တစ်ခါတုန်းက
ကလေးလက်ရေးနဲ့ ရေးထားတဲ့ စာတစ်စောင်ကို
စာတိုက်မှ လက်ခံရပါတယ်။
လိပ်စာမှာ… "ကယ်တင်ရှင်သို့…"ဆိုပြီးလိပ်စာရေးထားပါတယ်။
စာထဲမှာ ပါတဲ့အကြောင်းအရာက….
“ အို…ကယ်တင်ရှင်ခင်ဗျား၊
ကျနော့်အမည်မှာ ဖိုးကျော်ဖြစ်ပါတယ်။
ကျနော်ရဲ့အသက်မှာ ၆-နှစ်ဖြစ်ပါတယ်။
ဖေဖေက ဆုံးသွားခဲ့ပြီ။
မေမေက ကလေး ၆-ယောက်နဲ့ ရုန်းကန်နေရတာ အရမ်းပင်ပန်းပါတယ်။
ဒါကြောင့် ကျနော်တို့မိသားစုကို ကူညီတဲ့အနေနဲ့
ငွေ သုံးသောင်းလောက် ကူညီမစပါခင်ဗျား ”လို့ ရေးထားပါတယ်။
ပြန်စာအတွက် လိပ်စာဖော်ပြထားပါတယ်။
စာပို့လုလင်ဟာ စာကို ဖတ်ပြီး အလွန်စိတ်မကောင်းဖြစ်သွားပါတယ်။
မိတ်ဆွေဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဒီစာကို ပြသပါတယ်။
အားလုံးက လည်း စိတ်မကောင်းဖြစ်ကြပြီး၊ ငွေစုပြီးကူညီဖို့ ဆုံးဖြတ်ကြပါတယ်။
စုလိုက်တဲ့အခါ ငွေ တစ်သောင်းသာရပြီး အဲဒီမိသားစုဆီကို ပို့ပေးလိုက်ပါ တယ်။
နောက်ထပ် တစ်လခန့်ကြာတဲ့အခါမှာတော့
လိပ်စာတူညီတဲ့ နောက်ထပ် စာတစ်စောင်ကို စာပို့လုလင် က ထပ်ရပါတယ်။
စာမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။
စာတိုက်မှတစ်ဆင့်လာရင် ငွေ တစ်သောင်းသာရပြီး၊
ငွေ နှစ်သောင်းမှာ စာပို့ခအဖြစ် ယူထားပါတယ်ခင်ဗျား”
လို့ဖော်ပြထားတာကိုတွေ့ရပါတယ်။
1 comment:
ပုံပြင်လေးမို့ သက်ပြင်းချသွားတယ် နိုဘယ်ရေး)
ပုံပြင်မဟုတ်ရင် စောဒကနည်းနည်းတက်ချင်လို့ ၆-နှစ်သားတစ်ယောက်က မိသားစုအတွက် စာတတန်ပေတတန်နဲ့ လုပ်တာဟုတ်ပါ့မလားလို့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment