Friday, September 16, 2011

“ကျနော် ဆေးကျောင်းသား…”


မြန်မာနိုင်ငံက မထွက်ခွာခင်က ကျနော်က ဆရာဝန်၊

အသက်ကြီးမှ ဝက်သက်ပေါက်သလိုပါပဲ။

အခံရခက်လို့လေ။

လူတကာတွေ နိုင်ငံခြားသွားချင်တဲ့ရောဂါထတော့

ကျနော့်မိန်းမလည်း ပါတယ်။

ကျနော်ကံပဲကောင်းတာလား၊

ဒါမှမဟုတ်

ကံပဲဆိုးတာလားမပြောတတ်ပါ။

နိုင်ငံခြားသွားဖို့အကြောင်းတွေပေါ်လာပါတယ်။

သွားရမယ့်နိုင်ငံက အမေရိကန်နိုင်ငံ။

ကျနော်က မသွားချင်ပါ။

အင်္ဂလိပ်စကားပြော မကျွမ်းကျင်တာလည်းပါတယ်။

အသက်အရွယ်ကြောင့်လည်းပါမယ်ထင်ပါတယ်။

အသက်ကြီးတော့ အစစအရာရာကြောက်တတ်လာပါတယ်။

အခွင့်အရေးကရလာပါတယ်။

အဲဒါကြောင့် ကျနော်ရဲ့ချစ်လှစွာတဲ့မိန်းမက

ကျနော်မလိုက်လည်း သူသွားမှာပဲလို့စိန်ခေါ်လာတာကြောင့်

ကျနော်မှာ သူ့ကိုစိတ်မချတာနဲ့

ကြောက်ကြောက်နဲ့အမေရိကန်ကိုရောက်လာခဲ့ပါတယ်။

မရောက်ဖူးတဲ့နေရာကိုရောက်လာတာမို့

အစမှာတော့ ပျော်စရာကောင်းသလိုဖြစ်လိုက်ပါသေးတယ်။

မိန်းမရဲ့အမျိုးအိမ်မှာ ယာယီတည်းခိုတော့

အရင်ဆုံးသင်ခန်းစာကတော့ ထမင်းစားပြီးရင်

ကိုယ့်ပန်းကန်ကိုယ်ဆေးရပါတယ်။

အမေအိမ်မှာနေစဉ်တုန်းက စာကျက်ရတာမို့ ဘာမှမလုပ်ရပါ။

မိန်းမရလာပြန်တော့ ဆေးကုနေတာမို့ ဘာမှ မလုပ်ရပါ။

အမေရိကန်မှာက ကိုယ့်အားကိုယ်ကိုးရတဲ့နိုင်ငံဖြစ်တာမို့

လူတိုင်းကိုယ်စီ အလုပ်ကိုယ်စီရှိကြတယ်။

ဘယ်သူမှမအားကြပါ။

ကိုယ့်အလုပ်ကိုယ်လုပ်ရတယ်ဆိုပြီး

ပထမဆုံးသင်ခန်းစာက ပန်းကန်ဆေး၊

မိန်းမက ကျမဆေးပေးနေကျမို့ ဆေးပေးပါ့မယ်ဆိုလည်း

သူ့အမျိုးတွေက လက်မခံပါ။

မဆေးဖူးတော့ မဆေးတတ်ပါ။

မဆေးတတ်တော့ မစင်ပါ။

မစင်တော့လည်း ပြောပြန်ပါတယ်။

ရေသုံးများတော့လည်း ရေတန်ဖိုးကြီးကြောင်းပညာပေးပြန်ပါတယ်။

နောက်သင်ခန်းစာကတော့ ရေချိုးခန်းဆေးကြောရပါတယ်။

ရေချိုးပြီးတိုင်းရေချိုးအတွင်း၊အပြင်ကို ဆေးကြောသန့်စင်ရပါတယ်။

ပြီးတော့ အဝတ်ခြောက်တစ်ခုနဲ့သေသေချာချာသုတ်ရပါတယ်။

နောက်သင်ခန်းစာကတော့

ဘေစင်လို့ခေါ်တဲ့မျက်နှာသစ်တဲ့အခါအသုံးပြုတဲ့နေရာကို ဆေးကြောရပါတယ်။

