တစ်ခါတုန်းက ဖိနပ်ချုပ်သမား လူအိုကြီးတစ်ဦးရှိပါတယ်။
သူက ဓမ္မဆရာတစ်ဦး ဖြစ်ချင်ပါတယ်။
ဒါပေမယ့် အဲဒီ အလိုဆန္ဒ အကောင်အထည်ပေါ်ဖို့ လမ်းစ မပွင့်ခဲ့ပါ။
ကံကောင်းချင်တော့
သူဟာ ဘာသာတရား လေ့လာနေတဲ့ လူငယ်တစ်ဦးရဲ့
မိတ်ဆွေလည်း ဖြစ်ပါတယ်။
ဘုရားကျောင်းမှာ တရားဟောဖို့
ပထမဆုံး တာဝန်ပေးခံရတဲ့ အဲဒီလူငယ်ကို
ဖိနပ်ချုပ်သမားကြီးက
သူ့အတွက် တစ်ခုဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါတယ်။
တရားဟောဆရာရဲ့ ဖိနပ်ကို သူချုပ်ပေးပါရစေ၊
သူချုပ်ပေးတဲ့ ဖိနပ်ကို တရားဟောဆရာက
အမြဲဝတ်ဆင်ပါရန် မေတ္တာရပ်ခံပါတယ်။
ဒါမှသာ
သူ ဘယ်တော့မှ မရောက်နိုင်တဲ့ တရားဟောစင်မြင့်ကို
တရားဟောသွားတဲ့ တရားဟောဆရာနဲ့အတူ
သူချုပ်ထားတဲ့ ဖိနပ်က အမြဲပါသွားတယ်
လို့ သူ့စိတ်ထဲမှာ
တွေးတော ခံစားနိုင်ဖို့
အဲဒီလို မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်။
No comments:
Post a Comment