Thursday, December 16, 2010

“ အထိမ်းအမှတ်…”



မိန်းမဖြစ်သူ မအေးကြိုင်က

ယောကျာ်းဖြစ်သူကိုရွှေသိန်းကို

ထောင်ဝင်စာ လာတွေ့တယ်။


မိန်းမရဲ့ပါးစပ်မှ အရက်နံ့ နည်းနည်းရတဲ့အတွက်

ယောက်ျားကမေးတယ်။

ဟေ့၊

မင်း ဒီနေ့ ဘာဖြစ်လာတာလဲ


မအေးကြိုင်က ရှင်းပြတယ်။

ဘာလဲ၊ ရှင် မေ့နေပြီလား၊

ဒီနေ့ဟာ နှစ်ပတ်လည်နေ့လေ


ကိုရွှေသိန်းက နားမလည်တဲ့အတွက် ထပ်မေးလိုက်ပါတယ်။

ဘာနှစ်ပတ်လည်လဲကွ


မအေးကြိုင်က

ဒီနေ့ဟာ ရှင်ထောင်ထဲရောက်တဲ့ သုံးနှစ်မြောက်

နှစ်ပတ်လည်နေ့။

အဲဒါ အထိမ်းအမှတ်အဖြစ်နဲ့ မိတ်ဆွေတွေနဲ့

ရှင့်ကျန်းမာရေးအတွက်

ဆုတောင်းပြီး သောက်လိုက်ကြတယ် ရှင်

“ မှားတဲ့အခါ မှားပေမပေါ့…”



ကိုသီဟကျော်ဟာ

ကာစီိနို(လောင်းကစားရုံ)ထဲ

ဝင်ကစားတယ်။

ပါလာတာအားလုံး ကုန်သွားတယ်။

စိတ်အပျက်ကြီး ပျက်ပြီး ကာစီနိုခန်းမအပြင်ကို

ထွက်လာတယ်။

အဲဒီအချိန်မှာ သီဟကျော်ရဲ့ကိုယ်စောင့်နတ်က ပြောတယ်။


မင်းမှာ ရွှေလက်စွပ် ကျန်သေးတာပဲ၊

အဲဒီလက်စွပ်ကို ချလောင်းလိုက်စမ်းပါ၊

မျှော်လင့်ချက် ရှိပါသေးတယ်ကွ


ကိုသီဟကျော်ဟာ

ကာစီနိုခန်းမထဲ ပြန်ဝင်သွားတယ်။

ရွှေလက်စွပ်ကို ချလောင်းလိုက်တယ်။

ရွှေလက်စွပ်ပါ ဆုံးသွားပါတော့တယ်။

ကိုယ်စောင့်နတ်က တောင်းပန်တယ်။


ငါ မှားသွားတယ်၊

ခွင့်လွှတ်ပါကွာ

“ ဆက်မက်လိုက်ပါဦး…”



မနက်အိပ်ရာက
နိုးတဲ့အခါ

မိန်းမဖြစ်သူ မအေးစိန် က

ယောကျာ်းဖြစ်သူ ကိုငွေကြည်ကို ပြောတယ်။


မောင်၊

ညက အေးစိန် အိပ်မက်မက်တယ်။

မောင်က

အေးစိန်ကို စိန်နားကပ်တစ်ရံ ဝယ်ပေးတယ်တဲ့


ကိုငွေကြည်က


အေး၊ အေး

ဆက်အိပ်လိုက်ပါဦး အေးစိန်ရယ်။

အဲဒီအတွက် ပိုက်ဆံကို

မောင် ဘယ်က ယူရမလဲဆိုတာ

ထပ်မက်ချင် မက်လိမ့်မယ်ကွယ့်

“ ကျန်းမာရေးအတွက်…”



သန်းကြွယ်သူဌေးတစ်ဦး ကွယ်လွန်တယ်။

သူဌေးကြီးရဲ့အလောင်းမြေချပြီးတဲ့အခါမှာတော့

ဆွေမျိုးတွေ အားလုံး

သူဌေးကြီးရဲ့အိမ်မှာ စုဝေးကြတယ်။


ကွယ်လွန်သူရဲ့ရှေ့နေကြီးက သေတမ်းစာကို

ဖတ်ကြားတယ်။


ကုမ္ပဏီအစုရှယ်ယာများအားလုံးကို

ကျွန်ုပ်ရဲ့ဇနီးသည်အား ပေးအပ်တယ်။

သမီးအတွက် ပင်လယ်ကမ်းစပ်ရှိ တိုက်အိမ်ကြီးကို

ထားခဲ့တယ်။


သုံးခန်းတွဲတိုက်ခန်းကို

အိမ်ဖော်မလေးရဲ့အမည်နဲ့

လွှဲပြောင်းပေးရမယ်။


ငွေဟာအရေးမကြီး၊

ကျန်းမာရေးသာ အရေးအကြီးဆုံးဖြစ်တယ်လို့

တစ်ချိန်လုံး ကျွန်ုပ်အား ပြောခဲ့သူ

ကျွန်ုပ်ရဲ့တူတော်မောင်အတွက်

အာဒီးဒတ်စ်အားကစားဖိနပ်

အသစ်ကျပ်ကျွတ် တစ်ရံထားခဲ့တယ်။


ပုံ

XXXXXXX.

Wednesday, December 15, 2010

“ သူလိုလူ…”



မွန်တီကာဆီနိုမြို့တွင်

ဗြိတိသျှစစ်သားတစ်ဦးအတွက်

အမှတ်တရ မှတ်တမ်းကို

အောက်ပါအတိုင်းရေးသားထားခဲ့ပါသည်။


ကမ္ဘာလောကကြီးအတွက်မူ

သူသည် သာမန်လူသားတစ်ဦးမျှသာ ဖြစ်ပါသည်။

ဒါပေမယ့် သူ့အကြောင်းကို

ကောင်းစွာသိသော ကျွန်ုပ်တို့အတွက်မူ

သူသည် ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာ

ကမ္ဘာပင်ဖြစ်ပါသည်

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com