Sunday, November 28, 2010

“ ဆန့်ကျင်ဘက်စကား…”



တစ်ခါတုန်းက

လူတစ်ဦးဟာ သူ့ဆန္ဒနဲ့ဆန်ကျင်ပြီး အမြဲပြောလေ့ရှိတဲ့အတွက်

သူ့ကို “ဦးဟင့်အင်း ”

လို့ အမည်တွင်ပါတယ်။

သူဟာ ပေါင်မုန့်တစ်လုံးဝယ်ရန်ပေါင်မုန့်ဆိုင် ကိုသွားပါတယ်။

ဆိုင်ရှင်က ” ပေါင်မုန့်လိုချင်ပါသလားခင်ဗျာ ”လို့ မေးရာ၊

သူက“ ဟင့်အင်း ”လို့ပြန်ဖြေလိုက်ပါတယ်။

သူဟာ ထောပတ်လည်း ဝယ်ချင်ပါတယ်။

ဆိုင်ရှင်က ”ထောပတ်လိုချင်ပါသလား ”လို့ မေးပြန်ပါတယ်။

အဲဒီလူက ဆန့်ကျင်ပြောနေကျအတိုင်း

“ ဟင့်အင်း ”

လို့သာ ပြန်ဖြေခဲ့ပါတယ်။


“ ဟာ ဒီလိုဆိုရင် ကျနော်ခင်ဗျားအတွက်

ရောင်းပေးနိုင်တာ ဘာမှ မရှိတော့ပါဘူး ”

လို့ဆိုင်ရှင်ကပြောပါတယ်။


အဲဒါကြောင့်

“ဦးဟင့်အင်း ”

ဟာလက်ထဲမှာ ဘာမှမဝယ်ဘဲ ပြန်ခဲ့ပါတယ်။

သူလိုချင်တဲ့အရာ ဘာမှ မရခဲ့ပါ။

ဘာကြောင့်ဆိုတော့ သူဟာသူလုပ်ချင်တဲ့ ဆန္ဒနဲ့

လုပ်လေ့ရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

သူဆာလောင်တဲ့အခါ ပွက်ပွက်ဆူနေတဲ့ ဟင်းချိုအိုးကို

ကြမ်းပြင်ပေါ်ကို သွန်ချတတ်ပါတယ်။

ရေဆာတဲ့အခါ ရေခွက်ကို ကြမ်းပြင်ပေါ်ကို သွန်ချတတ်ပါတယ်။

အိပ်ချင်တဲ့အခါ အိပ်ရာပေါ်ကို ရေတွေ လောင်းချတတ်ပါတယ်။

တစ်နေ့မှာ

“ဦးဟင့်အင်း ” ရဲ့အိမ်တံခါးကို

တစ်ယောက်ယောက် လာခေါက်ပါတယ်။

“ဦးဟင့်အင်း ”

ရှိပါသလားလို့ အသံထွက်လာပါတယ်။

“ဦးဟင့်အင်း ”က မရှိဘူးလို့ ပြန်ဖြေပါတယ်။

တံခါးခေါက်တဲ့အမျိုးသမီးက

အထဲမှာလူရှိမှန်းသိလို့ တံခါးဖွင့်ပြီး ဝင်လာပါတယ်။

အလွန်ချောမောလှပတဲ့ မိန်းကလေးတစ်ဦးဟာ

စားစရာခြင်းတောင်းဆွဲပြီး ဝင်လာခြင်းဖြစ်ပါတယ်။

သူမဟာ ဘာမှ မေးမနေတော့ပါ။

ပါလာတဲ့ ပေါင်မုန့်၊ထောပတ်၊ ဝက်အူချောင်းတွေကို ထုတ်ပြီး စားဖို့ပြင်ပါတယ်။

အဲဒီအခါ

“ဦးဟင့်အင်း ”ဟာ

အမျိုးသမီးလေးဘေးတွင် ဝင်ထိုင်ပြီး စားပါတယ်။

သူတို့နှစ်ဦးဟာ အတူတူ နေ့လည်စာ အဝစားကြပါတယ်။

အားလုံးစားပြီးတဲ့အခါ အမျိုးသမီးက

“ နောက်တစ်ကြိမ် ကျမလာရဦးမလား ”

