

တစ်ခါတုန်းက
ပါတီဋ္ဌာနချုပ် ဝါဒဖြန့်ချိရေးဋ္ဌာနမှ
တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက စက်ရုံလုပ်သားများကို ငါးနှစ်စီမံကိန်း
အကောင်အထည်ဖော်မှုအခြေအနေကို ရှင်းပြနေပါတယ်။
“ငါးနှစ်စီမံကိန်းမှာ လျာထားချက်အတိုင်းမော်လမြိုင်ကျွန်း မြို့နယ်
လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကို အောင်မြင်စွာဆောက်လုပ်ပြီးစီးသွားပြီ”
ပရိသတ်ထဲက ကိုတင်ဝင်းဆိုသူက ထပြောပါတယ်။
“အဲဒီမြို့က မနေ့ကပဲ ကျနော်ပြန်လာခဲ့တယ်။
ဘာဓာတ်အားပေးစက်ရုံမှ မရှိပါဘူး”
ပါတီဝန်ထမ်းက ဆက်ပြောပါတယ်။
“ဗိုလ်ကလေးမြို့မှာ ဓာတ်မြေသြဇာ စက်ရုံတစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်”
ကိုတင်ဝင်းကပင် ထပြောပြန်ပါတယ်။
“သိပ်မကြာခင်တုန်းက အဲဒီမြို့ကို ရောက်ခဲ့သားပဲ၊
စက်ရုံနဲ့တူတာတောင် မတွေ့ခဲ့ပါဘူး။
ပါတီဝန်ထမ်းက စိတ်တိုတိုနဲ့ပြန်ပြောလိုက်တာက…
“ဒီမှာ ရဲဘော်၊
ဟိုဟိုဒီဒီလျှောက်သွားနေမယ့်အစား
သတင်းစာများများ ဖတ်သင့်တယ်”
( ခေတ်ဟောင်းဟာသလေးတစ်ခုပါ။
အခုထိခေတ်မီနေဆဲပါပဲ)
No comments:
Post a Comment