Friday, December 23, 2011

“အဘသို့အလွမ်းပြေ…”


တစ်ချိန်တုန်းက

ကျနော်တို့ရဲ့ရန်ကုန်ပြည်သူ့ဆေးရုံကြီး(လမ်းမတော်မြို့နယ်)ဟာ

အရှေ့တောင်အာရှမှာ အကောင်းဆုံးဆေးရုံကြီးဖြစ်ခဲ့ဖူးပါတယ်။

အခုတော့ ငွေကြေးတတ်နိုင်သူတွေက ဖက်ရှင်တစ်ခုအနေနဲ့ပြည်ပကိုထွက်ပြီး

ဆေးကုနေကြသောကြောင့်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟာ ငုတ်တုတ်မေ့နေပြီ။

ကျနော်တို့ဆေးကျောင်း၊နောက်ဆုံးနှစ်အပိုင်း(က/ခ)ကို

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလက်တွေ့လုပ်ဆောင်ရပါတယ်။

ကျနော်တို့ဆေးကျောင်းသားဘဝတုန်းကစာအလွန်ဖတ်ရပါတယ်။

လူငယ်များဖြစ်တဲ့အတွက် ပျော်ရွှင်ချင်တယ်။

တက္ကသိုလ်ပေါင်းစုံကိုလည်ပတ်ချင်တယ်။

ဒါပေမယ့် စာတွေများလွန်းတဲ့အတွက်မလည်ပတ်နိုင်တာကများပါတယ်။

နောက်ဆုံးနှစ်အပိုင်း(ခ)ကိုရောက်လာတော့ပိုဆိုးလာပါတယ်။

စာတွေဖတ်ရလွန်းသောကြောင့်အလိုလိုစိတ်ရှုတ်ထွေးရပါတယ်။

စည်းကမ်းကြီးတဲ့ဆရာနဲ့တွေ့ရင်စိတ်ဖိစီးမှုပိုဆိုးပါတယ်။

စည်းကမ်းကြီးတဲ့ဆရာတွေထဲတွင်

ဆေးပညာဋ္ဌာနမှူးကတော့အဆိုးဆုံးဟုထင်မိပါတယ်။

ကျနော်တို့က နောက်ကွယ်တွင် "အဘ" လို့ခေါ်ပါတယ်။

"အဘ" ဟာ သုံးဆယ်မြို့သားဖြစ်ပါတယ်။

ဆရာတွေကိုကြောက်ရတဲ့အတွက်ကြောင့်

စာမေးပွဲဖြေခါနီးတွင်ဘုရားအကြိမ်ကြိမ်ရှိခိုးရပါတယ်။

သဘောကောင်းသောဆရာနဲ့တွေ့ရင် အစစအရာရာအစဉ်ပြေတတ်ပါတယ်။

စည်းကမ်းကြီးသောဆရာနဲ့တွေ့ရင်တော့ ချွေးပြန်နေရပြီ။

တစ်ရံတစ်ခါ စာမေးပွဲအအောင်၊အရှုံးဟာဆရာပေါ်မူတည်နေတတ်ပါတယ်။

ကျောင်းသားအခြေအနေပေါ်မူတည်ပြီး ရအောင်မေးတတ်သောဆရာနဲ့တွေ့ရင်တော့

အောင်ပြီသာမှတ်ပေတော့။

တစ်ရံတစ်ခါတွင် ဆရာက ကျောင်းသားကိုသူလိုချင်ရာကိုဆွဲခေါ်ပြီဆိုရင်

သာမန်ကျောင်းသားများအဖို့ မလိုက်နိုင်တော့ပါ။

ရှုံးဖို့ရာခိုင်နှုန်းများသွားပြီ။

ကျနော်တို့ကြောက်တာက နှုတ်ဖြေစာမေးပွဲဖြစ်တယ်။

စည်းကမ်းကြီးတဲ့အဘနဲ့ကျသူတွေက မဖြေခင်ကတည်းက

မျက်နှာရှုံ့မဲ့နေပြီ။ချွေးပြန်နေပြီ။

အဘနဲ့နှုတ်ဖြေကျတဲ့ အောင်နိုင် စာမေးပွဲအခန်းထဲကထွက်လာတယ်။

မျက်နှာကတော့ ရှုံ့မဲ့နေတဲ့အတွက် သူငယ်ချင်းများကဝိုင်းမေးကြတယ်။

“ ဟေ့…ဘဲနဲ့လဲ၊ ဖြေနိုင်လား”

