တစ်ခါတုန်းက တာချီလိတ်မြို့ရဲ့မူလတန်းကျောင်းတွင်
ဆရာမဖြစ်ခါစ မခင်ပပဟာ
ပထမတန်း စာသင်ခန်းကိုပထမဆုံးအကြိမ်ဝင်လာတယ်။
“ကလေးတို့ရေ၊
ဒီကနေ့ရုပ်ပုံတွေအကူအညီနဲ့တို့တစ်တွေ စာသင်ကြမယ်နော်၊
ကိုင်း ဟောဒီပုံဟာ ဘာပုံလဲကွယ်”လို့ပြောကာ
ကျောက်သင်ပုန်းပေါ်မှာ ပန်းသီးတစ်လုံးကိုဆွဲပြလိုက်ပါတယ်။
ကလေးတွေပြိုင်တူအော်လိုက်တာက
“ ဖင်တုံးကြီး”
ဆရာမခင်ပပဟာ စိတ်ဆိုးသွားပါတယ်။
ဒါနဲ့ ကျောင်းအုပ်ဆရာကြီးသွားတိုင်ပါတယ်။
မကြာခင် ဆရာမခင်ပပနဲ့ကျောင်းအုပ်ဆရာကြီးတို့ဟာ အတန်းထဲဝင်လာပါတယ်။
ဆရာကြီးကပြောတယ်။
“ ကိုင်း တပည့်တို့၊
မင်းတို့တစ်တွေ အင်မတန်ဆိုးကြပါလား၊
ဟေ့ တင်ဝင်း ...
မင်းရဲ့အင်္ကျီကော်လာကလည်း ညစ်ပတ်လှချည်းလား၊
ဟေ့ လှမြင့်...
မင်းကကော ဘာဖြစ်လို့ကြယ်သီးမတပ်ပဲ ရင်ဘတ်ကိုဖွင့်ထားရတာလဲ၊
အဲ…သင်ပုန်းပေါ်မှာ ဖင်တုံးကြီး ကို ဘယ်သူဆွဲထားသလဲ၊
ပြောစမ်း ”
1 comment:
ဟားဟား ဟား :P
Post a Comment