မောင်ငယ် ရင်သွေး
နာဘိသေးလော့၊
ရှေးသရောအခါ
ပြည်ဗာရာဝယ်၊
ကုဋေကြွယ်အား
သူဋ္ဌေးသားလျင်
သားတစ်ယောက်ဖြစ်
ချစ်၍တစေ
အိမ်မှာနေ၍
စာပေမတတ်
မိဘစုတေ
ခန္ဓာကြွေသော်
အရှေ့အနောက် တောင်မြောက်
ဘယ်မှာ မသိပါငြား
သူဋ္ဌေးသားသည်
သိုထားမတတ်
အရပ်ရပ်၌
နှံအပ်ဥစ္စာ
ရှိသည်ငှာကို
များစွာကျွန်ပေါင်း
မကောင်းခိုးသူ
ယူ၍ပြေးရှောင်း
အိမ်ကိုရောင်း၍
ထောင်းထောင်းကြေလျက်
ခွက်လက်စွဲကာ
တောင်းစားပါလည်း
နင်သာလူမိုက်
ဒုစရိုက်ဟု
ရိုက်ပုတ်လိုက်ကြ
ရွာမှထွက်လေ
တောမှာသေသည်
ကောင်သေဠင်းတ
ကျ၏တည်း....
(ဆားတုံဆရာတော်ရဲ့လင်္ကာ)
++++++++++++++++++
ဒီကဗျာလင်္ကာကို ငယ်စဉ်က အကြိမ်ကြိမ်ဖတ်ခဲ့ဖူးပါတယ်။
ဖတ်တိုင်းလည်း အတွေးထဲတွင် ဘုရားရှင်ရဲ့လက်ထက်က သူဋ္ဌေးသားတစ်ယောက်ရဲ့အဖြစ်အပျက်လို့သိထားခဲ့ပါတယ်။
စာမတတ်သူတစ်ယောက်ရဲ့ဒုက္ခကိုသိတော့
စာမတတ်မှာ အလွန်ကြောက်ခဲ့မိပါတယ်။
ဒါကြောင့် စာကြိုးစားခဲ့ပါတယ်။
++++++++++++++++++
ကျနော်တို့ရဲ့မြန်မာနိုင်ငံဟာ တစ်ချိန်က
အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်။
အာရှတိုက်ရဲ့စပါးကျည်လို့တောင် ဆိုရိုးရှိခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာ အကောင်းဆုံးတက္ကသိုလ်ရှိခဲ့ဖူးတယ်။
အကောင်းဆုံးဆေးရုံရှိခဲ့ဖူးတယ်။
အကောင်းဆုံး ရုပ်ရှင်ရုံရှိခဲ့ဖူးတယ်။
အကောင်းဆုံးအားကစားကွင်းရှိခဲ့ဖူးတယ်။
အကောင်းဆုံးလေယာဉ်ကွင်းရှိခဲ့ဖူးတယ်။
အကောင်းဆုံး....ရှိခဲ့ဖူးတယ်။
အကောင်းဆုံး....ဖြစ်ခဲ့ဖူးတယ်။
ဒါပေမယ့် အခုတော့.....
မြန်မာနိုင်ငံမှာ မြေပေါ်၊မြေအောက်
သဘာဝသံယာဇာတတွေပေါများခဲ့ဖူးပါတယ်။
ကျောက်သံပတ္တမြားတွေ အလျှံပယ်ရှိခဲ့ဖူးပါတယ်။
တောတောင်ရေမြေတွေ အလွန်ကောင်းခဲ့ပါတယ်။
ရာသီဥတုအလွန်ကောင်းခဲ့ပါတယ်။
သာသနာအရောင်ထွန်းပြောင်ခဲ့ပါတယ်။
ဒါပေမယ့်...ခုတော့....
