဆီကိုရောက်လာသူဖြစ်တယ်။

သူ့ကိုလည်း ယမမင်းက

“ မင်းလူ့ပြည်တုန်းက ဘာသောက်သုံးခဲ့ပါသလဲ”လို့မေးပြန်တယ်။

တတိယလူက

“ ယမကာကိုသောက်သုံးခဲ့ပါတယ်”

ယမမင်းကထပ်မေးတယ်။

“ ယမကာဆိုတာဘာလဲ”

အရက်သမားက

“ ယမကာဆိုတာ ကောက်ညှင်းကိုအချဉ်ဖောက်၊

အရည်ကိုပေါင်းခံ၊

တစ်စက်ချင်းကျလာတဲ့အရည်ကိုသောက်သုံးပါတယ်”

လို့ဖြေတာပေါ့။

ဒီတော့ယမမင်းက

“ မင်းက သက်သတ်လွတ်အရည်တစ်မျိုးကိုသောက်သုံးတာပဲ။

ဒါကြောင့်နတ်ပြည်ကိုသွားစေ”

လို့အမိန့်တော်ချမှတ်လိုက်ပါတယ်

တဲ့။


Monday, June 27, 2011

" အသက် ဘယ်လောက် ရှိပြီလဲ..."


ကားမောင်းကြမ်းတဲ့မိန်းမကို

ဘယ်လိုသတိပေးရပါ့မလဲလို့

ကိုလှမြင့်

အကြိမ်ကြိမ် စဉ်းစားတယ်။

နောက်ဆုံးကျတော့မှ

နည်းလမ်းတစ်ခုကိုတွေ့တယ်။

ဇနီးသည်ကို ကိုလှမြင့်က

ကားမောင်းရင် ကြည့်မောင်းနော်။

မတော်တဆကားတိုက်မှုဖြစ်ရင်

နာရေးကြော်ငြာမှာ

' မင်းရဲ့အသက် ဘယ်လောက် ရှိပြီလဲ '

ဆိုတာပါလာမယ်နော်

" ဖြစ်အောင်လုပ်မယ်..."


