တစ်ခါတုန်းက
မိန်းမဖြစ်သူ မခင်ခင်ဦးက
သတင်းစာဖတ်နေရင်း
ယောက်ျားဖြစ်သူကိုလှမြင့်ကို
လှမ်းပြောတယ်။
“ စိတ်ဝင်စားစရာ ကောင်းလိုက်တာ။
လူဆိုးတစ်ယောက်ဟာ ညအချိန်မှာ လမ်းသွားလမ်းလာတစ်ဦးကို
ခြောက်လုံးပြူး ပြပြီး ပိုက်ဆံတောင်းသတဲ့။
အဲဒီလူက ငြင်းတော့ သေနတ်နဲ့ပစ်ထည့်လိုက်တယ်။
ကျည်ဆံဟာ အဲဒီလူရဲ့ကြယ်သီးကို ထိသွားသတဲ့။
ဒါနဲ့ပဲ သူ့အသက်မသေဘူးတဲ့ရှင် ”
ကိုလှမြင့် ပြန်ပြောလိုက်တာက...
“ အဲဒီလူ ကံကောင်းတာပေါ့။
တကယ်လို့ သူ့ရဲ့မိန်းမဟာ မင်းသာဆိုရင်
ဒီလူ သေမှာ သေချာတယ် သိလား ”
No comments:
Post a Comment