လို့မေးပါတယ်။

ဒီတစ်ခါတော့ ဦးဟင့်အင်း က

“ အေး ”

လို့ပြန်ဖြေလိုက်ပါတော့တယ်။

“ ပြန်ကြိုက်လာပြီ…”




ကိုအောင်မင်းက သူငယ်ချင်းဖြစ်သူ

ကိုတင်ဝင်းကိုမေးတယ်။


“ အသက် ၄၀-နှစ်ကျော်မှ မိန်းမယူရသတဲ့၊

ကိုတင်ဝင်း ခင်ဗျားဘာစိတ်ကူးပေါက်ပြီး

လူပျိုကြီးဘဝကို စွန်လွှတ်လိုက်ရတာလဲ ”


ကိုတင်ဝင်းက

“ ဆိုင်ထမင်း၊ဆိုင်ဟင်းချည်း စားနေရတာက

ို ငြီးငွေ့လာလို့ပါဗျာ ”


ကိုအောင်မင်းက

“ အခုကော…”


ကိုတင်ဝင်းပြန်ပြောလိုက်တာက...


“ ဆိုင်ထမင်း၊

ဆိုင်ဟင်းကို ပြန်ကြိုက်လာပြီ ”

“ ဘဝင်မြင့်သူ...”




အသက် ၈၅-နှစ်အရွယ်ရှိတဲ့
အကျဉ်းသားအဖိုးကြီးကပြောတယ်။

“ငါ ထောင်ထဲရောက်နေတာ တစ်နှစ်ရှိပြီး။
အရွယ်မရောက်သေးတဲ့သူကို အဓမ္မကျင့်မှုနဲ့။”

အခြားအကျဉ်းသားတစ်ဦးက

“ဘာပြောတယ်။
ဒီအသက်အရွယ်နဲ့ဒီလို ပြစ်မှုမျိုး
ကျူးလွန်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ”

အဖိုးကြီးအကျဉ်းသားက

“ဟုတ်တယ်၊
မဖြစ်နိုင်ဘူး။
ဒါပေမယ့် အစိုးရရှေ့နေရဲ့ စွဲချက်ကို ကြားရတော့
ငါ့ကိုယ်ငါ အတော်လေး အထင်ကြီးစိတ်ဝင်သွားတယ်။
ဒါနဲ့ပဲ အပြစ်ရှိပါတယ်လို့ ဝန်ခံလိုက်တယ်ကွ ”

Friday, November 26, 2010

“ ရုပ်ပုံပြ သင်ခန်းစာ…”



မူကြိုကျောင်းတစ်ခုမှာဖြစ်တယ်။

မူကြိုကျောင်းသားလေး

မောင်သိုင်းအောင်ကျော်က


“ဆရာမ၊

ရေမြင်းဆိုတာ ဘာလဲဟင် ”


ဆရာမ ဒေါ်အေးအေးပြုံးက

“ရူးသွပ်နေတဲ့ ငါး ”


မောင်သိုင်းအောင်ကျော်က

“အဲဒါဆို ဘာဖြစ်လို့ သူ ကုန်းပေါ်မှာနေလဲ ”


ဆရာမ ဒေါ်အေးအေးပြုံးက

“ဆရာမ ပြောပြီးပါပကော၊

ရူးသွပ်နေပါတယ်လို့ ”

“ အသက်ရှည်ဆေးဆိုတာ…”



အဘိုး ဦးဘဉာဏ်ဟာ

နှစ်တစ်ရာ (၁၀၀)ပြည့်မွေးနေ့ကို ကျင်းပပါတယ်။


“အဘိုးရဲ့ အသက်ရှည်တာ ဘာကြောင့်လဲ”

လို့ မွေးနေ့ပွဲကိုတက်လာသူ ကိုသီဟကျော်က

စူးစမ်းမေးမြန်းပါတယ်။


အဘိုးက ဂုဏ်ယူဝင့်ကြွားစွာဖြင့်


“အဘိုးက ဆေးလိပ်မသောက်ဘူး။

အရက်သေစာလည်း မသောက်သုံးဘူး။

အစားအစာကိုလည်း ဘယ်တော့မှ အလွန်အကျွံ ပိုမစားဘူး။

ည (၁၀)နာရီဆို အိပ်ရာဝင်ပြီး နံနက် (၆)နာရီဆို အိပ်ရာက ထပါတယ်။”


