“ဟဲလို.....ဟဲလို....ဟဲလို၊
သတ္တုတွင်းဝန်ကြီး ဋ္ဌာနကပါလား၊
ညွှန်ချုပ်နဲ့စကားပြောပါရစေရှင်”
ဖုန်းသံမြည်လာတယ်။
ချိုသာတဲ့မိန်းမငယ်လေးတစ်ယောက်ရဲ့အသံကိုကြားလိုက်ရတယ်။
“ညွှန်ချုပ်မအားပါဘူးခင်ဗျာ”
ညွှန်ချုပ်ရဲ့ကိုယ်ရေးအရာရှိကတုန့်ပြန်ဖြေလိုက်ပါတယ်။
“အခုဆက်တာ သူ့ဇနီးလို့ပြောပေးပါရှင်”
မိန်းမငယ်လေးက ပြောမှဖြစ်မယ်ဆိုတဲ့အသံနဲ့ပြောလိုက်ပါတယ်။
ကိုယ်ရေးအရာရှိကတုန့်ပြန်လိုက်တာက...
“အင်း၊ အားလုံးက ဒီလိုပဲ ပြောကြတာပါပဲခင်ဗျ”
++++++++++++++++
တယ်လီဖုန်းဟာ လူတွေအတွက် ကွန်ပျူတာလိုပင်
မရှိမဖြစ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်လာပါတယ်။
လူတိုင်းနီးပါးလည်းအသုံးပြုလာတာကို တွေ့နေရပါတယ်။
အမေရိကန်မှာတော့ အနိမ့်ဆုံးဝန်ထမ်းတစ်ဦးရဲ့နေ့စားဝင်ငွေဟာ
တယ်လီဖုန်းတစ်လုံးနဲ့လိုင်းတစ်လိုင်းကို ဝယ်နိုင်ပါတယ်။
ဒါကြောင့်လူတိုင်းအသုံးပြုနေပါတယ်။
အဲဒါကြောင့်စံနစ်တကျအသုံးပြုတတ်ဖို့လိုအပ်ပါတယ်။
အောက်ပါအချက်တွေကိုလိုက်နာမယ်ဆိုရင်တော့
လူကြီးမင်းအတွက် အထောက်အကူဖြစ်နိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။
++++++++++++++++
၁။ တယ်လီဖုန်းခေါ်သူအား သင်ရဲ့အမည်ကို ပြောပြပါ။
၂။ ဖုန်းပြောစဉ် ပြုံးပါ။
မှန်တစ်ချပ်ကို သူ့ရှေ့တွင် ချထားပါ။
၃။ ဖုန်းခေါ်သူအား အသိပေးပါ။
ဘာမှ မပြောဘဲ ဖုန်းကို ဒီအတိုင်းကိုင်စောင့်စေခြင်းမျိုး မပြုလုပ်ပါနဲ့။
၎။ ဖုန်းခေါ်သူအား လိုရင်းပြောရန် တိုက်တွန်းပါ။
လိုရင်းရောက်အောင်ပြောခိုင်းပါ။
၅။ ဖုန်းခေါ်သူရဲ့ လိုအပ်ချက်ကို တာဝန်ယူပါ။
၆။ ဖုန်းခေါ်သူအား ကျေးဇူးတင်ကြောင်း ပြောပါ။
၇။ အသံအနိမ့်အမြင့်၊ အတိုးအကျယ်ဖြင့် ပြောပါ။
၈။ ဖုန်းကိုင်ခိုင်းထားရင် ဂရုတစိုက်ရှိပါ။
၉။ ရင်းနှီးတဲ့ပရိယာယ် ကြွယ်တဲ့စကားလုံးကို သုံးပါ။
No comments:
Post a Comment