အောင်နိုင်က ခေါင်းခါပြပြီးပြောလိုက်တာက

“တောက်…သုံးဆယ်သားမို့လို့ပေါ့ကွာ၊

တစ်ပိဿာ ဆိုရင်ဒီထက်ပိုခက်သွားနိုင်တယ်”

Thursday, December 22, 2011

"လွယ်ကူရအောင်…"



တစ်ခါတုန်းက

အမေရိကန်နိုင်ငံ၊ ကာရိုးလိုင်းနား(မြောက်)ကိုအခုမှရောက်လာတဲ့မြန်မာပြည်က

ကလေးနှစ်ယောက်ပြောနေတဲ့စကားများဖြစ်ပါတယ်။

အငယ်ကောင်ကမေးတယ်။

"လမ်းကူးမီးနီပြနေချိန်မှာ လမ်းဖြတ်ကူးလို့ရလားဟင်"

အကြီးကောင်ကဖြေတယ်။

"ရတယ်၊ဒါပေမယ့် လက်နှစ်ဖက်ကိုမြှောက်ထားရမယ်"

အငယ်ကောင်က နားမလည်တဲ့အတွက်ပြန်မေးလိုက်တယ်။

"ဘာဖြစ်လို့လဲဟင်"

အကြီးကောင်က ခပ်တည်တည်နဲ့ပြန်ပြောလိုက်တာက

"ဒါမှ ရေခဲတိုက်ကျရင် အင်္ကျီကိုချွတ်ရတာလွယ်မယ်လေ"



" ဒါပေမယ့်...အခြားတစ်ဖက်မှာ..."



ဒီနေ့ကမ္ဘာကြီးမှာ...
တို့တတွေဟာ
ပိုပြီးကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးတွေကိုပိုင်ဆိုင်လာကြပါရဲ့၊
ဒါပေမယ့်...အခြားတစ်ဖက်မှာ
မိသားစုက ပိုသေးသေးလာတယ်။
တို့တတွေဟာ
ဇိမ်ခံပစ္စည်းတွေတော့ အလျံပယ်ပေါများလာပါရဲ့၊
ဒါပေမယ့်...အခြားတစ်ဖက်မှာ
ဒီအရာတွေကို သုံးစွဲဖို့အချိန်က ပိုနည်းနည်းလာတယ်။
တို့တတွေဟာ
ဘွဲ့ထူးဂုဏ်ထူးကြီးတွေကိုလည်း တသီကြီးပိုင်ဆိုင်လာပါရဲ့၊
ဒါပေမယ့်...အခြားတစ်ဖက်မှာ
ယထာဘူတကျကျ စဉ်းစားတတ်မှုကတော့ပါးပါးလာတယ်။
တို့တတွေဟာ
သိတဲ့အရာတွေ စုဆောင်းနိုင်မှုအားတွေ များများလာပါရဲ့၊
ဒါပေမယ့်...အခြားတစ်ဖက်မှာ
မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်မှုအားကတော့ ရှားရှားလာတယ်။
တို့တတွေဟာ
ကျွမ်းကျင်ပညာရှင်ဆိုသူတွေ ပေါများလာပါရဲ့၊
ဒါပေမယ့်...အခြားတစ်ဖက်မှာ
ပြဿနာတွေက တိုးတိုးလာတယ်။
တို့တတွေဟာ
ဆေးဝါးတွေပေါများလာပါရဲ့၊
ဒါပေမယ့်...အခြားတစ်ဖက်မှာ
ရောဂါတွေက ထူထူလာတယ်။




Wednesday, December 21, 2011

"မကြားလိုက်မိဘူး..."