အသုံးပြုပြီးတိုင်း သေသေချာချာ ဆေးကြောပြီး

အဝတ်ခြောက်နဲ့သေသေချာချာသုတ်ရပါတယ်။

နောက်တစ်ခုကတော့ အဝတ်လျှော်ရပါတယ်။

မိန်းမက

မြန်မာပြည်မှာတော့ သူကိုယ်တိုင်လုပ်ပေးနေတာမို့သူလုပ်တာက

ပိုကောင်းကြောင်းပြောပေမယ့် သူ့အမျိုးတွေက လက်မခံကြပါ။

ကျနော့်ကိုပုံစံသွင်းပါတယ်။

ကျနော်မတတ်နိုင်ပါ။

အဲဒီပုံစံအတိုင်းနေရပါတယ်။

မိန်းမစိတ်ဆင်းရဲမှာစိုးတာကြောင့် မလုပ်ဖူးပေမယ့်လုပ်ရပါတယ်။

ဒါကြောင့် ကျနော်ဟာ အမေရိကန်မှာ အဆေးအကြောတွေကို

အဓိကလုပ်နေရမို့ဆေးကျောင်းတက်နေတယ်လို့ခံစားမိပါကြောင်း၊

တင်ပြအပ်ပါတယ်။

++++++++++++++++++++++++++++++++

ကျနော်တို့ညီအကိုမောင်နှမတစ်တွေ အရွယ်ရောက်လာတဲ့အခါ

တစ်နေ့မှာတော့ အမေက ထမင်းဝိုင်းမှာ လူစုံတုန်း

ညီအကို မောင်နှမတွေအားလုံးကို

အမေက စကားပြောပါတယ်။

" အိမ်ထောင်ပြုတယ်ဆိုတာက တစ်အိုးတစ်အိမ်ထူထောင်တာမို့

ကိုယ့်အားကိုယ်ကိုးနိုင်မှ ယူပါ။

တစ်ယောက်ယောက်ကို မိဘထက် ပိုပြီးချစ်လို့

အိမ်ထောင်ပြုလိုက်တာလို့နားလည်ပါတယ်။

သားတို့၊သမီးတို့ရဲ့အိမ်ထောင်ရေးကို ကိုယ့်စိတ်တိုင်းကျ ရွေးချယ်နိုင်တယ်။

ဘယ်သူပဲ အိမ်ထောင်ပြုပြု

အိမ်ထောင်ပြုပြီးတာနဲ့ အမေ့အိမ်က ထွက်သွားရလိမ့်မယ်လို့ ကြိုတင်ပြောထားလိုက်တယ်။

အိမ်ထောင်ပြုပြီးဆိုတာနဲ့ မိဘအိမ်မှာရယ်လို့မဟုတ်ပါဘူး။

ဘယ်အမျိုးအိမ်မှာမှ မနေပဲ

ကိုယ့်အိမ်ထောင်ကို ကိုယ်ပိုင်ပြုစုပျိုးထောင်တာက

အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ပြောချင်ပါတယ်။

အတူတူပူးပေါင်းပြီးနေရင် အပူဆိုတာမျိုးကလည်း ကူးစက်တတ်တာမို့

သူ့အပူကိုယ့်ဆီ ကူးတတ်သလို ကိုယ့်အပူလည်း သူ့ဆီကို ကူးစက်တတ်ပါတယ်။

အဲဒီတော့ အမုန်းနဲ့လမ်းခွဲရတတ်တယ်"

အမေ့စကားကို နားမထောင်မိတာကြောင့်

ခံစားရတဲ့ဒုက္ခကကြီးမားလွန်းလှပါတယ်။

သားမှားပါတယ်အမေ။



Thursday, September 15, 2011

" ပေးတဲ့သူ ဖြစ်ချင်တယ်..."


++++++++++++++++++++++++++++++++++++

ကိုယ့်ကိုယ်ကိုယ် အနိုင်ယူနည်း ...

