တစ်ခါတုန်းက ကော့သောင်းမြို့မှာရှိတဲ့ကောင်းဆေးခန်းကို
မသဲသဲမာဆိုတဲ့ အမျိုးသမီးလူနာတစ်ဦးရောက်လာပါတယ်။
ဒေါက်တာတင်ဝင်းအောင်ကဆရာဝန်ဖြစ်ခါစအချိန်ဖြစ်တယ်။
ရောက်လာတဲ့လူနာကိုသေသေချာချာ မစမ်းသပ်ခင်မှာ
မျက်လုံးတစ်လုံးကို ကြည့်ပြီးတာနဲ့တပြိုင်နက်
တော်ကြောင်းပြချင်တာနဲ့
စုံထောက်ကြီးဦးစံရှားပုံစံနဲ့ပြောလိုက်တာက
“ခင်ဗျားရဲ့မျက်လုံးကို ကြည့်ခြင်းအားဖြင့်
ခင်ဗျားမှာ အဆုတ်အအေးမိတဲ့ရောဂါရယ်၊
ပြီးတော့ သွေးအားနည်းတဲ့ရောဂါရယ် ဖြစ်နေတယ်လို့
ခန့်မှန်းနိုင်တယ်”လို့ပြောလိုက်ပါတယ်။
မသဲသဲမာပြန်ပြောလိုက်တာက...
“ဒေါက်တာ
ကျမရဲ့နောက်မျက်လုံးတစ်ခုကိုလည်းကြည့်ပေးပါဦး၊
အခုမျက်လုံးက မျက်လုံးအတု”
No comments:
Post a Comment