တာချီလိတ်မြို့က အလယ်တန်းကျောင်းရဲ့စာသင်ခန်းတွင်ဖြစ်တယ်။

ဆရာမဒေါ်ခင်မြမြက

"ကိုင်း…မောင်အေးကို၊

စာရေးဆရာ သိပ္ပံမောင်ဝ ဘယ်တုန်းကသေသလဲဆိုတာပြောပြစမ်း"

မောင်အေးကိုပြန်ပြောလိုက်တာက

"သိပ္ပံမောင်ဝ သေသွားပြီးဟုတ်လား၊

သူနေမကောင်းဖြစ်တယ်ဆိုတာတောင်မကြားလိုက်မိဘူး"

" ကိုယ့်ဉာဏ်နဲ့တန်သလောက်ပဲ သိမယ်..."


ကိုယ့်ဉာဏ်နဲ့တန်သလောက်ပဲ သိမယ်။

တီကောင်တစ်ကောင်အဖို့တော့

ပန်းပွင့်ဆိုတာမရှိဘူး။


+++++++++++++++++++++++++++++++



ကိုယ့်စိတ်ကိုမှ ကိုယ်ချမ်းသာအောင် မထားတတ်သေးဘူးဆိုရင်

မိမိမှာ ဘာပညာမှ မရှိသေးဘူးလို့မှတ်ပါ။


ဆရာတော် အရှင်ဇနကာဘိဝံသ

တောင်မြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်။

+++++++++++++++++++++++++++++++


ငါ ကောင်းဖို့ဟာ သူများတာဝန်မဟုတ်ဘူး။

ငါ ကောင်းဖို့ဟာ ငါ့တာဝန်ပဲ။

++++++++++++++++++++++++++


လွတ်လပ်တဲ့သူဟာ သူလုပ်နိုင်တာ ကို

အကောင်းဆုံးဖြစ်အောင်လုပ်တယ်။

ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး

လူသိအောင် မကြွားဘူး။

++++++++++++++++++++++++++


ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကို ထားနိုင်မှ

အမှန်တရားကို သိနိုင်တယ်။

++++++++++++++++++++++++++


လူသစ်၊ စိတ်သစ် ဖြစ်ချင်ရင်

အတိတ်ကို အားမကိုးပါနဲ့။

ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင်

နေပါ။

ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင်

နေတတ်ရင်

အနာဂတ်အတွက်

ပူပန်သောကတွေဟာ

အလိုလို နည်းသွားလိမ့်မယ်။

အရေးကြီးဆုံး အချက်က ကိုယ့်စိတ်ပဲ။

ကိုယ့်စိတ်က အတိတ်မှာ ပိတ်မိမနေဖို့ပဲ။

++++++++++++++++++++++++++


လွတ်လပ်မှုကြောင့်ရလာတဲ့ ပျော်ရွှင်မှုဟာ

တခြားနည်းတွေနဲ့ ရလာတဲ့ ပျော်ရွှင်မှုနဲ့

ဘယ်လိုမှ နှိုင်းလို့မရပါဘူး။

++++++++++++++++++++++++++


ငါ မပါတဲ့ လွတ်လပ်မှုနဲ့ နေတဲ့အချိန်ဟာ

အနှစ်သာရအရှိဆုံးအချိန်ပဲ။

++++++++++++++++++++++++++


မေးတတ်မှ၊ ဖြေတတ်မှ

လောကကြီးတိုးတက်မယ်။

မေးခွန်းတွေထဲကနေ ပညာတွေရနေတာ။

+++++++++++++++++++++++++++++++



မေးခွန်းမေးတာ ပညာရေးရဲ့အဓိက ကျတဲ့အချက်ဖြစ်တယ်။

ကိုယ့်မေးခွန်းကို ကိုယ်မေးပြီးကိုယ့်အဖြေကို ကိုယ်ရှာမှ

ပညာတတ်ဖြစ်မယ်။

+++++++++++++++++++++++++++++++

ဆရာတော် ဦးဇောတိက



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com