Wednesday, December 22, 2010

“ စိတ်တိုလာပြီ…”



စတိုးဆိုင်တစ်ခုမှာဖြစ်တယ်။

ဈေးဝယ်သူတစ်ယောက်ဖြစ်တဲ့ကိုဝင်းဟိန်း က

အရောင်းသမကို မေးတယ်။


ခင်ဗျားတို့ဆီမှာ

ယောကျာ်းစီး ဖိနပ်ရှိသလားဟင်


မရှိဘူး


မိန်းမစီးဖိနပ်ကော…”


မရှိဘူး


အဲဒါဆို ကလေးစီးဖိနပ်ကော ခင်ဗျ


အမေးအမြန်းထူလှချည်းလားရှင့်၊

ကျမတို့ဆိုင်ဟာ ဖိနပ်ဆိုင်၊

စုံစမ်းရေးဋ္ဌာန မဟုတ်ဘူးရှင့်၊

နားလည်လား

“ အလိမ်မိသူ…”



ရောဂါအသည်းအသန်ဖြင့် သေတော့မယ့်

ယောက်ျားဖြစ်သူကိုရွှေအေးက

မိန်းမဖြစ်သူ မေရီကို

မိမိအနားကို ခေါ်ပြီး ပြောတယ်။


မေရီ၊

မင်းကို မသေခင် ဝန်ခံစရာ ရှိတယ်၊

ငါဟာ အရောင်းအဆင်းကို မခွဲခြားတတ်တဲ့သူ

( colour-blind )ကွ၊


ဒီအကြောင်းကို

တစ်ချိန်လုံး မင်းမသိအောင် ငါ လျှို့ဝှက်ထားခဲ့မိတယ်


ဒီအကြောင်းကို ကျမ သိပါတယ်ရှင့်


မင်း ဘယ်လိုလုပ် သိသလဲ


ကျမတို့သားဟာ နီဂရိုးလေးရှင့်

“ ကောက်နေတဲ့သစ်သား...”



ဘယ်လောက်ပဲ ကောက်နေတဲ့သစ်သားဖြစ်ပါစေ၊

ကျွမ်းကျင်တဲ့ပန်းပုဆရာနဲ့တွေ့ရင်
လက်ရာမြောက်တဲ့ပန်းပုရုပ်တစ်ခုတော့
ဖြစ်လာနိုင်ပါတယ်။

ထင်းခွေသမားနဲ့တွေ့ရင်တော့လဲ
ပြာကျပြီး နိဂုံးချုပ်ရမှာပေါ့၊

“ ကန့်လန့်ကာနောက်ကွယ်မှ…”