၁။ မိမိရဲ့ လောဘများကို ဒါနတရားဖြင့် အနိုင်ယူပါ။
၂။ မိမိရဲ့ ဒေါသများကို သီလတရားဖြင့် အနိုင်ယူပါ။
၃။ မိမိရဲ့ မောဟများကို ၀ိပဿတရားဖြင့် အနိုင်ယူပါ။
၎။ မိမိရဲ့ သူတပါးအပေါ် ယှဉ်ပြိုင်လိုမှုများကို မေတ္တာတရားဖြင့် အနိုင်ယူပါ။
၅။ မိမိရဲ့ သူတပါးအပေါ် အနိုင်ယူလိုမှုများကို ကရုဏာတရားဖြင့် အနိုင်ယူပါ။
၆။ မိမိရဲ့ သူတပါးအပေါ် မနာလိုမှုများကို မုဒိတာတရားဖြင့် အနိုင်ယူပါ။
၇။ မိမိရဲ့ သူတပါးအပေါိ ရန်လိုမှုများကို ဥပေက္ခာတရားဖြင့် အနိုင်ယူပါ။
၈။ မိမိရဲ့ သူတပါးအပေါိ အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။
၉။ မိမိရဲ့ မနောကံ အကုသိုလ်များကို ၀စီကံကုသိုလ်ဖြင့် အနိုင်ယူပါ။
၁၀။ မိမိရဲ့ နိမ့်ကျနေတဲ့စိတ်များကို မိမိကိုယ်တိုင်မြှင့်တင်ခြင်းဖြင့် အနိုင်ယူပါ။

(ချမ်းအေး ဆရာတော်။ စစ်ကိုင်း)

+++++++++++++++++++++++++++


အတိတ်က
ဘာဘဲဖြစ်ခဲ့၊ဖြစ်ခဲ့ အဲဒါကို နားလည်ဖို့လိုတယ်။
ခွင့်လွှတ်ဖို့လိုတယ်။
မိမိကိုယ်ကို ပါ ခွင့်လွှတ်နိုင်မှ ဖြစ်နိုင်တယ်။


++++++++++++++++++++++++++

ခွင့်လွှတ်လိုက်တာဟာ
ကိုယ့်စိတ်ကို လွတ်လပ်မှု ပေးလိုက်တာပဲ။
ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပဲ။


++++++++++++++++++++++++++

ပေးတဲ့သူ ဖြစ်ချင်တယ်။

++++++++++++++++++++++++++

ကိုယ့်စိတ်ထဲမှာ ကြည်လင်မှု၊ အေးချမ်းမှု ရှိနေမယ်။
ပျော်ရွှင်မှုလည်း ရှိနေမယ်။
ရွှင်လန်းမှုလည်း ရှိနေမယ်။
ကိုယ်နှစ်သက်တာကိုလည်း လုပ်နေရမယ်ဆိုရင်
သင်ဟာ အောင်မြင်သူ ဖြစ်ပါတယ်။


++++++++++++++++++++++++++

ကိုယ့် သဘောထားတွေကို မြင်နိုင်မှ ပြင်နိုင်တယ်။

++++++++++++++++++++++++++

စိတ်ချမ်းသာချင်ရင် စိတ်အကြောင်းကို သိမှ ဖြစ်မယ်။

++++++++++++++++++++++++++

လေးနက်တဲ့အသိဉာဏ်နဲ့
ပျော်တဲ့ပျော်နည်းမျိုးကို ရှာရမယ်။
ဒါမှ ကြာလေ အသိဉာဏ်လေးနက်လေ၊
ကြာလေ ပျော်ရွှင်လေဖြစ်လာမယ်။


++++++++++++++++++++++++++

ပျော်ရွှင်ဖို့ထက် ဘဝကို အဓိပ္ပာယ်ရှိရှိနေဖို့က ပို အရေးကြီးပါတယ်။
အဓိပ္ပာယ်ရှိရှိနေနိုင်တဲ့သူဟာ ဘဝကို ကျေနပ်မှု ပိုရပါတယ်။
ကျေနပ်မှုဟာလေးနက်တဲ့ပျော်ရွှင်မှုတစ်မျိုးပါပဲ။


