တစ်ခါတုန်းက
စီးပွားရေးသမားဖြစ်တဲ့ရွှေမန်းဟာ
သိကြားမင်းကို တိုင်တည်ကာ တစ်ချိန်လုံးဆုတောင်းနေတယ်။
သိကြားမင်း နားငြီးလာတာနဲ့ သူ့ကိုမေးတယ်။
“မင်းဘာလိုချင်လို့လဲ”
“နှစ်ပေါင်းတစ်သန်းဆိုတာ သိကြားမင်းအတွက်
ဘယ်လို အဓိပ္ပာယ်ရှိပါသလဲ”
“တဒင်္ဂလို့ပဲ မှတ်တယ်”
“ ဒေါ်လာတစ်သန်းဆိုတာကကော…”
“သဲတစ်ပွင့်လောက်ပဲ တန်ဖိုးရှိတယ်လို့မှတ်တယ်”
ရွှေမန်းက...
“ဒီလိုဆိုရင် ကျနော့်ကို သဲတစ်ပွင့် ချီးမြှင့်တော်မူပါ”
သိကြားမင်းပြန်ပြောလိုက်တာက...
“တဒင်္ဂလောက် စောင့်လိုက်ပါအုန်း”
No comments:
Post a Comment