ဥစ္စာရှာတဲ့သူက ဥစ္စာရပါတယ်။
ပညာရှာတဲ့သူက ပညာရပါတယ်။
တရားရှာတဲ့သူက တရားရပါတယ်။
ကုသိုလ်ရှာတဲ့သူက ကုသိုလ်တွေ ရပါတယ်။
ကိုယ်ယူထားတာကိုပဲ ကိုယ်ရလိုက်ပါတယ်။
အဲဒါတွေဟာ ခန္ဓာနဲ့လဲယူနေတာ၊
ခန္ဓာနဲ့ရင်းပြီးတော့ ယူနေရတာပါ။
မယူဘူးဆိုရင်လည်း ခန္ဓာကြီးကတော့ မနေဘူး။
တစ်ရွေ့ရွေ့နဲ့သေတဲ့ဘက်ဆီကိုသာ သွားနေတာပါ။
ဘာဘဲဖြစ်ဖြစ် သေဘက်ဆီကို နီးမသွားအောင်တော့ ဆွဲထားလို့မရပါဘူး။
++++++++
ကိလေသာတွေ ရှိနေတယ်ဆိုရင်
စိတ်ညစ်တာတွေ၊
စိတ်ဆင်းရဲတာတွေ၊
စိတ်ပင်ပန်းတာတွေ၊
မလွဲမသွေ ရှိနေပါလိမ့်မယ်။
+++++++++
တစ်ဘဝတာအတွက် ခဏသုံးနေကြရတာပါ။
ထာဝရကိုယ်ပိုင်တယ်လို့ ဘာတစ်ခုမှ မရှိပါဘူး။
တစ်ချိန်ချိန်ကျလို့ရှိရင် ဒီပစ္စည်းဒီဥစ္စာတွေ အားလုံးကို ချန်ထားခဲ့ရမှာပါ။
ကိုယ့်ကို စွန့်ချင်စွန့်သွားမယ်။
ကိုယ်ကလည်း ပစ္စည်းကို စွန့်ချင်စွန့်ရမယ်။
ထာဝရ ဆုပ်ထားကိုင်ထားလို့ မရပါဘူး။
+++++++++++++++++++++++
တစ်နေ့ကုန်သွားတယ်ဆိုတာ
အမှန်က သေဖို့တစ်ရက် နီးကပ်သွားတာပါ။
+++++++++++++
နေတဲ့ဘက်က တစ်ရက်လျော့ပြီး
သေတဲ့ဘက်ကို တစ်ရက်နီးကပ်သွားတာဟာ
အမှန်တရားပါပဲ။
+++++++++++
မခိုင်မြဲတာတွေကို အားကိုးနေရင်အားကိုးမဲ့တိုင်း အားကိုးရှာနေရမယ်ဆိုရင်
ပိုလို့ဒုက္ခသာများဖို့ပဲ ရှိတော့တာပေါ့။
++++++++++++++++
ကုသိုလ်ရှာချိန်မှာကုသိုလ်ရမှ ကိုယ့်အတွက် အမြတ်ကျန်ပါတယ်။
ကုသိုလ် မရရင် နှစ်ထပ်ရှုံးပါတယ်။
ကုသိုလ်မရလို့ ရှုံးတာကတစ်မျိုး။
တစ်ခြားတစ်ခြားအရေးကိစ္စတွေ မလုပ်နိုင်လို့ ရှုံးတာက
တစ်မျိုးဆိုတော့ နှစ်ထပ်ရှုံးပါတယ်။
+++++++++++++++++
ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