++++++++++++++++++++++++++
ဘယ်လိုအခက်အခဲဖြစ်လာ၊ဖြစ်လာ၊
အဲဒီအခက်အခဲဖြစ်လာတာဟာ
ငါ့ အကြောင်းကို ငါပိုသိလာအောင် လုပ်ဖို့အခွင့်အရေးတစ်ခုပဲ။
ငါ့ကိုယ်ငါ စိတ်ထားရော၊ အသိဉာဏ်ပါ
ပိုပြီးတော့ ရင့်ကျက်တဲ့လူ ဖြစ်လာအောင်လုပ်ဖို့
အခွင့်အရေးပဲဆိုတာကို နားလည်ပြီးတော့ အသုံးချသွားတဲ့လူဟာ
ကြာလေလေ ပိုပြီးတော့ လေးနက်တဲ့သူ၊
ရင့်ကျက်တဲ့သူ၊
ကြာလေလေ ပိုပြီးတော့ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့လူဖြစ်ပြီးတော့
အခက်အခဲလည်း နဲသွားတဲ့လူ ဖြစ်လိမ့်မယ်။
ခန္ဓာကိုယ်လည်းပဲ ကျန်းမာရေးပိုကောင်းလာမယ်။
စိတ်လည်း ကျန်းမာရေးပိုကောင်းလာမယ်။

++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)

Wednesday, September 14, 2011

" ရဖို့ထက် သိဖို့က ပိုအရေးကြီး..."