တစ်ခါတုန်းက ညီအကို ()ယောက်အနက်

()ယောက်ဟာ အလုပ်ကို နေ့စဉ်သွားပါတယ်။

သတ္တမမြောက်ညီငယ်က အိမ်ကိုကြည့်ရှု့စောင့်ရှောက်ထားပါတယ်။

ညီအစ်ကို ()ယောက်တို့ဟာ အလုပ်က ပင်ပင်ပန်းပန်းနဲ့ အိမ်ပြန်ရောက်တဲ့အခါ

အိမ်မှာ သေသေသပ်သပ်ရှိနေပါတယ်။

ပြီးတော့ စားစရာတွေလည်း အသင့်ပြင်ဆင်ထားပါတယ်။

အဲဒီအတွက် ညီအစ်ကိုအားလုံးဟာ

သတ္တမမြောက် ညီငယ်ကို ကျေးဇူးတင်ပြီး ချီးကျူးကြပါတယ်။


ဒါပေမယ့် ညီအစ်ကို တစ်တွေထဲမှာ တစ်ယောက်က

အခြားသူတွေထက် ပိုတော်ကြောင်း ပြသလိုပါတယ်။

အဲဒါကြောင့် အိမ်မှာနေတဲ့ ညီငယ်ဟာ သက်သက်ပျင်းနေတယ်။

သူလည်း အလုပ်အကိုင်ရှာပြီး ဝင်ငွေရအောင် လုပ်သင့်တယ်လို့ ပြောပါတယ်။

သူရဲ့အဆိုကို ကျန်ညီအစ်ကိုတွေကလည်း သဘောတူပါတယ်။


အဲဒါကြောင့် သတ္တမမြောက်ညီငယ်အနေနဲ့ အိမ်အလုပ်တွေကို

ဆက်လုပ်စရာမလိုတော့လို့

တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ပါတယ်။

အဲဒါကြောင့် နောက်တစ်နေ့ စောစောမှာ ကျန်ညီအစ်ကိုတစ်တွေက

သတ္တမမြောက်ညီငယ်ကို သူတို့နဲ့အတူ အလုပ်ရှာရန် ပြောပါတယ်။


အဲဒီနောက်ပိုင်းမှာ

ညီအစ်ကိုတစ်တွေဟာ အံ့သြစရာတွေကို တွေ့လာရပါတော့တယ်။

အဲဒီနေ့ ညနေဖက် အလုပ်ပြီးလို့ အိမ်ကို ပြန်လာတဲ့အခါမှာ

ပင်ပန်းပြီး ဆာလောင်နေပါတယ်။

အိမ်တွင်ချိုချိုသာသာနဲ့ သူတို့အား နှုတ်ဆက်မယ့်သူ မရှိတော့ပါ။

ဘယ်သူမှ အိပ်ရာတွေ စနစ်တကျ သိမ်းတာတွေ ၊

တံမျက်လှည်းတာတွေ မရှိတော့ပါ။

စားပွဲမှာလည်း ဘာစားစရာမှလည်း မရှိပါ။

အဲဒီအခါမှသာ သူတို့ရဲ့လုပ်ရပ်ဟာ ဘယ်လောက်သိမ်ဖျင်း မိုက်မဲတာကို

သူတို့ သဘောပေါက်ကြပါတယ်။


သူတို့ညီငယ်ရဲ့ ကန့်လန့်ကာ နောက်ကွယ်က

လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေကို

ဆက်မလုပ်ဖို့ ပြောမိတာကို သူတို့တွေ အကြီးအကျယ် နောင်တရမိကြတယ်။

သူတို့တစ်တွေဟာ သူတို့လုပ်ရပ်အတွက် ဝမ်းနည်းမိကြပါတယ်။


အဲဒီနောက် ညီငယ်ကို မူလတာဝန်များကို ဆက်လက်ယူစေတဲ့အတွက်

သူတို့အိမ်ထောင်စုမှာ အရင်ကလိုပဲ

ပျော်ရွှင်မှု၊

ရောင့်ရဲကျေနပ်မှု၊

စိတ်ချမ်းသာမှု၊

များ ပြန်လည်ရလာပါတော့တယ်။

“ လွယ်လွယ်လေး...“



လူနာ အဖွားကြီး ဒေါ်ကြည်ကြည်က

ဆရာဝန်ဒေါက်တာအောင်ဟိန်းကို ပြောတယ်။

ဒေါက်တာ

အဖွား လက်ဖက်ရည် သောက်တဲ့အခါမှာ

ညာဖက်မျက်လုံး သိပ်နာတာပဲကွယ်


ဒေါက်တာအောင်ဟိန်းက

အဖွား

နောက်ကို ဇွန်းကို ဖယ်ပြီး သောက်ပါ

“ ပေးတဲ့တာဝန်...“



ဟေ့ ရဲဘော်၊

မင်းဘာလုပ်နေသလဲကွ


ဗိုလ်မှူးခိုင်းထားတဲ့ကိစ္စကို

လုပ်နေပါတယ်


မင်းကို

ငါဘာမှ မခိုင်းရပါလားကွ


ကျနော်လည်း

ဘာမှ မလုပ်ရသေးပါဘူး

“ ကျေးဇူးတင်လိုက်တာ…”



သူတောင်းစားတစ်ယောက်က

အခြားတစ်ယောက်ကိုပြောတယ်။


သိလား၊

မနေ့က ငွေသိန်းတစ်ရာပါတဲ့

အတက်ချီကေ့စ်တစ်လုံးကို

ဘတ်စ်ကားမှတ်တိုင်မှာ ငါကောက်ရတယ်


ဟေ ဟုတ်လား။

ဟန်ကျတာပေါ့။

အဲဒီတော့ မင်းဘာလုပ်သလဲ


အတက်ချီကေ့စ်ထဲမှာ ပိုင်ရှင်ရဲ့လိပ်စာ ကတ်ပြားပါလာတယ်။

ဒါနဲ့ ကျေးဇူးတင်စာနဲ့အတူ ငွေ ငါးထောင်ကျပ်ကို

ငါစာတိုက်ကနေ ပြန်ပို့ပေးလိုက်တယ်

“ မိန်းမဆိုတာ…”



လင်မယား နှစ်ယောက် ဟာ

အမျိုးသမီး ဦးထုပ်များ ရောင်းတဲ့ကောင်တာ

ရှေ့မှာ ရပ်နေကြတယ်။


ယောက်ျားဖြစ်သူ ကိုရဲမြင့်က

ဟောဒီ ဦးထုပ်ကို ယူကွာ


မိန်းကဖြစ်သူ မသန်းစိန်က

ဘာလဲ၊

ဘယ်သူမှ မဆောင်းတဲ့ဦးထုပ်မျိုး

ရှင် ကျမကို ဆောင်းစေချင်တယ်ပေါ့လေ၊

ဟုတ်လား၊

ဝိုင်းကဲ့ရဲ့ကြမှာပေါ့ရှင်


ကိုရဲမြင့်က

အဲဒါဆို ဟောဒီ ဦးထုပ်ယူကွာ


မသန်းစိန်က

ဟင့်အင်း၊

တစ်မြို့လုံး ဆောင်းနေတဲ့ ဦးထုပ်ကို

ကျမက ဘာလို့ဆောင်းရမှာလဲ။

မယူဘူး

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com