တစ်ခါတုန်းက အီလုံတက္ကသိုလ်မှာ
ပါမောက္ခက ကျောင်းသားကိုမေးတယ်။
“ ရွှေနဲ့အသိဥာဏ်အနက်က
ကြိုက်တာတစ်ခုကို ရွေးဆိုရင် မင်းဘာကို ယူမလဲ”
ကျောင်းသားက
“ ကျနော် ရွှေကိုယူမယ်ဆရာ”
"ဆရာဆိုရင်ရော ဘာကိုယူမလဲ"
လို့ကျောင်းသားကပြန်မေးပါတယ်။
ဆရာက
“ အသိဥာဏ်ကို ယူမှာပေါ့ကွ”
လို့ဖြေပါတယ်။
ဒီတော့ ကျောင်းသားကမှတ်ချက်ချတာက...
“ လူဆိုတာ ကိုယ့်မှာမရှိတာကို ယူတတ်စမြဲပါပဲ” တဲ့။