လို့ရှင်းပြပါတယ်။


ကိုသီဟကျော်က

အဲဒီလို တိတိကျကျ နေခဲ့တာဟာ

တကယ်ချီးကျူးစရာပါပဲခင်ဗျား။

ဒါပေမယ့်

ကျနော့်အဘိုးက အဘိုးလိုပဲ လိုက်နာနေထိုင်ခဲ့တာပါပဲ။

သူကတော့ အသက် (၆၀)မှာ ကွယ်လွန်သွားခဲ့ပါတယ်။”

လို့ ပြောလိုက်ပါတယ်။


“သူက အဲဒီအလေ့အကျင့်တွေကို

လိုသလောက်ကြာကြာ မလေ့ကျင့်ခဲ့လို့နေမှာပါ ”

လို့ အဘိုးဦးဘဉာဏ်ကပြန်ဖြေလိုက်ပါတယ်။

“ ဟာသ တန်ဖိုး…”



သူငယ်ချင်းနှစ်ယောက်တို့ဟာ

ဗယ်လင်တိုင်ကော်ဖီဆိုင် စကားပြောနေကြတယ်။


ကိုခင်မောင်ဝင်းက

“ မင်းပြောပြတဲ့ ဟာသကို ငါ့မိန်းမကို

ငါ ပြောပြလိုက်တာ

အခု ငါ့ကို စကားမပြောတာ တစ်ပတ်ရှိပြီ ”


ကိုစိုးပိုင်က

“ ဟာ ဒါ ဟန်ကျတာပေါ့၊

အခု အဲဒီဟာသကို မင်းယောက္ခမကို ထပ်ပြောပြလိုက် ”

“ တွေးတော ခံစားနိုင်ဖို့...”



တစ်ခါတုန်းက ဖိနပ်ချုပ်သမား လူအိုကြီးတစ်ဦးရှိပါတယ်။

သူက ဓမ္မဆရာတစ်ဦး ဖြစ်ချင်ပါတယ်။

ဒါပေမယ့် အဲဒီ အလိုဆန္ဒ အကောင်အထည်ပေါ်ဖို့ လမ်းစ မပွင့်ခဲ့ပါ။


ကံကောင်းချင်တော့

သူဟာ ဘာသာတရား လေ့လာနေတဲ့ လူငယ်တစ်ဦးရဲ့

မိတ်ဆွေလည်း ဖြစ်ပါတယ်။

ဘုရားကျောင်းမှာ တရားဟောဖို့

ပထမဆုံး တာဝန်ပေးခံရတဲ့ အဲဒီလူငယ်ကို

ဖိနပ်ချုပ်သမားကြီးက

သူ့အတွက် တစ်ခုဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါတယ်။


တရားဟောဆရာရဲ့ ဖိနပ်ကို သူချုပ်ပေးပါရစေ၊

သူချုပ်ပေးတဲ့ ဖိနပ်ကို တရားဟောဆရာက

အမြဲဝတ်ဆင်ပါရန် မေတ္တာရပ်ခံပါတယ်။


ဒါမှသာ

သူ ဘယ်တော့မှ မရောက်နိုင်တဲ့ တရားဟောစင်မြင့်ကို

တရားဟောသွားတဲ့ တရားဟောဆရာနဲ့အတူ

သူချုပ်ထားတဲ့ ဖိနပ်က အမြဲပါသွားတယ်

လို့ သူ့စိတ်ထဲမှာ

တွေးတော ခံစားနိုင်ဖို့

အဲဒီလို မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်။

“ မိုးနတ်မင်းနဲ့ကျောက်ဆစ်သမား…”



