Showing posts with label စားကြမယ်လေ ကောင်းကောင်း. Show all posts
Showing posts with label စားကြမယ်လေ ကောင်းကောင်း. Show all posts

Saturday, January 12, 2013

"ဘာဘွန်ကြက်သား(Bourbon Chicken) ဟင်းစပ်တစ်မျိုး..."

ဘာဘွန်ကြက်သားအစပ်ဟာ
 ဆောင်းရာသီမှာ အလွန်ရောင်းကောင်းတဲ့ဟင်းစပ်တစ်မျိုးဖြစ်ပါတယ်။
အမေရိကန်မှာ ရှိတဲ့လူဖြူတွေက အစပ်ကို ကြောက်ကြတယ်။
လူမည်းတွေက အစပ်ကို မကြိုက်သော်လည်း စမ်းသပ်စားကြတယ်။
ပဲစားလို့ခေါ်တဲ့ မက်စီကန်လူမျိုးတွေက အစပ်ကို ကြိုက်ကြတယ်။ စားကြတယ်။
အာရှသားတွေက လာတာနဲ့ လက်ညှိုးထိုးပြီး စားတဲ့ဟင်းစပ်တစ်မျိုးဖြစ်ပါတယ်။

မစ်ချီဂန်ဆောင်းက အလွန်အေးလှတယ်။
အပြင်က အေးရင် အတွင်းက ပူမှ ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတဲ့ကြော်ငြာနဲ့ရောင်းတဲ့အခါ
အဖြူရော၊ အမည်းတွေပါ စမ်းသပ်စားရင်း ကြိုက်နှစ်သက်သွားတဲ့ဟင်းစပ်တစ်မျိုးဖြစ်တယ်။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

ဘာဘွန်အစပ်ကတော့ ဘာဘွန်လုပ်နည်းနဲ့အဆင့်အတော်များများမှာ တူညီပါတယ်။
နောက်ဆုံးအဆင့်မှာ အစပ်ကို ရောစပ်လိုက်တဲ့နည်းပါ။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၁။ 
အမေရိကန်မှာတော့ တော်တော်နာမည်ကြီးတဲ့ကြက်သားတစ်မျိုးပါပဲ။
အရိုးမပါတဲ့ကြက်သားဖြစ်ပါတယ်။
ဝယ်ကထဲကိုက အရိုးမပါတဲ့ကြက်ရဲ့ပေါင်သားကို အထူးမှာပြီး ဝယ်ရပါတယ်။
အဲဒီပေါင်သားတွေကို ပလတ်စတစ်ခွက်တွေထဲမှာ ကြက်သားပေါင်းရည် (Chicken mixed sauce)
တစ်မျိုးနဲ့ အနည်းဆုံး ၂၄-နာရီကြာအောင် စိမ်ထားရပါတယ်။
အဲဒီအရည်တွေ အသားထဲစိမ့်ဝင်တာမို့ ကြက်သားရဲ့အရသာဟာ အထူးကောင်းမွန်လာပါတယ်။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၂။
 နောက်တစ်နေ့မှာ အဲဒီစိမ်ထားတဲ့ကြက်သားတွေကိုသတ္တုဗန်းတစ်ခုထဲမှာ ဖြန့်ထည့်ပြီး
နာရီဝက်နီးပါးလောက် ပေါင်းရပါတယ်။ အဲဒီကြက်သားကနေ ကြက်ပေါင်းရည်တွေ ထွက်လာ
ပါတယ်။ အဲဒီအချိန်မှာ ကြက်သားကလည်း မကျက်တကျက်ဖြစ်လာနေပါပြီ။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၃။
 အဲဒီကြက်သားမကျက်တကျက်တွေကို Grill လို့ခေါ်တဲ့ Gas နဲ့အပူပေးထားတဲ့သံတန်းတွေ
ပေါ်တင်ပြီး ကင်ရပါတယ်။ 
ကင်တဲ့အချိန်မှာ ကြက်သားရဲ့တစ်ဖက်တစ်ချက်ကို ( Bourbon Chicken Sauce )
လို့ခေါ်တဲ့အရည်တစ်မျိုးနဲ့ သုတ်လိမ်းရပါတယ်။
(အဲဒီအရည်ထဲကို ထောင်းပြီးသား ဂျင်းကိုထည့်လိုက်ရင်
ကြက်သားရဲ့အနံ့အရသာ ပိုကောင်းလာပါတယ်)
ဒီလိုကင်တဲ့အချိန်မှာ သုတ်လိမ်းရခြင်းအကြောင်းကတော့ ကြက်သားအရောင်လှလာအောင်နဲ့
အရသာပိုကောင်းလာအောင် လုပ်တာဖြစ်ပါတယ်။
အဲဒီအချိန်မှာ ကြက်သားရဲ့အနံ့က မွှေးကြိုင်လာပါပြီ။
စားချင်စဖွယ်လည်း ဖြစ်လာပါတယ်။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၄။ 
ကြက်သားကို မူလအရောင်ထက် ပိုရင့်တဲ့အညိုရောင်ပြောင်းအောင်သာ ကင်ပါတယ်။
မဲတူးသွားတဲ့အထိ မကင်သင့်ပါဘူး။ မဲတူးသွားရင် ကြက်သားက မာသွားတဲ့အတွက်
စားလို့မကောင်းပါဘူး။ နောက်တစ်ကြောင်းကတော့ မဲတူးသွားတဲ့အသားတွေဟာ
ကာဘွန်အဖြစ် ပြောင်းသွားတာကြောင့် စားသုံးသူအတွက် ရေရှည်မှာ အန္တာရယ် ဖြစ်စေနိုင်ပါတယ်။
(အကင်စားတဲ့သူတွေ ကင်ဆာဖြစ်လာနိုင်တာမို့ အတော်သတိထားစားဖို့တော့လိုအပ်ပါတယ်)

