တစ်နေ့သုံးခါ၊
အိုးတစ်ရာဖြင့်၊
ချက်ကာထမင်း၊
ကျွေးမွေးခြင်းထက်၊
မယွင်းစင်စစ်၊
နို့တစ်ညှစ်စာ၊
မေတ္တာပွားများ၊
ကျိုးကြီးမားသည့်၊
ဘုရားမြတ်စွာမိန့်ခွန်းတည်း။
( မဟာစည်ဆရာတော် )
++++++++++++++++++

ဗုဒ္ဓ၏ မေတ္တာသြဝါဒ…
ရဟန်းတို့၊
ရဟန်းတစ်ပါးသည် လက်ဖျောက်တစ်ချက်တီးအချိန်မျှလောက်
မေတ္တာပွားလိုက်တယ်ဆိုလျှင်ပင်
ထိုရဟန်းကို ဈာန်တရားဖြင့်နေသော ရဟန်း၊
မြတ်စွာဘုရား၏ သာသနာကို စည်ပင်ပြန့်ပွားအောင် ကြိုးစားသောရဟန်း၊
မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာကျင့်သုံးသောရဟန်း၊
တိုင်းသူပြည်သားတို့၏ ဆွမ်းကို အလကားမဖြစ်စေဘဲ
အကျိုးရှိအောင် စားသုံးသော ရဟန်း ဟူ၍ ဆိုအပ်၏။
ထို့ထက်အလွန်ပွားများပါမူကား အဘယ်ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း။
( အဂုင်္တ္တရနိကာယ၊ကေကနိပါတပါဠိ )
++++++++++++++++++

မိမိအသက်ကို ချစ်ခင်ပါလျှင် အချိန်ကလေးများကို နည်း၏
ဟူ၍ အကုန်မခံပါစေနှင့်။
ထိုအချိန်ကလေးများကိုစုပေါင်းထားခြင်းသည်ပင် အသက်မည်၏။
( ဖရင်ကလင် )

++++++++++++++++++

စိတ်ဆန္ဒသည်သာ တစ်လောကလုံးတွင် အရာရာကိုစိုးမိုးသည်။
ဤလောကကြီးအတွင်းရှိရှိသမျှ သက်ရှိသက်မဲ့အရာအားလုံးမှာ
စိတ်ဆန္ဒအားကြောင့်သာ ဖြစ်ပေါ်နေကြရသည်။
မည်သည့်ဘုရားသခင်၊
အနန္တဝိညာဉ်တော်ကြောင့်မျှ ဖြစ်ပေါ်လာကြရသည်မဟုတ်။
( ရှိုပင်ဟောင်းဝါး )
++++++++++++++++++

ရုပ်လောကကြီးတစ်ခုလုံးကို စိတ်ကဦးဆောင်လျက်ရှိသည်။
တရားအားလုံးတို့တွင်လည်း
စိတ်သာလျှင် ရှေ့သွားခေါင်းဆောင်ဖြစ်သည်။
(ဗုဒ္ဓ)

++++++++++++++++++

မေတ္တာဂုဏ်ရည် ငါးမျိုး မေတ္တာစိတ်ဟူသည်…
၁။ ကျယ်ကျယ်ပြန့်ပြန့်ထားရှိအပ်သောစိတ်၊
၂။ အထက်တန်းကျသောစိတ်၊
၃။ ပိုင်းခြားကန့်သတ်ချက်မရှိသောစိတ်၊
၎။ ဒေါသကင်းသောစိတ် (သို့) ရန်လိုမှုကင်းသောစိတ်၊
၅။ ဖျက်ဆီးလိုခြင်းကင်းသောစိတ် ဖြစ်သည်။
(ကေသမုတ္တိသုတ်)
++++++++++++++++++

မိမိတကယ်ချမ်းသာချင်လျှင်
သူတစ်ပါးကို ချမ်းသာစေလိုတဲ့စိတ် (မေတ္တာစိတ်) ဖြစ်အောင် အရင်ထားပါ။
မုချချမ်းသာလာပါလိမ့်မည်။
( မော်လမြိုင်၊ ကောလှရွာကျောင်းဆရာတော် )

မေတ္တာရှင်(ရွှေပြည်သာ)
No comments:
Post a Comment