Saturday, November 5, 2011

" အရူးဆရာဝန်…"


စိတ္တဇဝေဒနာသည်တွေကိုကုသတဲ့ဆရာဝန်ကို
ကျနော်တို့ဆရာဝန်အချင်းချင်းဟာ 'အရူးဆရာဝန်' လို့ခေါ်လေ့ရှိတယ်။
ဆရာဝန်က ရူးတာတော့မဟုတ်ပါ။
တိရိစ္ဆာန်ကုဆရာဝန်ကိုလည်း 'တိရိစ္ဆာန်ဆရာဝန်' လို့ခေါ်လေ့ရှိသလို
သွားအထူးကုဆရာဝန်ကို 'သွားဆရာဝန်' လို့ အတိုခေါက်ခေါ်လေ့ရှိတတ်ပါတယ်။
ကျနော်တို့မိတ်ဆွေဖြစ်တဲ့ အရူးဆရာဝန်…ဒေါက်တာအောင်ကြည်ဆွေ
က သူ့ရဲ့ဇာတ်လမ်းအချို့ကို သူငယ်ချင်းများဆုံတဲ့အခါပြောလေ့ရှိပါတယ်။
တစ်နေ့မှာတော့ သူ့ရုံးခမ်းမှာအလုပ်များ လုပ်နေချိန်မှာ
စိတ္တဇဝေဒနာသည်တစ်ဦးဖြစ်တဲ့သန်းစိန်ဟာ သူ့ရုံးခမ်းထဲကိုဝင်လာပြီး
သူရေှးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ကိုယူလာပြီးပြပါတယ်။
“မင်းပန်းချီကားက ဘာတွေဆွဲထားသလဲ”
လို့မေးလိုက်ပါတယ်။
သန်းစိန်က
“နွားမတစ်ကောင်ဟာ သူ့ရဲ့နွားစားကျက်မှာ
မြက်တွေကို အားရပါးရစားနေတဲ့ပုံလေဆရာရဲ့”
ဒေါက်တာအောင်ကြည်ဆွေက
“မြက်တွေကိုလည်း မတွေ့ပါလားကွ”
သန်းစိန်
“ ဘယ်တွေ့မလဲ၊ နွားမစားလိုက်ပြီလေ”
ဒေါက်တာအောင်ကြည်ဆွေက
“နွားမကိုလည်း မတွေ့ပါလားကွ”
“ဘယ်တွေ့မလဲ၊ နွားမကထွက်သွားပြီလေဆရာရဲ့၊
မြက်တစ်ပင်မှ မကျန်တော့တဲ့နေရာမှာ သူကဘာဆက်လုပ်ရမှာလဲ”
ဒေါက်တာအောင်ကြည်ဆွေက
“ကဲ…သူငယ်ချင်းတို့ရေ…
သန်းစိန်ပဲ ရူးသလား၊
ငါပဲရူးသလားဆိုတာ ငါတောင်မခွဲခြားနိုင်တော့ပါဘူး”
လို့စကားကိုအဆုံးသတ်ပြီး
လက်ဖက်ရည်ဆိုင်က ထွက်သွားပါတယ်။
ကျန်တဲ့သူငယ်ချင်းတွေကပြုံးပြီးကျန်ခဲ့ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com