Saturday, December 25, 2010

“ မိန်းမ ထင်မိလို့…”



တရားရုံးသို့ရောက်လာတဲ့

ကားမောင်းသမား ကိုခင်ဆွေ

ကို တရားသူကြီးက မေးတယ်။


ယာဉ်ထိန်းရဲက ပြောတယ်။

ခင်ဗျား သူ့ကို ပြက်ရယ်ပြုတယ် တဲ့၊

ဟုတ်သလား


ကားမောင်းသမား ကိုခင်ဆွေက

သူ့ကို ပြက်ရယ်ပြုချင်တဲ့ ရည်ရွယ်ချက်

ကျနော့်မှာမရှိရိုး အမှန်ပါ၊

သူ ကျနော့်ကားကို ရပ်ပြီးစစ်ဆေးတဲ့အချိန်မှာ

အိမ်က ကျနော့်မိန်းမလိုပဲ သူ အမျိုးမျိုး သြဝါဒချွေပါတယ်။

ရုတ်တရက် ကျနော်သတိလက်လွတ်ဖြစ်ပြီး

မင်းပြောတာ မှန်တာပေါ့ အချစ်ရယ်

လို့ပြောမိပါတယ်။

ဒါပါပဲ

“ သိဖို့လိုတာလည်း ဒါပဲ...”


Beauty is truth

Truth beauty …..

That is all

Ye know on earth, and

All ye need to know .

( John Keats )


အလှအပဟာ အမှန်တရား၊

အမှန်တရားဟာ အလှအပပဲ။

ဒီကမ္ဘာမြေမှာ

သင် သိတာဒါပဲရှိတယ်။

သိဖို့လိုတာလည်း ဒါပဲ ရှိပါတယ်။


+++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ

ရောဂါကို သက်သာစေတယ်။

ဒါကြောင့် ဆေးရုံက ဆရာဝန်၊ ဆရာမတွေ ဟာ

ဆက်ဆံရေးကောင်းဖို့ အလွန်အရေးကြီးပါတယ်။


+++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရေကန်ဘေးက တောထဲက လမ်းလျှောက်ရတာ၊

တောတွေ သစ်ပင်တွေ၊ မြက်ခင်းတွေကို

ကြည့်ရတဲ့အချိန်ဟာ

စိတ်ကို အင်မတန်ချမ်းသာစေတဲ့ အလှအပကို

ခံစားနေရတဲ့အချိန်ပါပဲ။

လမ်းလျှောက်ပြီး ပြန်လာရင် နေလို့သိပ်ကောင်းတယ်။

လှပပြီး အေးချမ်းတဲ့နေရာမှာ လမ်းလျှောက်တာဟာ

ကျန်းမာရေးအတွက် အကောင်းဆုံးဆေးပါပဲ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒီနေ့ ကိုယ့်လောက၊

ကိုယ့်ကမ္ဘာကြီးကို မြင်နေကျ မဟုတ်တဲ့

ထူးတဲ့အမြင်နဲ့မြင်အောင်

နည်းလမ်းသစ်တွေကို ရှာပါ။

သင့်မျက်စိ တွေကို သင်ပတ်ဝန်ကျင် မှာ

ရှိနေတဲ့ အလှအပတွေ

တစ်ဝကြီးသောက်ခွင့်ပြုလိုက်ပါ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++

စိတ်ပညာကုနည်းထဲမှာ

အလှအပကို ခံစားတတ်အောင်

သင်ပေးပါတယ်။

သဘာဝအလှအပကို ခံစားတတ်ရင်

စိတ်ကျန်းမာတယ်။


+++++++++++++++++++++++++++++++++++++++++++++++++++++++++++

(ဆရာတော် ဦးဇောတိက)



“ ကြက်တူရွေး…”



အခါဈေးအတွင်းမှာဖြစ်တယ်။


အစ်မကြီး၊

ကျနော့်ဆီက ကြက်တူရွေး ဝယ်ပါခင်ဗျ


သူ ဆဲတတ်သလား


ဟင့်အင်း၊

ဒါပေမယ့်

ဒီကောင် အတော်ဉာဏ်ကောင်းတယ်။

သူ့ကို အစ်မကြီး သင်ပေးလိုက်ရင်

တစ်လအတွင်း တတ်ပါတယ်

“ဖတ်ပြီးမှ ပြောနိုင်မယ်…”



စိတ်ရောဂါကုဆရာဝန်ထံ

လူတစ်ယောက်ရောက်လာတယ်။


ဒေါက်တာ

ကျနော်ရူးတော့မယ်ထင်တယ်၊

ဒေါက်တာပဲ စဉ်းစားကြည့်၊

ကျနော့်ကိုယ်ကျနော် စာတွေရေးနေတယ် ”


နောက်ဆုံးစာကို

ဘယ်တုံးက ပို့လိုက်သလဲ


ဒီနေ့မနက်


ခင်ဗျား

ဘာတွေရေးထားသလဲ


ဘယ်သိဦးမလဲ၊

စာမှ ရောက်မလာသေးတဲ့ဥစ္စာ

“ သေချာတယ်…”


မိမိအတွက်လာတဲ့စာကို ဖတ်ပြရန်

အဘွားကြီးက

စာပို့သမားကို ပြောတယ်။


စာပို့သမားက ကြောင်ခြစ်သလို ရေးထားတဲ့စာကို

ခက်ခက်ခဲခဲ ဖတ်တယ်။


ချစ်….ရတဲ့….မေ….မေ….ခင်….ဗျား


သေချာတယ်၊

သားဆီက စာပဲ၊

ဒီကောင် ငယ်ငယ်ကတည်းက စကားထစ်တယ်

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com