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၅။
 ပြီးတော့ အဲဒီကြက်သားတွေကို စားသုံးသူတွေ စားနိုင်လောက်တဲ့အတုံးလေးတွေ ဖြစ်အောင်
တုံးလိုက်ပါတယ်။ တုံးပြီးသားကြက်သားတုံးတွေကို 
Micro Wave ဆိုတဲ့အပူပေးခွက်ထဲထည့်ပြီး ပူနွေးအောင် ၅-မိနစ်လောက် နွေးလိုက်ပါ။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၆။
 အစပ်ဖြစ်အောင် ဘာဘွန်အတုံးလေးတွေ အသင့်တင့်ယူ၊
အဲဒီအတုံးထဲကို ဘာဘွန်ဖျော်ရည် (Bourbon Chicken Sauce ) 
 ကို တစ်ဇွန်း(1 Table Spoon)ထည့်ပါ။
ပြီးနောက် ပေါင်းစဉ်အခါတုံးက ထွက်လာတဲ့ကြက်ပေါင်းရည်
တစ်ဇွန်းခွဲ(1. 1/2 Table Spoon) ထည့်ပါ။

ငြုတ်သီးအခြောက်မှုန့် တစ်ဇွန်း(1 Tea Spoon)၊
ငြုတ်ကောင်း တစ်ဇွန်း(1 Tea Spoon)၊
ငြုတ်သီးထောင်းတစ်ဇွန်း(1 Tea Spoon)၊ထည့်ပြီး ရောမွှေလိုက်ပါ။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၇။
ငြုတ်သီးပွ(အစိမ်း )……၁-၂ တောင့်၊
ကြက်သွန်နီ ……………၁-၂ လုံး၊
မုန်လာဥနီ……………..၁-၂ လုံး ကို အစိတ်စိတ် ခွဲပြီး ရောထည့်လိုက်ပါ။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၈။
အားလုံးကို ရောမွှေပြီး အိုးတစ်အိုးထဲမှာ ပေါင်းပြီး အပူပေးလိုက်ပါ။
၁၀-မိနစ်ပတ်ဝန်ကျင်လောက်ဆိုရင် အလွန်အရသာရှိလှတဲ့
ဘာဘွန်ကြက်သား ဟင်းစပ်တစ်မျိုးကို ရရှိပါပြီ။
အစပ်ကြိုက်သူများအတွက် ပူပူနွေးနွေးနဲ့လွေးပါလေ့။
 
စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ
  
Chicken Mixed…(sauce) လုပ်နည်း...
1.  Salt                                                      =1 Big Spoon………………
2.  Chicken Marinade Seasoning                   =3 Big Spoon………………
3.  Mushroom Soy Sauce                             =3 Big Spoon………………
4.  Soy Sauce                                             =3 ½ Cup…………………..

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

Bourbon Chicken………..(sauce)လုပ်နည်း...
1.    Oyster Flavored Sauce               =3 Cans……………………..
2.    White Cooking Wine                  =1 ½ Cans…………………..
3.    Sugar                                       =7 (big) Cups…………………

Sunday, January 6, 2013

“ဘာဘွန်ကြက်သား (Bourbon Chicken) စားကြရအောင်…”