တစ်ခါက ကျောက်ဆစ်သမားတစ်ဦးရှိပါတယ်။

သူဟာ ဝါးတဲငယ်တစ်လုံးမှာ တစ်ဦးတည်းနေပါတယ်။

ကျောက်ဆစ်ပညာမှာ ကျွမ်းကျင်ပေမယ့်

သူဟာ အလွန်ဆင်းရဲလှပါတယ်။

သူ့ရဲ့အဝတ်များမှာ စုတ်ပြဲနေပါတယ်။


တစ်နေ့

ကျောက်တုံးအကြီးကြီးတစ်တုံးကို ထုဆစ်နေချိန်မှာ

လမ်းထဲမှာ လူအုပ်ကြီးတစ်အုပ်စုဝေးနေတာကို တွေ့မြင်ပါတယ်။

အုတ်အုတ်ကျက်ကျက်အသံကို ကြားရပါတယ်။


သူတို့ရဲ့စကားသံကြောင့်

သူတို့နေတဲ့ ရွာငယ်ဇနပုဒ်လေးကို ဘုရင်ကြီးလာလည်မယ်ဆိုတာကို

သူသိပါတယ်။


အလွန်လှပတင့်တယ်ဆန်းကြယ်တဲ့

ပိုးထည်များကို ဝတ်ဆင်ထားတဲ့ ဘုရင်ကြီးကို

ကျောက်ဆစ်သမားက ကြိုဆိုရင်း ငေးမောကြည့်နေမိပါတယ်။

အဲဒီလိုကြည့်နေရင်း..........


“ ငါ့မှာ ဒီဘုရင်ကြီးလို ဂုဏ်ကျက်သရေနဲ့ အာဏာရှိရင်

ဘယ်လောက်ကောင်းလိုက်မလဲ ”

လို့ တွေးမိပြီး ဆုတောင်းမိပါတယ်။


အဲဒီဆုတောင်းကို မိုးနတ်မင်းကြီးက ကြားသွားပြီး ကျောက်ဆစ်သမားကို

အာဏာရှင် ဘုရင်ကြီးအဖြစ်ကို ပြောင်းပေးလိုက်ပါတယ်။


ချက်ချင်းလိုပင်

ကျောက်ဆစ်သမားဟာ လှပကျော့ရှင်းတဲ့ မြင်းနက်ကြီးကို စီးပြီး

ပရိသတ်ကို လက်ဝှေ့ရမ်း နှုတ်ဆက်နေပါတော့တယ်။


ဒါပေမယ့်

နွေကာလရောက်တဲ့အခါ နေရောင်ကြောင့်

လူများ၊ တိရစ္ဆာန်များ၊ သစ်ပင်များ၊ ညှိုးနွမ်းကြတာကို

ဘုရင်ကြီးဖြစ်တဲ့ ကျောက်ဆစ်သမားက တွေ့ပါတယ်။

အဲဒီအချိန် နေကို မော့ကြည့်ပြီး

“ ငါသာ အင်အားကောင်းတဲ့ နေမင်းကြီးဖြစ်ရင် သိပ်ကောင်းမှာပဲ ”

လို့ ဆုတောင်းမိပြန်ပါတယ်။


သူ့ရဲ့ဆုတောင်းသံကို မိုးနတ်မင်းကြီးကကြားသွားပြီး

သူ့ပါရမီကိုဖြည့်ပေးလိုက်ပြန်ပါတယ်။

သူ့ရဲ့နေရောင်ခြည်ကို ကမ္ဘာမြေပေါ်ကို ကျဆင်းစေပါတယ်။


အဲဒီအချိန်

ဘုရင်နဲ့ သမီးတော်တို့ဟာ ထီးရိပ်အောက်ကို ဝင်ခိုလှုံကြရပါတယ်။

နေရောင်အောက်မှာ စစ်ဘုရင်ကြီးများပင် အင်အားလျှော့နည်းလာကြပါတယ်။

သီးနှံပင်များလည်း နေရောင်ရဲ့ထိန်းကွပ်မှုကို ခံကြရပါတယ်။

တစ်နေ့မှာ

တိမ်လွှာသေးသေးလေးတစ်ခုက နေရောင်ကို ဖြတ်ပြီး

မြေပြင်တစ်ချို့တစ်ဝက်ကိုနေရောင်က ကာကွယ်ထားလိုက်ပါတယ်။

အဲဒီအခြေအနေကို မြင်တွေ့တဲ့အခါ

နေဖြစ်နေတဲ့ ကျောက်ဆစ်သမားက ပိုမိုအင်အားကြီးတာကို တွေ့ပြီး

“ ငါ တိမ်ဖြစ်ချင်လိုက်တာ ”

