ဆရာဆိုတာ ဘုရားသားတော်တွေဖြစ်တဲသံဃာကိုပြောတာပါ။
ဒကာဆိုတာက လူပုဂ္ဂိုလ်တွေကိုဆိုလိုပါတယ်။
ဆရာက တရားရှာသူတွေဖြစ်တယ်။
တရားရှာရမှာလည်း အစားမစားပဲရှာလို့မရပါ။
ဒါကြောင့်အစားဟာလိုအပ်ပါတယ်။
ဒကာက အစားရှာသူတွေဖြစ်တယ်။
အစားရှာရမှာလည်း တရားနဲ့ကင်းလို့မရပါ။
ဒါကြောင့်တရားဟာလိုအပ်ပါတယ်။
အစားနဲ့တရားဟာ မျှတဖို့လိုအပ်ပါတယ်။
ဘာကိုဘဲရှာရှာ နိဗ္ဗာန်ရရာ ရကြောင်းအတွက် အထောက်အပံ့ ဖြစ်ဖို့လိုအပ်ပါတယ်။
ဒကာအနေနဲ့က ဒီဘုန်းကြီးဟာ တရားဟောကောင်းလို့၊
နာမည်ကြီးလို့၊ဘွဲ့တော်တွေအများကြီးရလို့
မျော်မြင်ပြီးချဉ်းကပ်၊ဆက်ဆံတာမျိုးမဖြစ်သင့်ပါဘူး။
ဒီလိုပဲ
ဆရာအနေနဲ့လည်း ဒီတကာက လှူနိုင်တမ်းနိုင်လို့၊
ချမ်းသာလွန်းလို့၊ အာဏာရှိလို့၊
မျော်မြင်ပြီးချဉ်းကပ်၊ဆက်ဆံတာမျိုးမဖြစ်သင့်ပါဘူး။
ဒကာက အစားပေး၊ တရားယူ။
ဆရာက တရားပေး၊အစားယူ။
တစ်ဖက်ဖက်ကပေးနေရမယ်။
မပေးဘဲယူရင် အလကားယူတာပဲ။
အလကားယူရင် အလကားလူပဲ။
ဆရာဆိုရင်လည်း အလကားသံဃာပဲ။
သုံးစွဲတဲ့ပစ္စည်းတိုင်းမှာ တန်ဖိုးတစ်ခုရှိပြီးသားဖြစ်တယ်။
တန်ဖိုးပေးပြီးသုံးစွဲမှ တန်ဖိုးရှိတဲ့လူဖြစ်မယ်။
ဘာတန်ဖိုးလဲ။
ဒကာက အစားလှူပြီး တရားယူရမယ်။
ဆရာက အစားယူပြီး တရားလှူရမယ်။
ဒါမှ နှစ်ဦးနှစ်ဖက် တန်ဖိုးရှိသူဖြစ်ကြမယ်။
ဒါဟာတွန်းအားဖြစ်တယ်လို့ ဘုရားဟောခဲ့ပါတယ်။
(ဓမ္မဘေရီ အရှင်ဝီရိယ-တောင်စွန်း)
++++++++++++++++++
No comments:
Post a Comment