အဆင့် ၁။ အမေရိကန်မှာတော့ တော်တော်နာမည်ကြီးတဲ့ကြက်သားတစ်မျိုးပါပဲ။
အရိုးမပါတဲ့ကြက်သားဖြစ်ပါတယ်။
ဝယ်ကထဲကိုက အရိုးမပါတဲ့ကြက်ရဲ့ပေါင်သားကို အထူးမှာပြီး ဝယ်ရပါတယ်။
အဲဒီပေါင်သားတွေကို ပလတ်စတစ်ခွက်တွေထဲမှာ ကြက်သားပေါင်းရည် (Chicken mixed sauce)
တစ်မျိုးနဲ့ အနည်းဆုံး ၂၄-နာရီကြာအောင် စိမ်ထားရပါတယ်။
အဲဒီအရည်တွေ အသားထဲစိမ့်ဝင်တာမို့ ကြက်သားရဲ့အရသာဟာ အထူးကောင်းမွန်လာပါတယ်။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၂။ နောက်တစ်နေ့မှာ အဲဒီစိမ်ထားတဲ့ကြက်သားတွေကိုသတ္တုဗန်းတစ်ခုထဲမှာ ဖြန့်ထည့်ပြီး
နာရီဝက်နီးပါးလောက် ပေါင်းရပါတယ်။ အဲဒီကြက်သားကနေ ကြက်ပေါင်းရည်တွေ ထွက်လာ
ပါတယ်။ အဲဒီအချိန်မှာ ကြက်သားကလည်း မကျက်တကျက်ဖြစ်လာနေပါပြီ။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၃။ အဲဒီကြက်သားမကျက်တကျက်တွေကို Grill လို့ခေါ်တဲ့ Gas နဲ့အပူပေးထားတဲ့သံတန်းတွေ
ပေါ်တင်ပြီး ကင်ရပါတယ်။ ကင်တဲ့အချိန်မှာ ကြက်သားရဲ့တစ်ဖက်တစ်ချက်ကို Bourbon Chicken Sauce
လို့ခေါ်တဲ့အရည်တစ်မျိုးနဲ့ သုတ်လိမ်းရပါတယ်။
အကြောင်းကတော့ ကြက်သားအရောင်လှလာအောင်နဲ့အရသာပိုကောင်းလာအောင် လုပ်တာဖြစ်ပါတယ်။
အဲဒီအချိန်မှာ ကြက်သားရဲ့အနံ့က မွှေးကြိုင်လာပါပြီ။
စားချင်စဖွယ်လည်း ဖြစ်လာပါတယ်။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၄။ ကြက်သားကို မူလအရောင်ထက် ပိုရင့်တဲ့အညိုရောင်ပြောင်းအောင်သာ ကင်ပါတယ်။
မဲတူးသွားတဲ့အထိ မကင်သင့်ပါဘူး။ မဲတူးသွားရင် ကြက်သားက မာသွားတဲ့အတွက်
စားလို့မကောင်းပါဘူး။ နောက်တစ်ကြောင်းကတော့ မဲတူးသွားတဲ့အသားတွေဟာ
ကာဘွန်အဖြစ် ပြောင်းသွားတာကြောင့် စားသုံးသူအတွက် ရေရှည်မှာ အန္တာရယ် ဖြစ်စေနိုင်ပါတယ်။
(အကင်စားတဲ့သူတွေ ကင်ဆာဖြစ်လာနိုင်တာမို့ အတော်သတိထားစားဖို့တော့လိုအပ်ပါတယ်)

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၅။ ပြီးတော့ အဲဒီကြက်သားတွေကို စားသုံးသူတွေ စားနိုင်လောက်တဲ့အတုံးလေးတွေ ဖြစ်အောင်
တုံးလိုက်ပါတယ်။ တုံးပြီးသားကြက်သားတုံးတွေကို Micro Wave ဆိုတဲ့အပူပေးခွက်ထဲထည့်ပြီး
ပူနွေးအောင် ၅-မိနစ်လောက် နွေးလိုက်ပြီးမှ Bourbon Chicken Sauce ကို ကြက်သားအပေါ်က နှံ့အောင်
လောင်းထည့်လိုက်ရပါတယ်။
ဒါဆိုရင် အလွန်အရသာရှိလှတဲ့ဘာဘွန်(Bourbon Chicken ) ဖြစ်သွားပါပြီ။
စားလို့အလွန်ကောင်းတဲ့ကြက်သားကင်တစ်မျိုးဖြစ်ပါတယ်။
ရောင်းအကောင်းဆုံး အသားတစ်မျိုးလည်းဖြစ်ပါတယ်။
အမေရိကန်တွေ အထူးကြိုက်နှစ်သက်ပြီး အားပေးခြင်းအခံရဆုံးကြက်သားကင်တစ်မျိုးကို
စားသုံးနိုင်ပါပြီ။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ
  
Chicken Mixed…(sauce) လုပ်နည်း...
1.  Salt                                                      =1 Big Spoon………………
2.  Chicken Marinade Seasoning                   =3 Big Spoon………………
3.  Mushroom Soy Sauce                             =3 Big Spoon………………
4.  Soy Sauce                                             =3 ½ Cup…………………..