တစ်ဦးသိတာကို နောက်တစ်ဦးကို မျှဝေပေးလို့

လူ့လောကကြီး တိုးတက်လာတာပါ။

အဆင့်ဆင့် လက်ဆင့်ကမ်းလာကြတာပါ။

++++++++++++++++++++++++++++++++++++++++

အဖော်မဲ့အထီးကျန်ဖြစ်ဖို့ရာ အရင်းခံ အကြောင်းဟာ

အတ္တစွဲပါပဲ။

++++++++++++++++++++++++++++++++++++++++

မာန သိပ်ကြီးသွားရင်

အဖော်မဲ့သွားတယ်။

လူမသိအောင် ဖုံးရတာတွေ များရင်လည်း

အဖော်မဲ့ အထီးကျန်ဖြစ်တယ်။

++++++++++++++++++++++++++++++++++++++++

လူ့လောကမှာနေပြီး

ကိုယ့်ကိုယ်တိုင်လူဖြစ်တဲ့အတွက်ကြောင့်

အရေးအကြီးဆုံးက

လူ့အကြောင်းနားလည်ဖို့ပါ။

++++++++++++++++++++++++++++++++++++++++

ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင်

လုပ်တာဟာ သူများမဟုတ်ပါဘူး။

ကိုယ့်စိတ်ပါ၊

ကိုယ့်အတွေးပါ။

ကိုယ့်သဘောထားမှားနေလို့ပါ။

ကိုယ့်အတွေးအခေါ်တွေ မှားနေလို့ပါ။

ကိုယ့်စိတ်ကို ကိုယ် နားမလည်လို့ပါ။

ကိုယ့်စိတ်က အတွေးတွေ အမျိုးမျိုးတွေးပြီးတော့

ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။

++++++++++++++++++++++++++++++++++++++++

နေ့စဉ်နေ့တိုင်း ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့

နေသွားမယ်ဆိုရင်

အလိုအလျှောက်ပဲ

ကောင်းတဲ့ဘက်ကို တိုးတက်လာမယ်။

++++++++++++++++++++++++++++++++++++++++

ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်ဟာ

ကိုယ့်အဖော်ဖြစ်နေတယ်။

သတိဟာ ကိုယ့်အဖော် ဖြစ်နေတယ်။

++++++++++++++++++++++++++++++++++++++++

သတိပဋ္ဌာန်တရားကို

ကိုယ်နဲ့မကွာ အမြဲတမ်းပါတဲ့ မိတ်ဆွေကောင်း

ဖြစ်အောင်လေ့ကျင့်ပြုစုပျိုးထောင်ထားပါ။

++++++++++++++++++++++++++++++++++++++++

မိတ်ဆွေကောင်းလိုချင်ရင်

ကိုယ်ကိုယ်တိုင်ကပဲ မိတ်ဆွေကောင်းအဖော်ကောင်း

ပီသအောင် နေလိုက်ပါ။

++++++++++++++++++++++++++++++++++++++++

တစ်ဦးပေါ်တစ်ဦးထားတဲ့ စစ်မှန်တဲ့ မေတ္တာ၊

လေးစားမှု၊

တန်ဖိုးထားမှုဟာ ဘဝမှာ

စိတ်ချမ်းသာမှု အများဆုံးပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++

မျှော်လင့်ချက်နဲ့

အဖြစ်မှန်၊ အခြေအနေမှန်ကို မျှအောင်လုပ်ပြီး

နေသွားတာဟာ လောကမှာ

ဉာဏ်အမြော်အမြင်ရှိတဲ့ တစ်ခုတည်းသော

နေနည်းပါပဲ။

++++++++++++++++++++++++++++++++++++++++

ကျေးဇူးတင်နိုင်တဲ့စိတ်ဟာ ချမ်းသာတဲ့စိတ်ဖြစ်ပါတယ်။

ကျေးဇူးမသိတတ်တဲ့သူဟာ

ဉာဏ်ပညာကြီးမားသူ

မဖြစ်နိုင်ဘူး။

++++++++++++++++++++++++++++++++++++++++

ကျေးဇူးသိတတ်တဲ့သူမှာ မိတ်ဆွေကောင်းပေါတယ်။

အခက်အခဲနဲ့တွေ့တဲ့အခါ အကူအညီပေးမည့်သူ ပေါတယ်။

++++++++++++++++++++++++++++++++++++++++

ကျေးဇူးကို သိတဲ့စိတ်၊

အသိအမှတ်ပြုတဲ့စိတ်ဟာ လေးနက်၊

နူးညံ၊ အေးချမ်းတဲ့စိတ် ဖြစ်တယ်။

++++++++++++++++++++++++++++++++++++++++

သတိမြဲလေလေ၊

အသိမြဲလေလေ၊

စိတ်နေသဘောထားလေးနက်၊မြင့်မြတ်လေလေ၊

ကြည်လင်အေးချမ်းလေလေ ဖြစ်လာနိုင်တယ်။

++++++++++++++++++++++++++++++++++++++++

ဘယ်လို လောကဓံနဲ့တွေ့ရ၊ တွေ့ရ၊

အားလုံးဟာ ရင့်ကျက်မှုကို

အထောက်အကူ ပြုမယ်။

++++++++++++++++++++++++++++++++++++++++

အကောင်းအဆိုး၊ တွေ့ရသမျှ ဘဝအတွေ့အကြုံထဲက

လေးနက်တဲ့အသိအမြင်ကို ရမှသာ

အတွေ့အကြုံဟာ တန်ဖိုးရှိတယ်။

++++++++++++++++++++++++++++++++++++++++

အမြင်မှန်ဖို့၊

သဘောထားမှန်ဖို့၊

စေတနာမှန်ဖို့၊ အရေးအကြီးဆုံးဖြစ်ပါတယ်။

ရဖို့ထက် သိဖို့က ပိုပြီး အရေးကြီးပါတယ်။

++++++++++++++++++++++++++++++++++++++++

တကယ်စစ်မှန်တဲ့သတိ

(ပစ္စုပ္ပန်တည့်တည့်သိနေတဲ့သတိ)နဲ့တရားအားထုတ်ခြင်းဟာ

တကယ်စစ်မှန်တဲ့ မေတ္တာကို

ဖော်ပြတာနဲ့တူနေတယ်။

++++++++++++++++++++++++++++++++++++++++

အသိအမြင်ထူးမှ၊

သဘောထားထူးမှ၊

မြင်သမျှ၊ ကြားသမျှ ၊လုပ်သမျှတွေဟာ

ထူးလာမယ်။

++++++++++++++++++++++++++++++++++++++++

( ဆရာတော်ဦးဇောတိက )

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com