လို့ဆုတောင်းမိပြန်ရော၊

ဒါနဲ့ပဲ တိမ်ဖြစ်သွားပြန်ပါတယ်။


နေရောင်ကို တားဆီးနိုင်ပြီး၊

သူ့ကိုယ်သူအလွန်အရေးပါအရာရောက်တယ်လို့ထင်နေမိပြန်ပါတယ်။

တိမ်လိပ်သေးသေးလေးမှာ တိမ်လိပ်အကြီးကြီးဖြစ်လာပြီး

အကြီးအကျယ် မိုးရွာချပါတယ်။

အရာရာကို စိုရွှဲစေပါတယ်။

ကျောက်ဆောင်ကြီးတစ်ခုမှ လွဲပြီး အရာရာဟာ

မိုးသက်လေပြင်းဒဏ်ကြောင့် အပြင်းအထန်ခံကြရပါတယ်။

ကျောက်ဆောင်ကြီးက ဘာမှ တုန်လှုပ်ခြင်းမရှိတာကိုတွေ့ပြီး

“ ကျောက်ဆောင်ကြီးဖြစ်လိုတဲ့ ဆန္ဒဖြစ်လာပြန်တယ် ”

ဆန္ဒအတိုင်းဆုတောင်းလိုက်မိတော့

ကျောက်ဆောင်ကြီး ဖြစ်သွားပြန်ပါတယ်။

တစ်နေ့မှာ

လွယ်အိတ်တစ်လုံးလွယ်ထားတဲ့ လူတစ်ယောက်က

အဲဒီကျောက်တုံးကြီးနားကပ်သွားပါတယ်။

ကျောက်တုံးကြီးနားရောက်တော့ ရပ်ပြီး သူ့ရဲ့လွယ်အိတ်ထဲက

ဆောက်နဲ့တူကို ထုတ်ပြီး ကျောက်တုံးကြီးကို ထုဆစ်ပါတော့တယ်။

အဲဒီတော့ ကျောက်တုံးကြီးထက် အင်အားကြီးသူရှိနေတာကို တွေ့ပြီး

အဲဒီလူဖြစ်ဖို့ဆုတောင်းလိုက်ပါတယ်။


မိုးနတ်မင်းကြီးက

သူ့ရဲ့ဆုတောင်းအတိုင်း ဖြည့်ဆည်းပေးလိုက်ရာ

သူဟာကျောက်ဆစ်သမားဘဝပြန်ရောက်သွားပြီး

သူရဲ့မူလဝါးတဲလေးထဲကို ပြန်ရောက်သွားပါတော့တယ်။


သူဟာ သူဘဝကိုသူကျေနပ်ပြီး

ကျောက်တုံးကြီးကို ထုဆစ်ရင်း ရောင့်ရဲကျေနပ်နေပါတော့တယ်။

“ အိမ်ထောင်ရေးအကြောင်း ပြောတယ်ဆိုတော့…”



တစ်ခါတုန်းက စာဖတ်ပရိသတ်တစ်ဦးဟာ

အယ်ဒီတာဆီကို စာတစ်စောင်ရေးပေးလိုက်ပါတယ်။


“ အယ်ဒီတာကြီးခင်ဗျား၊

ခင်ဗျားဟာ ဘယ်လိုလုပ်ပြီး အိမ်ထောင်ရေးကိစ္စ၊

လိင်ကိစ္စတွေကို

ဆောင်းပါးတွေ ရေးနေတာလဲ။

ခင်ဗျားကိုယ်တိုင်က အိမ်ထောင်တောင် မပြုရသေးတော့၊

အိမ်ထောင်ရေးအကြောင်း၊

လိင်အကြောင်းတွေ ရေးတာကို

စဉ်းစားလို့ မရနိုင်အောင်ပါဘဲ ”

လို့ ရေးသားထားပါတယ်။


အယ်ဒီတာက...

“ မှန်ပါတယ်၊

ကျနော် မသေဘူးပေမယ့်

လူသေတဲ့အကြောင်းလည်း ရေးပါတယ် ”

လို့စာပြန်ရေးလိုက်ပါတော့တယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com