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

Bourbon Chicken………..(sauce)လုပ်နည်း...
1.    Oyster Flavored Sauce               =3 Cans……………………..
2.    White Cooking Wine                  =1 ½ Cans…………………..
3.    Sugar                                       =7 (big) Cups…………………

Friday, January 4, 2013

"အမေရိကန်တွေ ကြိုက်တဲ့ထမင်းကျော်..."

အဆင့် ၁။ အရင်ဆုံးကတော့ ဆီသတ်ပါတယ်။
အဲဒီဆီထဲမှာ ကြက်ဥနှစ်လုံးကို မွှေပြီးကျော်လိုက်ပါတယ်။
ပြီးတော့မှ မုန်လာဥအတုံးငယ်ငယ်လေး လက်တစ်ဆုပ်နဲ့ပဲစိမ်းသီးလေး
လက်တစ်ဆုပ်လောက်ကို ထည့်လိုက်ပါတယ်။
ဆိုင်မှာက အဲဒီမုန်လာဥအတုံးနဲ့ပဲစိမ်းသီးတွေက အသင့်လုပ်ပြီးသားကို ဝယ်ထားတာပါ။
ကိုယ့်ဘာသာကိုယ်လုပ်ရင်လည်း မခက်ခဲလှပါဘူး။
ဝယ်ပြီးသားတွေက စက်နဲ့လုပ်ထားတာကြောင့် အတုံးလေးတွေ ညီပြီးလှနေပါတယ်။
အဆင့် ၂။ ပြီးတော့မှ ချက်ပြီးသားထမင်းကို ချိန်ဆထည့်လိုက်ပါတယ်။
မီးအပူပေးပြီးအားလုံးကို သမအောင် မွှေလိုက်ပါတယ်။
၃။ ပြီးတော့မှ အဲဒီထမင်းကျော်ထဲကို rice-sauce ကိုထည့်ပါတယ်။
ထမင်းကျော်အတိုင်းအဆပေါ်မူတည်ပြီး ဇွန်းကြီးနဲ့ တစ်ဇွန်းလောက် ထည့်ပါတယ်။
အဲဒီ rice-sauce ကတော့ ထမင်းကျော်ရဲ့အရသာကို ဖြစ်စေတဲ့အဓိက အရည်တစ်မျိုးပါ။
အရသာထူးကဲတာက အဲဒီ rice-sauce ကြောင့်ပါ။
အဲဒီ rice-sauce မှာ ထည့်ဝင်ပစ္စည်းပေါင်း ဆယ်မျိုးလောက်ကို
အချိုးညီ ထည့်ရပါတယ်။
မီးအပူပေးပြီး သမအောင် မွှေရပြန်ပါတယ်။
အဆင့် ၄။ ထမင်းကျော် ပူနွေးပြီး ကျက်လောက်ချိန်မှာတော့
ကြက်သွန်မြိတ်(Green Onion)တွေကို အသေးလေးဖြစ်အောင် စဉ်းထားတာကို ထည့်ပါတယ်။
အဆင့် ၅။ နောက်ဆုံးမှာ အနံ့အသက်ကို ကောင်းစေဖို့အတွက်
ငြုတ်ကောင်းမှုန့်(Pepper)ကို ထည့်ရပါတယ်။
ဒါဆိုရင်တော့ အမေရိကန်တွေ ကြိုက်တဲ့ထမင်းကျော်တစ်ပွဲ
ကောင်းကောင်းဖြစ်သွားပါပြီ။
ကျနော်တို့ကျော်တဲ့ထမင်းကျော်ပွဲက ပွဲကြီးဖြစ်ပြီး
လူငါးယောက်အတွက် ကောင်းကောင်းသုံးဆောင်နိုင်ပါတယ်။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

Rice sauce …ထမင်းကျော်တွင် အဓိက ပါဝင်တဲ့ပစ္စည်းများ...

1.    Salt      (ဆား)                                        =1 ½ Big Spoon………………
2.    MSG                                                    =1 ½ Big Spoon………………
3.    Sugar          (သကြား)                            =1 2/3  Big Spoon…………….
4.    Sesame oil                                          =1 ½  Big Spoon …………….
5.    Rice cooking wine (အမည်း)                   =3 ½ Big Spoon………………
6.    Egg yellow                                         =1 Big Spoon…………………
7.    Thin soy sauce                                   =3 ½ Big Spoon………………
8.    Thick (Black) soy sauce                       =2 Big Spoon…………………
9.    Hoisin sauce                                      =2 Big Spoon…………………
10.  Orange Chicken Soup                        = up to full (ခွက်ကို အပြည့်ဖြည့်လိုက်ပါ)

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com