လောကမှာ

တကယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်၊

တကယ်အသိဉာဏ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့

ခေါ်လောက်တဲ့ပုဂ္ဂိုလ်တွေဟာ သူများတွေ

ဘယ်လိုနေနေ

သူတို့ရဲ့လေးနက်တဲ့၊

မြင့်မြတ်တဲ့ခံယူချက်ဟာ

ဘယ်တော့မှ မပြောင်းဘူး။


++++++++++++++++++


ကိုယ့်ကိုယ်ကို

သူများအောက်ကိုလည်း နှိမ့်ဖို့မလိုဘူး။

ကိုယ့်ကိုယ်ကိုသူများအထက်ကိုလည်း မြှင့်ဖို့မလိုဘူး။

ရိုးရိုးသားသား မှန်မှန်ကန်ကန် တန်းတူရည်တူပဲ

ကြည့်တတ်ဖို့လိုတယ်။


++++++++++++++++++


စကားပြောတဲ့အခါမှာလည်း သတိနဲ့ဉာဏ်နဲ့ ပြောပါ။

သတိဟာလူကို ပိုပြီး အသက်ဝင်စေတယ်။

သတိဟာ စိတ်ကိုပိုပြီးအားရှိစေတယ်။


++++++++++++++++++


အရင်တုန်းကထက်

စိတ်ထားတွေ၊

သဘောထားတွေ၊

အသိဉာဏ်တွေ သာတဲ့လူတစ်ယောက်ဖြစ်လာအောင်

လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကို

ကိုယ်ဖြည့်ဆည်းနေတာပဲ။


++++++++++++++++++


အင်မတန်စူးရှတဲ့၊

အင်မတန်ထက်မြက်တဲ့၊

အင်မတန်အင်အားကြီးတဲ့၊

သတိနဲ့ပညာက

ကိုယ့်ရဲ့ချို့ယွင်းချက်လေးတွေကို

သူ့ဟာသူ ပြင်ပြင်ပြီးတော့ သွားတတ်တယ်။


++++++++++++++++++


စိတ်ဓာတ်အင်အားပျော့ညံ့တဲ့သူ၊

စစ်မှန်တဲ့သတ္တိမရှိတဲ့သူတွေဟာ

သူတစ်ပါးကို အနိုင်ကျင့်တဲ့သူတွေ

ဖြစ်လာတယ်။


++++++++++++++++++


တာဝန်ယူတာဟာအမှန်တော့

လွတ်လပ်မှုတစ်မျိုးပဲ။


++++++++++++++++++


ဒီအခြေအနေမှာ ဒီလိုလုပ်မှ ဖြစ်မယ်လို့သိပြီးတော့

အခြေအနေနဲ့ကိုက်အောင်လုပ်နိုင်တာဟာ

လည်း ပဲ လွတ်လပ်မှုတစ်မျိုးပဲ။


++++++++++++++++++


ဘယ်အချိန်သေသေ၊

သေမှာကိုကြိုတင်ပြင်ဆင်ထားပြီး

အချိန်မရွေးသေတာကို လက်ခံနိုင်တဲ့စိတ်မျိုးနဲ့

နေသွားနိုင်ရင် လွတ်လပ်တဲ့စိတ်နဲ့နေတယ်လို့ ဆိုနိုင်တယ်။


++++++++++++++++++


တွေ့ကြုံနေရတဲ့ အခက်အခဲကို ကိုယ့်ဘဝအတွက်

အကောင်းဘက်ကို ရောက်သွားဖို့ရာ အခွင့်အရေးတစ်ခု

အနေနဲ့ မြင်တတ်ရင် ကိုယ့်ဘဝဟာ

ကြာလေ တိုးတက်လေ ဖြစ်မယ်။

ကြာလေ အဆင်ပြေလေဖြစ်မယ်။

ကြာလေ စိတ်ထားရင့်ကျက်လေ ဖြစ်မယ်။

ကြာလေ စိတ်ဓာတ်အင်အားကြီးသူ ဖြစ်လာမယ်။

ပိုပြီးလွတ်လပ်သူ ဖြစ်လာမယ်။


++++++++++++++++++


ငါ ပညာတတ်ဖို့ဟာ ငါ့တာဝန်ပဲ။

ငါ အစွမ်းကုန်ကြိုးစားမှ ဖြစ်မယ်။

ဘယ်လို အခက်အခဲ ရှိရှိ

ငါ ဖြစ်အောင်လုပ်မယ်။


++++++++++++++++++


ဖြစ်အောင်လုပ်မယ်

ဆိုတဲ့သူအတွက်

ဖြစ်နိုင်တဲ့ နည်းလမ်းကောင်းတွေ

တစ်မျိုးပြီးတစ်မျိုးတွေ့မှာ သေချာတယ်။


++++++++++++++++++


ကိုယ့်ဘဝမှာ

ကောင်းတာတွေဖြစ်လာဖို့ဆိုတာ

ကိုယ့်ဟာ ကိုယ်ဆုံးဖြတ်ရမယ်၊

ရွေးချယ်ရမယ်၊

တာဝန်ယူရမယ်။


++++++++++++++++++


ဘယ်လိုမှ ရှောင်လွှဲလို့မရတော့တဲ့

သေခြင်းတရားနဲ့

တွေ့တဲ့အချိန်မှာ

အဲဒီသေခြင်းတရားကို

အေးအေးဆေးဆေးလက်ခံနိုင်တာဟာ

လွတ်လပ်တာပဲ။

ဆော့ကရေးတီးကို သေဒဏ်ပေးလိုက်တဲ့သူတွေက

မလွတ်လပ်တဲ့သူတွေ ဖြစ်တယ်။

ဆော့ကရေးတီးကတော့ လွတ်လပ်တဲ့သူပဲ


++++++++++++++++++


ကိုယ့်ကိုယ်ကို

ပိုပြီးတော့ ကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်

ပုံဖေါ်နိုင်တဲ့ ဖန်တီးယူနိုင်တဲ့စွမ်းရည်သတ္တိဟာလည်း

လွတ်လပ်မှုတစ်မျိုးဖြစ်တယ်။


++++++++++++++++++


အရာရာတိုင်းကို အတ္တရှုဒေါင့်ကနေ

ကြည့်နေလို့ လေးလံတာပါ။


++++++++++++++++++


လေးစားတဲ့စိတ်၊

တန်ဖိုးထားတဲ့စိတ်၊

ချစ်တဲ့စိတ်နဲ့

ဆက်ဆံရတာ အင်မတန်လေးနက်တယ်။


++++++++++++++++++

ဆရာတော်ဦးဇောတိက

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com