ဒီလင်္ကာကိုအကြိမ်ကြိမ်ဖတ်ရင်း၊ဖတ်ရင်းနဲ့
သူဋ္ဌေးသားတစ်ယောက်ရဲ့အဖြစ်အပျက်ကနေ
ပညာကိုတန်ဖိုးမထားခဲ့တဲ့
နိုင်ငံတစ်နိုင်ငံ၊
တိုင်းပြည်တစ်ပြည်ရဲ့အဖြစ်အပျက်များဖြစ်နေမလားလို့
တွေးထင်လာခဲ့မိပါတယ်။
နာဘိသေးလော့၊
ရှေးသရောအခါ
ပြည်ဗာရာဝယ်၊
ကုဋေကြွယ်အား
သူဋ္ဌေးသားလျင်
သားတစ်ယောက်ဖြစ်
ချစ်၍တစေ
အိမ်မှာနေ၍
စာပေမတတ်
မိဘစုတေ
ခန္ဓာကြွေသော်
အရှေ့အနောက် တောင်မြောက်
ဘယ်မှာ မသိပါငြား
သူဋ္ဌေးသားသည်
သိုထားမတတ်
အရပ်ရပ်၌
နှံအပ်ဥစ္စာ
ရှိသည်ငှာကို
များစွာကျွန်ပေါင်း
မကောင်းခိုးသူ
ယူ၍ပြေးရှောင်း
အိမ်ကိုရောင်း၍
ထောင်းထောင်းကြေလျက်
ခွက်လက်စွဲကာ
တောင်းစားပါလည်း
နင်သာလူမိုက်
ဒုစရိုက်ဟု
ရိုက်ပုတ်လိုက်ကြ
ရွာမှထွက်လေ
တောမှာသေသည်
ကောင်သေဠင်းတ
ကျ၏တည်း....
(ဆားတုံဆရာတော်ရဲ့လင်္ကာ)
++++++++++++++++++
ဒီကဗျာလင်္ကာကို ငယ်စဉ်က အကြိမ်ကြိမ်ဖတ်ခဲ့ဖူးပါတယ်။
ဖတ်တိုင်းလည်း အတွေးထဲတွင် ဘုရားရှင်ရဲ့လက်ထက်က သူဋ္ဌေးသားတစ်ယောက်ရဲ့အဖြစ်အပျက်လို့သိထားခဲ့ပါတယ်။
စာမတတ်သူတစ်ယောက်ရဲ့ဒုက္ခကိုသိတော့
စာမတတ်မှာ အလွန်ကြောက်ခဲ့မိပါတယ်။
ဒါကြောင့် စာကြိုးစားခဲ့ပါတယ်။
++++++++++++++++++
ကျနော်တို့ရဲ့မြန်မာနိုင်ငံဟာ တစ်ချိန်က
အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်။
အာရှတိုက်ရဲ့စပါးကျည်လို့တောင် ဆိုရိုးရှိခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာ အကောင်းဆုံးတက္ကသိုလ်ရှိခဲ့ဖူးတယ်။
အကောင်းဆုံးဆေးရုံရှိခဲ့ဖူးတယ်။
အကောင်းဆုံး ရုပ်ရှင်ရုံရှိခဲ့ဖူးတယ်။
အကောင်းဆုံးအားကစားကွင်းရှိခဲ့ဖူးတယ်။
အကောင်းဆုံးလေယာဉ်ကွင်းရှိခဲ့ဖူးတယ်။
အကောင်းဆုံး....ရှိခဲ့ဖူးတယ်။
အကောင်းဆုံး....ဖြစ်ခဲ့ဖူးတယ်။
ဒါပေမယ့် အခုတော့.....
မြန်မာနိုင်ငံမှာ မြေပေါ်၊မြေအောက်
သဘာဝသံယာဇာတတွေပေါများခဲ့ဖူးပါတယ်။
ကျောက်သံပတ္တမြားတွေ အလျှံပယ်ရှိခဲ့ဖူးပါတယ်။
တောတောင်ရေမြေတွေ အလွန်ကောင်းခဲ့ပါတယ်။
ရာသီဥတုအလွန်ကောင်းခဲ့ပါတယ်။
သာသနာအရောင်ထွန်းပြောင်ခဲ့ပါတယ်။
ဒါပေမယ့်...ခုတော့....
ဒီလင်္ကာကိုအကြိမ်ကြိမ်ဖတ်ရင်း၊ဖတ်ရင်းနဲ့
သူဋ္ဌေးသားတစ်ယောက်ရဲ့အဖြစ်အပျက်ကနေ
ပညာကိုတန်ဖိုးမထားခဲ့တဲ့
နိုင်ငံတစ်နိုင်ငံ၊
တိုင်းပြည်တစ်ပြည်ရဲ့အဖြစ်အပျက်များဖြစ်နေမလားလို့
တွေးထင်လာခဲ့မိပါတယ်။
No comments:
Post a Comment